You're been inactive for a while. For security reason, we'll automatically sign you out from our website. Please Click "Login" to extend your session
ကျွံနေသော ရိုးဆက်ချပ်ပြားဝိုင်း
ဆရာဝန်ရှာရန်
ကျန်းမာရေးစစ်ဆေးခြင်း
ရက်ချိန်းယူရန်
ခါးနှင့် ခြေထောက်နာကျင်ခြင်းသည် ရိုးဆက်ချပ်ပြားဝိုင်းကျွံခြင်း၏ လက္ခဏာများဖြစ်သည်။ ခါးနာခြင်းသည်သာ ဖြစ်တတ်သောလက္ခဏာဟု လူအများထင်ထားသော်လည်း ခြေထောက်နာကျင်ခြင်းသည် အာရုံကြောအရင်းဖိမိခြင်း၏ အဆိုးရွားဆုံးနှင့်တိကျသောလက္ခဏာ ဖြစ်သည်။ ထွက်ကျနေသော ရိုးဆက်ချပ်ပြားဝိုင်းသည် အလွန်ရောင်ရမ်းနေသဖြင့် နာကျင်မှုကိုဖြစ်စေသည်။
ခါးနာခြင်းလက္ခဏာများ။ ခါးနာခြင်းသည် ခန္ဓာကိုယ်၏တစ်ခြမ်း သို့မဟုတ် နှစ်ခြမ်းလုံးတွင် ဖြစ်တတ်သည်။ အထူးသဖြင့် ထိုင်နေစဉ် သို့မဟုတ် ရှေ့သို့ကုန်းသည့်အချိန်တွင် ရိုးဆက်ချပ်ပြားဝိုင်းများပေါ်ကျရောက်သောအားကြောင့် ဖြစ်သည်။
ခြေထောက်နာကျင်ခြင်း။ လူနာများသည် ခြေထောက်တွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ ဖြစ်တတ်သည်။
ကျွံထွက်နေသောရိုးဆက်ချပ်ပြားဝိုင်းကြောင့် ခြေထောက်နာကျင်ခြင်း သို့မဟုတ် ဖိမိနေသည့်အာရုံကြောနှင့်ဆက်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ထုံကျင်ခြင်းဖြစ်တတ်သည်။ နာကျင်မှုသည်ခါးလောက်တွင်စပြီး ပေါင်၊ ခြေသလုံး၊ ခြေထောက်၊ ခြေချောင်းများအထိ ရောက်တတ်ပါသည်။ နာကျင်မှု သို့မဟုတ် ထုံကျင်မှုနှင့်အတူ ခြေထောက်ကြွက်သားများ အားနည်းခြင်းသည် အာရုံကြောများဖိမိခြင်းကြောင့် ဖြစ်သည်။
Related Treatments
Doctors Related
Related Centers
ဖုန်းဆက်၍ရက်ချိန်းယူရန်
စုံစမ်းမေးမြန်းရန်