bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

Հնս 25 2020

သီချင်းချစ်သောသူမအတွက် : ကင်ဆာကို ရိုက်ခတ်သော သီချင်း

Nguyen Thi Man သည် စဉ်ဆက်မပြတ် အမြဲကြိုးစားလုပ်ရမည့်အရာတစ်ခုကို ရွေးချယ်ရမည်ဆိုပါက ၄င်းအရာသည် သီချင်းဆိုခြင်း ဖြစ်လိမ့်မည်။ ဗီယက်နမ်နိုင်ငံမှ အသက် ၅၃ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်သည် အဆုတ်ကင်ဆာမှ ပျော်ရွှင်မှုကို ခြိမ်းခြောက်နေသော်လည်း စင်မြင့်ပေါ်သို့ တက်သည့်အချိန်တိုင်း ပြုံးရွှင်ရယ်မောခြင်း မရှိဘဲ မနေနိုင်ပါ။

Read More
Հնս 15 2020

မိမိစိတ်တိုင်းကျခွဲစိတ်ကုသခြင်း : သင့်ကျန်းမာရေးအတွက် ကိုယ်တိုင်းချုပ်ဝတ်စုံ

“ကျမ မကျော်လွှားနိုင်တာမှန်သမျှကို ဘယ်တော့မျှ မစဉ်းစားဘူး” ဟု Bumrungrad ဆေးရုံ Horizon ဒေသဆိုင်ရာ ကင်ဆာဌာန အထွေထွေခွဲစိတ်ကုဆရာဝန် ဒေါက်တာ Piyawan Kensakoo မှပြောသည်။ “လူနာတဦးချင်းစီမှာ ကွဲပြားခြားနားကြပါတယ်။ သူတို့ရဲ့အခြေအနေနဲ့ လိုက်ဖက်တဲ့ခွဲစိတ်မှုကို ကျမတို့အတတ်နိုင်ဆုံးလုပ်ဖို့က ကျမတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့က သူတို့အတွက် သင့်လျော်တဲ့ အကောင်းဆုံးကုသမှု ဖြစ်စေချင်လို့ပါ။ အဲဒါမှ သူတို့ရဲ့ ကျန်းမာရေးကေင်းတဲ့ ဘဝကို ပုံမှန်ပြန်ရောက်သွားနိုင်မှာပါ။”

Read More
Հնս 01 2020

လူနာလမ်းညွှန် : ဆေးကုသစောင့်ရှောက်မှု ရှေ့တန်းဆောင်ရွက်မှု

“စောင့်ဆိုင်းချိန်ဟာ လူနာများအတွက် အလွန်သိမ်မွေ့တဲ့အရာတစ်ခုဖြစ်ကြောင်း ကျမတို့ သိပါတယ်။ လူနာတွေကို အချိန်အလွန်ကြာမြင့်စွာ အစောင့်ခိုင်းရင် သူတို့မှာ စိုးရိမ်ပူပန်မှု ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့မှာ သင့်တော်တဲ့ ကုသစောင့်ရှောက်မှုအဆင့် မရရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် စောင့်ဆိုင်းချိန် စီမံခန့်ခွဲရေးကဏ္ဍက ကျမတို့ရဲ့ ထိပ်ဆုံးဦးစားပေးအရာတစ်ခု ဖြစ်ရခြင်း ဖြစ်ပါတယ်။” ဤပြောကြားချက်များသည် Horizon ဒေသဆိုင်ရာကင်ဆာဌာနမှ လူနာလမ်းညွှန်ဝန်ထမ်း Panitta Suvannapaph ၏ စကားများ ဖြစ်ပါသည်။

Read More
Մյս 21 2020

မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်း : ဓာတ်ခွဲခန်းမှပုံပြင်တစ်ခု

“ကင်ဆာမျိုးရိုးဗီဇပြောင်းလဲမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး တိတိကျကျ သိ်နိုင်ဖို့ ကျမတို့ အတော်ကြိုးပမ်းခဲ့ပါတယ်။ ကျမတို့ရဲ့ လူနာတွေကို အချိန်မီ မှန်ကန်တဲ့ရောဂါကုသမှုက အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကျမတို့ရဲ့ ဓာတ်ခွဲခန်းမှာ အကောင်းဆုံးနဲ့ နောက်ဆုံးပေါ် ပစ္စည်းကိရိယာများရှိအောင် လုပ်ဆောင်ခြင်းက ပြင်ပဓာတ်ခွဲခန်းကို ကျမတို့ ပေးပို့စစ်ဆေးခြင်းထက် ပိုလျှင်မြန်တဲ့စစ်ဆေးချက်အဖြေ ရရှိစေပါတယ်။ မိနစ်တိုင်းက ကင်ဆာလူနာတစ်ယောက်အတွက် တန်ဖိုးရှိပါတယ်။” ဤစကားများသည် Bumrungrad ဆေးရုံ အကြီးတန်းဓာတ်ခွဲခန်းမန်နေဂျာ Wipa Panmontha Ph.D ၏ပြောစကားများ ဖြစ်ပါသည်။

Read More
Մյս 05 2020

ကိုရိုနာဖြစ်ပွားချိန် ကင်ဆာရောဂါပြုစုစောင့်ရှောက်ခြင်း : ဘာလုပ်ရမည်နည်း ဘာမျှော်လင့်ရမည်နည်း စိတ်တည်ငြိမ်စွာထား၍ ဆက်လက်လုပ်ဆောင်ပါ : ကိုဗစ်-၁၉ ဖြစ်ပွားချိန်အကြား ကင်ဆာရောဂါပြုစုစောင့်ရှောက်ခြင်း

စာရင်းကိန်းဂဏန်းများအရ ကျွန်ုပ်တို့၏ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် ထိမ်းသိမ်းစောင့်ရှောက်ပြီး အခြားဖျားနာမှုများ မရှိသရွေ့ ကိုဗစ်-၁၉ ကူးစက်နိုင်မှုအခွင့်အလန်းများ သို့မဟုတ် ပြင်းထန်သောရောဂါလက္ခဏာဖြစ်ပွားမှု အတော် နဲပါးသည်။ သို့သော်လည်း ကင်ဆာရောဂါရှိသူများအတွက် ရောဂါနှင့် ကုသမှုများကြောင့် ကိုယ်ခံစွမ်းအားစနစ်သည် ကျဆင်းသွားစေနိုင်သည်။ ထို့ကြောင့် ကင်ဆာလူနာများသည် မိမိကိုယ်မိမိ ယခင်ကထက်ပို၍ ဂရုစိုက်ရန် လိုအပ်သည်။ အကြောင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၄င်းတို့အတွက် ပိုမိုဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ကိုဗစ်-၁၉ ကြောက်ရွံ့ခြင်းကြောင့် ကုသမှုဆက်လက်ခံယူရန် သို့မဟုတ် အရေးပေါ်ဖြစ်ပွားပါက ဆေးရုံသွားရန် မကြောက်ရွံ့ပါနှင့်။ သင်သည် စိတ်တည်ငြိမ်စွားထားရှိသရွေ့ ကိုရိုနာကူးစက်မှုဖြစ်ပွားနေချိန်တွင်ပင်လျှင် သင့်အနေဖြင့် ကင်ဆာရောဂါကုသမှုကို ဆက်လက်ရင်ဆိုင် လုပ်ဆောင်နိုင်ပါသည်။

Read More
Ապր 22 2020

ကိုယ်ခန္ဓာအရည်ဓာတ်ခွဲစစ်ဆေးခြင်း : အဆုတ်ကင်ဆာကုသမှုအတွက် တွဲဖက်ဖော်အသစ်

ကင်ဆာရောဂါ ဓာတ်ခွဲစစ်ဆေးမှု အတည်ပြုရန် အချိန်အကြာမြင့်ဆုံး အသေချာဆုံးနည်းမှာ ဖြစ်ပွားသည့်နေရာမှ တစ်သျှူးဓာတ်ခွဲစစ်ဆေးခြင်းဟု လူသိများသည့် အသားစ ဖြတ်ယူစစ်ဆေးခြင်း ဖြစ်သည်။ အချို့သောဓာတ်ခွဲစစ်ဆေးမှုများ ဥပမာ အချို့သော အဆုတ်ကင်ဆာအမျိုးအစားများအတွက် X-rays သို့မဟုတ် MRI ရိုက်ခြင်းသည် တိကျသောဓာတ်ခွဲစစ်ဆေးမှုအတွက် လုံလောက်ပြီး ဆရာဝန်များသည် အကောင်းဆုံးကုသမှု ဆုံးဖြတ်ရန် အသေးစိတ်အချက်အလက်များ ထပ်မံလိုအပ်သည်။

Read More
Ապր 07 2020

ဘဝ၏ကြေးမုံ : ကင်ဆာရောဂါလွတ်မြောက်သူထံမှ ရောင်ပြန်ဟပ်မှုများ

“ကျမရဲ့ မောင်လေးမှာ ဖြစ်နေတာတွေက ကျမရဲ့ဘဝကို ပုံရိပ်ထင်ဟပ်နေပါပြီ။ သူ့ကို ကျမလုပ်ခဲ့သလို ကင်ဆာရောဂါ မခံစားစေချင်ပါဘူး။ ကျမ သူ့ကို ကင်ဆာရောဂါပျောက်ကင်းအောင် တတ်နိုင်သမျှ လုပ်ရပါမယ်။” ဤပြောစကားများသည် ကမ္ဘောဒီးယားနိုင်ငံမှ ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ Srey Ly ၏ ပြောကြားချက် ဖြစ်ပါသည်။ သူမ၏မိသားစုတွင် ကံကြမ္မာသည် အလွန်အရေးပါသောဂိမ်းတစ်ခု ကစားနေသည်ဟု ထင်ရသည်။ သူမတွင် နှာခေါင်းကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် သူမ၏မောင်တွင်လည်း အလားတူလိုက်လံဖြစ်ပွားခဲ့သည်။

Read More
Մրտ 30 2020

နှလုံးသား၏စွမ်းအင်များ : ကျမတို့၏ ကင်ဆာကုသရေးသူနာပြုများမှ ပေးသောနွေးထွေးမှုနှင့်လက်များ

“ကျမတို့ ကင်ဆာလူနာတွေကို ပြုစုစောင့်ရှောက်တဲ့အခါ လုပ်ဆောင်ရ အခက်ခဲဆုံးအရာက ဓာတုကုထုံးအတွက် သွေးကြော ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဆေးထိုးခြင်းနဲ့ သွေးကြောဆလိုင်းသွင်းခြင်း အကြိမ်ပေါင်းများစွာ ခံခဲ့ရပြီး ကျန်ရှိတဲ့ သွေးကြောတွေကလဲ နဲပါး ဝေးကွာနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့က ဆရာဝန်တွေကို ဆေးကုသမှု စီမံခန့်ခွဲရေးအတွက် ဗဟိုသွေးပြန်ကြောလိုင်းစနစ်ကို ရွေးချယ်ဖို့ တိုက်တွန်းရခြင်းဖြစ်ပြီး သူတို့ရဲ့ နာကျင်ခံစားမှုကို အနည်းဆုံးသို့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။” ၄င်းသည် Horizon ဒေသဆိုင်ရာကင်ဆာဌာန ကင်ဆာကုသရေးသူနာပြုမန်နေဂျာ Kannika Boonprachom ၏ ရေရှည်

Read More
Փտվ 12 2020

Life is Beautiful | Myanmar Signature : The Untold Story

Life is Beautiful - Reveal the untold story of Mrs Chit Chit, 95 years old, who once dream of being a famous woman but unfortunately the war happened. Let’s see how her life unfolds.

Read More