bih.button.backtotop.text

အိတ်ခ်ျအိုင်ဗွီနှင့်အေအိုင်ဒီအက်စ်ကိုရှင်းပြခြင်း

նոյեմբերի 24, 2016

HIV နှင့် AIDS သည်ကမ္ဘာတ၀ှမ်းရှိ လူသေဆုံးမှုများကို ဉီးဆောင်နေသောအဓိက အကြောင်းအရင်းတစ်ခုပြီး လက်ရှိတွင် လူသားမျိုးနွယ်များအတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ ၂၀၁၅ ခုနှစ်၏ နှစ်ကုန်အထိ ကမ္ဘာတစ်၀ှမ်းတွင်  HIV နှင့် AIDS ‌‌ဝေဒနာရှင် ၃၆.၇ သန်းရှိကြောင်းသိရှိရသည်။
 

 

HIV ဆိုတာဘာလဲ၊ AIDS ဆိုတာဘာလဲ?။

AIDS ဆိုသည်မှာ HIV ကူးစက်မှု၏နောက်ဆုံးအဆင့်ဖြစ်သည်။ HIV (human immunodeficiency virus) သည် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS (acquired immune deficiency) သည် HIV ကူးစက်ခြင်းမှ ဖြစ်လာသောရောဂါအခြေအနေတစ်ခုဖြစ်သည်၊ ခုခံအားစနစ် ပြင်းထန်စွာကျဆင်းပျက်စီးလာ သောအခါတွင် လူတစ်ဦးမှာရောဂါပိုးကိုမတိုက်ထုတ်နိုင်ပဲ ဖြစ်ပေါ်လာြခင်းဖြစ်သည်။
လူတစ်ဦးသည် HIV ဗိုင်းရပ်စ်ပိုးကူးဆက်သော်လည်း AIDS ရောဂါလုံးလုံးဖြစ်သွားရန်မလိုအပ်ပါ။

 

HIV နှင့် AIDS ၏လူ့ခန္ဓာကိုယ်အားသက်ရောက်မှုများ။

HIV ပိုးသည် ခန္ဓာကိုယ်အားကူးစက်ပြီးသည်နှင့် ခုခံအားစနစ်ကိုတိုက်ရိုက် တိုက်ခိုက်ကာ ကျူးကျော်၀င်လာသော ရောဂါများကို ခုခံကာကွယ်နိုင်ခြင်းတဖြည်းဖြည်းအားနည်းသွားပါသည်။ နောက်ဆုံးတွင် ဗိုင်းရပ်စ်ပိုးသည် ခန္ဓကိုယ်တစ်ခုလုံးကို တိုက်ခိုက်သွားမည်ဖြစ်သည်။
 
HIV သည်ရောဂါများနှင့် ဗိုင်းရပ်စ်ပိုးများကိုတိုက်ထုတ်သည့် CD4 ဆဲလ်ဟုခေါ်သော ခန္ဓာကိုယ်အတွင်းရှိ သီးခြားဆဲလ်များကိုပစ်မှတ်ထားပါသည်။ CD4 ဆဲလ် (T-helper cells ဟူလည်းခေါ်သည်) များသည် ကိုယ်ခံအားစနစ်၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်ပြီး ၄င်း၏လုပ်ငန်းစဉ်များအတွက်အရေးကြီးသော သွေးဖြူဥများဖြစ်ပါသည်။ ၄င်းအားဖြင့် လူများသည်အားနည်းသောကိုယ်ခံအားစနစ်များဖြစ်ပေါ်လာပြီး ဖျားနာမှုများကို ခံနိုင်ရည်မရှိပဲ ကျန်းမာသောကိုယ်ခံအားစနစ်ရှိသူများမှာထိုဖျားနာခြင်းများကိုပို၍ရှောင်ရှား နိုင်စေသည်။
 
HIV ပိုးကူစက်မှုနှင့် ခန္ဓကိုယ်အပေါ် သက်ရောက်မှုများမည်မျှမြန်ခြင်းသည် လူတစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ တစ်ကိုယ်‌ရေကျန်းမာရေးနှင့် အသက်အရွယ်စသည့်အကြောင်းအရင်းများသာမကပဲ ကူးစက်မှုအားစိစစ်ပြီးသည့် နောက်တွင် ကုသမှုအားမည်မျှလျှင်မြန်စွာရှာခဲ့ခြင်းများအပေါ်မူတည်ပါသည်။ အချို့လူများသည် HIV ကူစက်ပြီး သည့်နောက်တွင် AIDS အဖြစ်သို့ပြောင်းသွားခြင်းမရှိပဲ နှစ်ပေါင်းများစွာ‌အသက်ရှင်နေထိုင်နိုင် ကြသည်။
 
HIV ကူစက်ပြီး သည့်နောက် AIDS သို့လျှင်မြန်စွာပြောင်းသွားနိုင်သောနောက်ထပ်အကြောင်းအရင်းများမှာ မျိုးရိုးဗီဇ ရာဇ၀င်၊ အသက်ကြီးခြင်း၊ အာဟာရချို့တဲ့ခြင်း (သို့) အသည်းရောင်အသား၀ါ C ပိုး သို့မဟုတ် တီဘီရောဂါကဲ့သို့သော အခြားသောရောဂါများပူးတွဲကူစက်ခြင်းများပါ၀င်ပါသည်။

 

HIV ကူးစက်ခြင်း

HIV ပိုးအား သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်နှင့် မိခင်နို့မှပင်လျှင်ကူးစက်နိုင်ပါသည်။ များသောအားဖြင့် ဤဗိုင်ရပ်စ်ပိုးသည် လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ပေါင်းသုံးခြင်း သို့မဟုတ် မိခင်မှကလေးသို့ ကိုယ်၀န်ဆောင်စဉ်ကူးစက်ခြင်းများကြောင့် တခြားသူများထံကူးစက်ကြပါသည်။
 
လူများသည် အန္တရာယ်ကင်းသောလိင်ဆက်ဆံခြင်းအားအမြဲတမ်းကျင့်သုံးရန်နှင့် ဆေးကုသရန်သွားခြင်းဖြစ်စေ အပန်းဖြေရန်ဖြစ်‌စေ မသန့်ရှင်းသောဆေးထိုးအပ်များနှင့်ထိတွေ့ခြင်းများရှောင်ရှားခါ လိုအပ်သလောက်  ကြိုတင်ကာကွယ်မှုများ ရှိရန်အ‌ရေးကြီးပါသည်။
 
HIV ကူးစက်ခြင်းနှင့် ပတ်သက်ပြီး လူအများ၏ အထင်အမြင်လွဲမှားမှုအချို့ မှာ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ နှာချေခြင်း၊ အိမ်သာအတူသုံးခြင်း၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဓါး၊ ကတ်ကြေးစသည့် ဖြတ်တောက်နိုင်သောပစ္စည်းများအတူသုံးခြင်း၊ သို့မဟုတ် အခြားသော သာမန်ကာလျှံထိတွေ့မှုများဖြစ်ကြပြီး ဤအရာများသည် ရောဂါမကူးစက်နိုင်ပါ။

 

HIV ကူးစက်မှုအဆင့် ၃ ဆင့်

အသည်းအသန်ကူးစက်မှုအဆင့် (Acute HIV Infectious) သည် HIV ကူးဆက်ခြင်းပထမအဆင့် ဖြစ်သည်။ ကူးဆက်မှု၏ ၂ - ၄ ပတ်နောက်ပိုင်းတွင်ဖြစ်သည်။ ဤအဆင့်တွင် လူအများစုသည်အအေးမိဖျားနာ ကဲ့သို့သော ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အကျိတ်များရောင်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ အဖုအပိမ့်များထွက်ခြင်း နှင့် ခေါင်းကိုက်ခြင်းလက္ခဏာများကို ခံစားရပါသည်။ ဤလက္ခဏာများကို acute retroviral syndrome ( သို့ ) ARS ဟုခေါ်ပြီး HIV ပိုးကူးစက်ခြင်းကို ခန္ဓာကိုယ်မှတုံ့ ပြန်ချိန်တွင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 
 
ဤအဆင့်တွင် ခန္ဓာကိုယ်အတွင်းပိုးကောင်ရေများစွာပွားပြီး ခန္ဓာကိုယ်အတွင်းရှိ CD4 ဆဲလ်များ သိသာထင်ရှားစွာကျဆင်းပါသည်။ ဤအချိန်တွင် HIV ပိုးပြန့်ပွားနိုင်ခြေအလွန်မြင့်မားပါသောကြောင့် ကူးဆက်မှုအန္တရာယ်များကိုလျှော့ချနိုင်ရန် လိုအပ်သောကြိုတင်ကာကွယ်မှုတိုင်းကိုပြုလုပ်ရန်အရေးကြီးပါသည်။
 
သို့သော် ထိုအသည်းအသန်ကူးစက်မှုအဆင့်နောက်ပိုင်းတွင် ဗိုင်ရပ်စ်ပိုးများသည်ငြိမ်နေသောအဆင့်သို့  ရောက်သွားရန် ခုခံအားစနစ်မှလုပ်ဆောင်သွားပါမည်။ ဤအဆင့်ကို viral set point ဟုခေါ် ပြီး ခန္ဓာကိုယ် အတွင်းရှိဗိုင်းရပ်စ်ပိုးပမာဏသည်ငြိမ်နေပြီး CD4 ဆဲလ်ပမာဏများတစ်ဖန်ပြန်လည်တိုးပွား လာြခင်းဖြစ် သော်လည်း ကူးစက်မှုမတိုင်မီအဆင့်အထိပြန်မရောက်နိုင်ပါ။
 
နော်တစ်ဆင့်မှာ ( Clinical Latency Stage ) ဗိုင်းရပ်စ်ပိုးများခန္ဓာကိုယ်အတွင်းရှိနေသော်လည်း ရောဂါလက္ခဏာများမပေါ်သေးသော သို့မဟုတ် အနည်းငယ်သောလက္ခဏာရှိသောအဆင့်ဖြစ်သည်။ ဤအဆင့်အားတစ်ခါတစ်ရံတွင် HIV ကူးစက်ခြင်းနာတာရှည်အဆင့် ( chronic HIV infection ) သို့မဟုတ် လက္ခဏာမရှိပဲပိုးကူးစက်သည့်အဆင့် ( ‌asymptomatic HIV infection ) ဟုခေါ်ပါသည်။ ဤအဆင့်တွင် ဗိုင်ရပ်စ်ပိုးများသည် ဆက်လက်တိုးပွားနေမှာြဖစ်သော်လည်း တိုးပွားသည့်အဆင့် နည်းပါသည်။ ဤအဆင့်သည်များသောအားဖြင့် ၁၀ နှစ်အထိကြာမြင့်သော်လည်း အချို့သောလူနာများတွင် ‌‌ရောဂါပိုးတိုးပွားမှု ပိုမိုမြန်ဆန်နိုင်ပါသည်။
 
AIDS သည်နောက်ဆုံးအဆင့်ဖြစ်သည်။  HIV ကူးစက်ခြင်းမှတဆင့် AIDS အဖြစ်သို့တိုးပွားခြင်း။
ကျန်းမာသောခုခံအားစနစ်တွင် CD4 ဆဲလ်ပမာဏ ၅၀၀ မှ ၁၆၀၀ ထိရှိနေချိန်တွင် AIDS ရောဂါသည်တစ်ဦးတွင် CD4 ဆဲလ်ပမာဏ ၂၀၀ အောက်မှာရှိပါသည်။ ဤအခိုက်အတန့်တွင် ခုခံအားစနစ်မှာ ဆိုးရွားစွာဖျက်စီးခြင်း ခံရပြီး ( opportunistic infections ) အခွင့်ကောင်းယူကူးစက်ရောဂါများ၀င်ရောက်လာရန်အခွင့်အရေးရှိလာမှာ ဖြစ်ပြီး ခုခံအားကောင်းသောသူများတွင် ရောဂါမဖြစ်နိုင်သော pathogens ပိုးအားဖြင့် ခုခံအားမကောင်း‌သော သူများတွင် ရောဂါပိုးအားမတိုက်ထုတ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်းပိုးကူးစက်ခံထားပြီးသောသူသည်  CD4 ဆဲလ်အရေအတွက် မည်မျှရှိသည်ဖြစ်စေ အခွင့်ကောင်းယူကူးစက်ရောဂါတစ်ခု နှင့် အထက်ရှိသူများအား AIDS ရှိသည်ဟုယူစပါသည်။

 

AIDS လက္ခဏာများ

AIDS လက္ခဏာများမှာ -
  • အဆုတ်ရောင်။ 
  • မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အခြားအာရုံကြောဆိုင်ရာချို့ယွင်းမှုများ။
  • တစ်ပတ်ကြော်ကြာရှည်စွာ၀မ်းလျှောြခင်း
  • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။
  • မကြာခဏအဖျားရှိခြင်း။
  • ညအချိန်ချွေးထွက်ခြင်း။
  • ကိုယ်အလေးချိန်မြန်ဆန်စွာကျခြင်း။
  • အရေပြားအပေါ်၊ ပါးစပ်အတွင်း၊ နှာခေါင်းအတွင်း၊ မျက်ခွံအပေါ်တွင် အဖုအပိမ့်များထခြင်း။
  • လိင်အင်္ဂါနှင့် စအိုတွင်အနာပေါက်ခြင်း။
  • ချိုင်းကြားနှင့် ပေါင်ခြံများတွင် သားနံရည်ကြိတ်များရောင်ခြင်း။


AIDS လက္ခဏာများသည် AIDS မဟုတ်သောအခြားရောဂါလက္ခဏာများလည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် HIV ကူးစက်ခြင်းရှိမရှိသိစေရန်အကောင်းဆုံးနည်းလမ်းမှာ HIV စစ်ဆေးမှုပြုလုပ်ခြင်းဖြင့်အတည်ပြုနိုင်ပါသည်။

 

HIV ကူးစက်ခြင်းနှင့် AIDS အားကုသခြင်း

လက်ရှိအချိန်တွင် HIV ကူးစက်ခြင်းနှင့် AIDS အားပြောက်ကင်းရန်ကုသနိုင်ခြင်းမရှိသေးပါ၊ သို့သော်လည်း HIV ကူးစက်ခြင်းလက္ခဏာများကိုကုသပေးရန်ဆေးများရှိပါသည်။
 
HIV ကူးစက်ခြင်းနှင့် AIDS အားကုသရန် ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုပြီးသောဆေး၀ါး ၂၅ မျိုးအထက်ရှိပြီး antiretroviral drugs (ARV) ဟုခေါ်ပါသည်။ HIV ပိုးအရည်အတွက်ပွားများခြင်းကိုတားစည်းခြင်းအပြင် အခြားသူအားကူးစက်ခြင်းအန္တရာယ်ကိုလျှော့နည်းစေပါသည်။
 
HIV ကုသမှုတွင်ပိုးကူးစက်ခြင်းကိုတိုက်ခိုက်ရန်  ARV ဆေး၀ါးများ‌ပေါင်းစပ်ပါ၀င်ပါသည်။ ဤသည်ကို Antiretroviral Therapy (ART) ဟုခေါ်ပါသည်။ ဤကုထုံးသည် ဗိုင်းရပ်စ်ပိုးကောင်ရည် မတိုးပွားရန်ထိန်းချုပ် ကုသခြင်းဖြစ်သည်။ ရောဂါပိုးရှိသူအား အသက်ပိုရှည်စေနိုင်ပါသည်။ ထိုအပြင် အခြားသူများအားကူးစက်ခြင်း အန္တရာယ်ကိုလျှော့နည်းစေပါသည်။ လက်ရှိတွင် HIV ရောဂါပိုးရှိသူတိုင်းအား ART ကုထုံးဖြင့်စတင်ကုသရန်အကြံပြုထားပါသည်။

အကယ်၍တစ်စုံတစ်ယောက်သည် လွန်ခဲ့သော ၇၂ နာရီ (၃ ရက်) အတွင်း HIV အားထိတွေ့မိသည်ဟုစိုးရိမ်ပါက ARV ဆေး၀ါးများကို ရောဂါပိုးကူးစက်နိုင်ခြေလျှော့စေရန် (post-exposure prophylaxis (သို့) PEP) အသုံးပြုနိုင်ပါသည်။  ထိရောက်မှုရှိစေရန် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ပြီးနောက် ၃ ရက်အတွင်းတတ်နိုင်သမျှ အမြန်ဆုံးသောက်သုံးသင့်ပါသည်။


ထို့အပြင် ARV ဆေး၀ါးများကို HIV မကူးစက်သေးသောသူများဖြစ်သော်လည်း ကူးစက်မှုအန္တရာယ်များသော နေထိုင်မှုရှိသူများအတွက် ကြိုတင်ကာကွယ်ချင်သူများအတွက် ( Pre-exposure Prophylaxis (သို့ ) PrEP ) ရွေးချယ်နိုင်သောနည်းဖြစ်သည်။ ၄င်းတွင် တစ်နေ့လျှင်ဆေးတစ်လုံးသောက်ရပါမည်။

 

စစ်ဆေးမှုရရှိရန်အဘယ်ကြောင့်အရေးကြီးသနည်း။

မည်သည့်အကြောင်းအရာကြောင့်ဖြစ်စေ သင်သည် HIV နှင့်ထိတွေ့မိသည်ဟုစိုးရိမ်ပါက စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။ စစ်ဆေးမှုမှာ မြန်ဆန်ပြီးလွယ်ကူပါသည်၊ အချို့သော နေရာများတွင် အခမဲ့စစ်ဆေး ပေးပါသည်။
HIV ပိုးကူးစက်မှုခံရခြင်း ရှိမရှိသိနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်ဆေးမှုပြုလုပ်ရန်ဖြစ်သည်။ စောစီးစွာ စစ်ဆေးမှုပြုလုပ်ခြင်းသည် မသိခြင်း၏စိုးရိမ်ပူပန်မှုများကိုလျှော့ချပေးပြီး မှန်ကန်သောကုသမှုများရရှိရန် လမ်းများဖွင့်ပေးခြင်းဖြစ်သည်။


ကူစက်ခြင်းခံရပါက စောစီးစွာရောဂါရှာဖွေတွေ့ရှိခြင်းသည် သင်၏အိမ်ထောင်ဖက်နှင့်သင်ဂရုစိုက်သော သူများ၏ကျန်းမာရေးကိုစောင့်ရှောက်နိုင်စေရန်ဖြစ်သည်။ ကူးစက်မှုရှိခဲ့သည်ဟုအဖြေရခဲ့ပင်လျှင် သေချာသိရှိခြင်းအားဖြင့်သာ တတ်နိုင်သမျှကျန်းမာအောင်ကြိုးစားပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။



By Dr. Anuwat Keerasuntonpong , Infectious Disease Specialist, Medical Center, Bumrungrad Hospital


ကျွန်ုပ်သည် HIV နှင့် AIDS အကြောင်းအားပိုမိုသိရှိလိုပါသည်။ :  Ask us a question
ကျွန်ုပ်သည် ဆေးဘက်ဆိုင်ရာဌာနမှ ကူးစက်ရောဂါအထူးကုဆရာ၀န်နှင့်ရက်ချိန်းယူချင်ပါသည်။ : Make an appointment

For more information please contact:
  • Medical Clinic
    Tel: +66 2011 2222