bih.button.backtotop.text

ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်မှ စစ်ဆေးချက်များအတွက် ရှင်းလင်းခြင်း

အောက်ဖော်ပြပါများသည် ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များတွင် ပါဝင်သော စစ်ဆေးချက်များစာရင်း ဖြစ်ပါသည်။ ဤစစ်ဆေးချက်များသည် သင့်ကိုယ်ခန္ဓာ၏ လက်ရှိအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်စေရန် ဖြစ်သည်။ ဤစစ်ဆေးချက်များ၏ ရလဒ်များအပေါ်မူတည်၍ ပြဿနာရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် အထူးစစ်ဆေးချက်များ ပြုလုပ်ခြင်း (သို့) အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ပြီးအခါ ယခုစစ်ဆေးမှုများကို ပြန်လည်ပြုလုပ်ခြင်းတို့ လိုအပ်နိုင်ပါသည်။

သိရှိမှတ်သားရန် ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် အခြားစစ်ဆေးမှုအမျိုးအစား မြောက်များစွာ ရှိပါသည်။အောက်ပါတို့သည် ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များတွင် ပါဝင်သော စစ်ဆေးချက်များ ဖြစ်ပါသည်။

အရေးကြီးလက္ခဏာများနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း
  • ဤစစ်ဆေးမှုများကို သွေးတိုးနှင့် အခြားသောလက္ခဏာများ အမြန်သိနိုင်ရေးအတွက် လူနာနှင့်ထိတွေ့မှုရှိနေစဉ် ပြုလုပ်ပါသည်။

အောက်ဖော်ပြပါစစ်ဆေးမှုများသည် သွေးမှတဆင့် စစ်ဆေးသောအရာများဖြစ်သည်။

  • သွေးဥနှုန်းထားများစစ်ဆေးခြင်း (CBC) – ဤစစ်ဆေးမှုသည် သွေးဥဆဲလ်များပုံမမှန်ခြင်းမှပြဆိုသော ရောဂါများအတွက် ကျယ်ပြန့်သောစစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ အဆိုပါရောဂါများမှာ ရောဂါပိုးဝင်ရောက်ခြင်းအပါအဝင် ခုခံအားဆိုင်ရာပြဿနာများ၊ ဆဲလ်အပေါ်အခြေခံသော သွေးရောဂါများနှင့် အခြားရောဂါအများအပြားဖြစ်နိုင်ပါသည်။
  • သွေးထဲရှိသကြားဓာတ်စစ်ခြင်း - ဆီးချိုရောဂါနှင့် ဆီးချိုရောဂါအစောပိုင်းတို့အတွက် ရှိမရှိ ပထမဦးဆုံး စစ်ဆေးနိုင်သည့် အကောင်းဆုံး စစ်ဆေးမှုတစ်ခုဖြစ်သည်။
  • အဆီဓာတ်စစ်ဆေးခြင်း - ဤစစ်ဆေးမှုသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားစေနိုင်သည့် အန္တရာယ်ကိုဖော်ထုတ်ရန် သွေးထဲရှိ အဆီ၊ ထရိုင်ဂလစ်စရိုက်နှင့် ကိုလက်စထရော ပမာဏများကို တိုင်းတာစစ်ဆေးရန်အတွက်ဖြစ်သည်။
  • ဂေါက်နာ ( ယူရစ်အက်ဆစ် - ဂေါက်အဆစ်အမြစ်နာရောဂါကို ရှာဖွေရန် သွေးထဲရှိ ယူဆစ်အက်ဆစ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။

ကျောက်ကပ်လုပ်ဆောင်ချက်

  • BUN – (သွေးထဲရှိ နိုင်ထရိုဂျင်ပမာဏ) သွေးထဲရှိ အညစ်အကြေးများကို သန့်ရှင်းရန်အတွက် လိုအပ်သော ကျောက်ကပ်၏စွမ်းရည်ကို တိုင်းတာခြင်း
  • ခရီတီနင်း - ကျောက်ကပ်၏ စစ်ထုတ်နိုင်သည့် လုပ်ဆောင်ချက်ကို တိုင်းတာသော နောက်ထပ် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။

အသဲလုပ်ဆောင်ချက်

  • SGOT (AST) နှင့် SGPT (ALT) - ဤစစ်ဆေးမှုများသည် သွေးထဲရှိအချို့သောအင်ဇိုင်းဓာတ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ၎င်းအင်ဇိုင်းများသည် များသောအားဖြင့် အသည်းတွင်ရှိပြီး ရောဂါတစ်ခုခုဖြစ်ပွားပါက အသဲမှစိမ့်ထွက်နေသည်ကို တွေ့ရှိနိုင်ပါသည်။
  • အယ်လ်ကာလိုင်း ဖော့စဖိတ် (ALP) - အသည်းရောဂါအတွက် သွေးမှတဆင့် စစ်ဆေးသော အင်ဇိုင်းဓာတ် နောက်တစ်မျိုးဖြစ်သည်။
  • ဘီလီရူဘင်စုစုပေါင်း၊ အယ်လ်ဗျူမင်၊ ဂလိုဗျူလင် - အမျိုးမျိုးသောရောဂါများရှိခြင်းကို သိနိုင်ရန်အတွက် စစ်ဆေးသော စုပေါင်းစစ်ဆေးမှုတစ်မျိုးဖြစ်သည်။ အဓိကအားဖြင့် အသည်းနှင့် ကျောက်ကပ်ကို အခြေခံ၍ ဖြစ်ပွားသော ရောဂါများအတွက်ဖြစ်သည်။
  • ဂမ်မာဂျီတီ (GGT) - အသည်းရောဂါကို စစ်ဆေးရန်နှင့် အခြားစစ်ဆေးမှုများမှ ရောဂါရှိသည်ဟု မှားယွင်းထွက်ရှိလာသောအဖြေများ ဟုတ်မဟုတ်စစ်ဆေးရန်ဖြစ်သည်။
  • သိုင်းရွိုက်စစ်ဆေးခြင်း TSH နှင့် Free T4 - သိုင်းရွိုက်လုပ်ဆောင်ချက် အလွန်အမင်းမြင့်တက်ခြင်း (သို့) ပုံမှန်အောက်တွင်ရောက်ရှိနေခြင်း စသည့်သိုင်းရွိုက်နှင့်ပတ်သက်သောရောဂါများကို ရှာဖွေရာ၌ အသုံးပြုသော စစ်ဆေးမှုများဖြစ်သည်။
  • အသည်းရောင်အသားဝါ ဘီနှင့်စီ - အသည်းရောင်အသားဝါ ဘီနှင့်စီအတွက်ခုခံအားနှင့် ရောဂါပိုးများကို ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။

ကင်ဆာညွှန်းကိန်းများစစ်ဆေးခြင်း

  • အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာအတွက် CEA - အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ ရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။
  • အသည်းကင်ဆာအတွက် AFP - အသည်းကင်ဆာရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။
  • ဆီးကျိတ်ကင်ဆာအတွက် PSA - ဆီးကျိတ်ကင်ဆာရှိနိုင်သည့် အလားအလာကို ဖော်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။ ရလဒ်မြင့်တက်နေခြင်းသည် သေချာပေါက် ကင်ဆာရှိသည်ဟု ဖော်ပြခြင်းမဟုတ်ပါ။
  • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများရှာဖွေရန်အတွက် ကျယ်ပြန့်စွာစစ်ဆေးသည့် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။
  • ကပ်ပါးကောင်များနှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှာဖွေရန် စစ်ဆေးခြင်းဖြစ်သည်။
  • အီးစီဂျီ ( အီးကေဂျီ - အနားယူစဉ်တွင်ရှိသော နှလုံး၏လုပ်ဆောင်ချက်ကို သုံးသပ်ရန်အသုံးပြုသည့် စစ်ဆေးချက်ဖြစ်သည်။ အထူးသဖြင့် နှလုံးစည်းချက်နှင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်အလားအလာများ စသည်တို့ကို ရှာဖွေရန်ဖြစ်သည်။
  • ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစစ်ဆေးခြင်း (EST) - အီးစီဂျီတစ်မျိုးပင်ဖြစ်သည်၊ သို့သော် သာမန်အီစီဂျီထက်စာလျှင် ပိုမိုရှည်ကြာသောအချိန်တစ်ခုတွင် နှလုံးအားဖိစီးမှုပေးပြီး စစ်ဆေးသည့် အီးစီဂျီတစ်မျိုးဖြစ်သည်။
  • ရင်ဘတ်ဓာတ်မှန် - ဤရင်ဘတ်ဓာတ်မှန်သည် တီဘီရောဂါစစ်ဆေးခြင်း၊ အခြားအဆုတ်ရောဂါများ စစ်ဆေးခြင်းနှင့် ပြဿနာများစွာကိုပြဆိုနိုင်သော နှလုံး၏အရွယ်အစားစစ်ဆေးခြင်း စသည်များအတွက် ဖြစ်သည်။
  • ဝမ်းဗိုက်တစ်ခုလုံးအာလ်ထရာဆောင်းရိုက်ခြင်း - ခန္ဓာကိုယ်၏ အဓိကကျသော အတွင်းအင်္ဂါများ၏ အရွယ်အစား၊ သိပ်သည်းဆနှင့် အခြေအနေများကို ထိုးထွင်းဝင်ရောက်မှုမရှိပဲ ထိရောက်မှုရှိသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ အမျိုးသမီးများအတွက် သားဥအိမ်များနှင့် အမျိုးသားများအတွက် ဆီးကျိတ်စစ်ဆေးရာတွင်လည်း အသုံးပြုသည်။
  • ရင်သားအာလ်ထရာဆောင်းနှင့်အတူ ဒီဂျီတယ်ရင်သားဓာတ်မှန်ရိုက်ခြင်း - ရင်သားတွင် ကင်ဆာ၊ အရည်အိတ် (သို့) အခြားပုံမမှန်ခြင်းများရှာဖွေရန် စစ်ဆေးချက်တစ်ခုဖြစ်သည်။
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း သည် အမျိုးသမီး၏ သားအိမ်ခေါင်း၌ ပုံမှန်မဟုတ်သော ဆဲလ်များ၊ သားအိမ်ခေါင်းကင်ဆာရှိနေခြင်း သို့မဟုတ် ဖြစ်ပွားနိုင်သည့် အခွင့်အလမ်းများ စသည်တို့ကို ရှာဖွေရန်ဖြစ်သည်။ မျိုးပွားအင်္ဂါများဖြစ်သော အင်္ဂါဇတ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ သားဥပြွှန်၊ သားဥအိမ်များ စသည်တို့နှင့် မျိုးပွားအင်္ဂါများမဟုတ်သည့် ဆီးအိမ်နှင့် အစာဟောင်းအိမ်တို့ကိုစစ်ဆေးရန် အသုံးပြုသည်။
  • ရေတိမ်ကဲ့သို့ “မျက်စိကျန်းမာရေး” နှင့်ပတ်သက်သော ရောဂါများကို စစ်ဆေးရန် အသုံးပြုပါသည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 6 vote(s)

Related Health Blogs