bih.button.backtotop.text

အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်း (Microdiscectomy)

ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်း သည် ဖိမိနေသောအာရုံကြောမကြီးနှင့် အာရုံကြောများလွတ်သွားစေရန် ကျွံထွက်နေသောရိုးဆက်ချပ်ပြားဝိုင်းအား အကုန်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်းဆိုသည်မှာ ကျွံထွက်နေသောရိုးဆက်ချပ်ပြားဝိုင်းမှ အစများကိုခွဲစိတ်ဖယ်ထုတ်ရန် အဏုကြည့်မှန်ပြောင်းကိုသုံးသည့် ထိုးထွင်းဝင်ရောက်မှုနည်းသော ခါးရိုးခွဲစိတ်မှုတစ်မျိုးဖြစ်သည်။

ဘယ်လိုပြုလုပ်ပါသလဲ။

အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်း အား မှိန်းစေသည့်ဆေးထိုးပြီး ထုံဆေးဖြင့်ခွဲစိတ်ပါသည်။ ထို့ကြောင့် ခွဲစိတ်နေစဉ် သင်အသိရှိနေပါမည်။ မေ့ဆေးသုံးရသည်လည်း ရှိနိုင်ပါသည်။ သေးငယ်သောခွဲစိတ်ရာ (၂ လက်မခန့်) လေးအား နောက်ကျောဘက်မှ ခါးရိုးဆစ်များအကြား ပြုလုပ်ပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်သည် ခါးကြွက်သားများအား ဘေးသို့ဖယ်ပါသည်။ ခွဲစိတ်ကိရိယာများတပ်ဆင်ထားသည့် ကွေးနိုင်၊ ဆန့်နိုင်သော မြင်အားကောင်းမှန်ပြောင်းလေးအား ကျွံနေသောရိုးဆက်ချပ်ပြားဝိုင်းအစများကိုဖယ်ရှားရာတွင် ဆရာဝန်အားလမ်းညွှန်နိုင်ရန် အသုံးပြုပြီး ခါးရိုးခွဲစိတ်မှုပြုလုပ်ပါသည်။

အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်း အား ကျွံထွက်နေသောချပ်ပြားဝိုင်းမှ အာရုံကြောကိုဖိမိနေသဖြင့် ခြေထောက်နာကျင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့အတွက်ကုသရန် အသုံးပြုပါသည်။

ယခုကဲ့သို့ ခါးရိုးခွဲစိတ်ခြင်းမှရသော နောက်ဆက်တွဲပြဿနာများသည် အဖြစ်နည်းပြီး မဆိုသလောက်သာဖြစ်တတ်ပါသည်။ သို့သော် မည်သည့်ခါးရိုးခွဲစိတ်မှုမျိုးတွင်မဆို အောက်ပါတို့အပါအဝင် အခြားအန္တရာယ်များရှိတတ်ပါသည်။

  • အာရုံကြောအရင်းပိုင်းထိခိုက်ပြီး ခြေထောက်ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်း
  • အာရုံကြောများနှင့် အာရုံကြောမကြီးတို့၏အပေါ်မှအုပ်ထားသောအလွှာ ထိခိုက်ပျက်စီးခြင်း
  • ခွဲစိတ်ထားသော ရိုးဆက်ချပ်ပြားဝိုင်းပြန်ကျွံခြင်း
  • ခွဲစိတ်ပြီး နာကျင်မှုကျန်ခြင်း သို့မဟုတ် ပိုဆိုးလာခြင်း
  • ထုံဆေး၊ မေ့ဆေးမတည့်ခြင်း

ခါးခွဲစိတ်မှုမတိုင်မီနှင့်ခွဲပြီးနောက် ဆရာဝန်မှပေးသောညွှန်ကြားချက်များအား လိုက်နာခြင်းဖြင့် ခွဲစိတ်မှုကြောင့်ရလာနိုင်သည့် အန္တရာယ်များကို လျော့နည်းစေနိုင်ပါသည်။

ခွဲစိတ်ဆရာဝန်အနေဖြင့် အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်းအပြင် အခြားကုသနည်းများဖြစ်သည့် ကိုယ်အလေးချိန်ချခြင်း၊ နာကျင်မှုသက်သာစေသောဆေးများပေးခြင်း၊ ခါးဆေးထိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့အား ပြောပြပါမည်။ အခြားခွဲစိတ်နည်းလမ်းများလည်း ပြောပြနိုင်ပါသည်။

အဏုစိတ်ရိုးဆက်ချပ်ပြားဝိုင်းခွဲစိတ်ခြင်းအတွက် သင့်တော်သောလူနာများမှာ ရိုးဆက်ချပ်ပြားဝိုင်းကျွံနေပြီး ခါးရိုးရှိအာရုံကြောများအား အနှောင့်အယှက်ဖြစ်နေသောသူများဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးမှုနှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ပြီးပါက ခွဲစိတ်ဆရာဝန်အနေဖြင့် ခွဲစိတ်ရန်သင့်တော်၊ မသင့်တော်ကို ဆုံးဖြတ်ပေးပါလိမ့်မည်။

Doctors Related

Related Centers

Related Packages

Rating score 8.33 of 10, based on 6 vote(s)

Related Health Blogs