အရိုးလွှာဖြတ်ထုတ်ခြင်း (Laminectomy)
အရိုးလွှာဖြတ်ထုတ်ခြင်း ဆိုသည်မှာ ကျောရိုးရှိအာရုံကြောဖြတ်သန်းသွားရာလမ်းကြောင်းရှိ အရိုးအစိတ်အပိုင်းတစ်ခုဖြစ်သည့်အရာအား ဖြတ်ထုတ်ခြင်းဖြစ်သည်။ ကျောရိုးခွဲစိတ်မှုသည် အာရုံကြောများပေါ်သို့ကျနေသောဖိအားအား လျော့နည်းစေရန် ပြုလုပ်ခြင်းဖြစ်သည်။ အာရုံကြောဖိမိခြင်း သို့မဟုတ် “အာရုံကြောညပ်ခြင်း” ကြောင့်ဖြစ်ပေါ်လာသောဖိအားသည် ခါးနာခြင်းနှင့်ခြေထောက်နာခြင်းတို့၏ တရားခံဖြစ်သည်။
အာရုံကြောအရင်းဖိမိခြင်းဖြစ်ရသည်မှာ အောက်ပါတို့ကြောင့်ဖြစ်နိုင်ပါသည်။
အရိုးလွှာဖြတ်ထုတ်ခြင်း ကို လူနာအားမေ့ဆေးပေးပြီးသည့်အခါ မျက်နှာမှောက်လျှက်အနေအထားဖြင့် ခွဲစိတ်ပါသည်။ တစ်ခုသို့မဟုတ် တစ်ခုထက်မကသော ကျောရိုးဆစ်များ၏ အစိတ်အပိုင်းတစ်ခုအား ဖြတ်ထုတ်ကာ ဖိမိနေသောအာရုံကြောဆီရောက်အောင်သွားပါသည်။ ဖိမိနေသောအာရုံကြောကို တွေ့သောအခါ ကျရောက်နေသည့်ဖိအားကို ဖယ်ရှားပါသည်။ ထိုသို့ဖိအားကိုဖယ်ရှားရာတွင် အောက်ပါတို့ပါဝင်နိုင်ပါသည်။
ကျောရိုးခွဲစိတ်ခြင်းသည် ၁ နာရီခွဲမှ ၃ နာရီအထိကြာတတ်ပါသည်။ တစ်ခါတစ်ရံ ခွဲထားသည့်အနာနေရာမှ ပလတ်စတစ်ပိုက်လေးထုတ်ထားတတ်ပါသည်။ အကြောင်းမှာ အနာနေရာတွင် သွေးများစုပြီးခဲမသွားစေရန် သွေးဆင်းပေါက်လုပ်ထားခြင်းဖြစ်သည်။ ခွဲစိတ်ပြီး လူနာသည် ဆေးရုံတွင် ၄-၅ ရက်နေရပါမည်။ လူနာ၏ ပုံမှန်လုပ်နေကျအလုပ်များ ပြန်လုပ်နိုင်၊ မလုပ်နိုင်သည် မခွဲခင် လူနာ၏အခြေအနေနှင့် အသက်အရွယ်ပေါ်၌ များစွာမူတည်ပါသည်။ လူနာများအား လမ်းပြန်လျှောက်ဖို့တိုက်တွန်းပါသည် သို့သော်လည်း မတရားကွေးခြင်း၊ အလေးအပင်မခြင်း သို့မဟုတ် ကိုယ်လိမ်ခြင်းစသည်တို့အား အနာမကြက်ခင် ချုပ်ရိုးပြုတ်ထွက်မသွားစေရန် ခွဲပြီး ၆-ပတ်ခန့် ရှောင်ကျဉ်သင့်ပါသည်။
အ ရ ိုးလွှာဖြတ်ထုတ်ရသည့်အကြောင်းရင်းများထဲမှ အဖြစ်များသောအကြောင်းရင်းတစ်ခု မှာ ကျောရိုးဆစ်များကြားရှိ ရိုးဆက်ချပ်ပြားဝိုင်းကျွံ၍ ဖြစ်ပါသည်။ ကျွံနေသောချပ်ပြားဝိုင်းသည် ခါးနေရာမှဖြစ်ပါက စူးရှပြီးဆက်တိုက်ဖြစ်သောခါးနာခြင်း၊ ခြေထောက်ကြွက်သားများ အားနည်းခြင်း၊ ခြေထောက်တွင် ထုံကျင်ခြင်းတို့ ဖြစ်တတ်ပါသည်။ ခြေထောက်ကိုဆန့်ထားပြီး မြှောက်ကြည့်လျှင်လည်း ခက်ခဲသည်ကိုတွေ့ရပါမည်။ ဇက်ပိုးနေရာတွင် ချပ်ပြားဝိုင်းကျွံပါက လက်မောင်းတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်းနှင့် အားနည်းခြင်းတို့ဖြစ်တတ်ပါသည်။ ကျွံနေသော ရိုးဆက်ချပ်ပြားဝိုင်းသည် အလေးအပင်တစ်ခုခုမစဉ် ကိုယ်ကိုလိမ်လိုက်သောအခါ ပိုဆိုးတတ်ပါသည်။ ကျောရိုးခွဲစိတ်စဉ် ခွဲစိတ်ဆရာဝန်သည် အာရုံကြောများအပေါ်ဖိမိနေသောဖိအားကို သက်သာစေရန် ကျွံထွက်နေသော ရိုးဆက်ချပ်ပြားဝိုင်းမှထွက်နေသည့် အနှစ်ကဲ့သို့သောအရာများကို ဖယ်ထုတ်ပါမည်။
နောက်ဆက်တွဲပြဿနာများသည် အဖြစ်နည်းပြီး ဖြစ်လျှင်လည်း မဆိုသလောက်ဖြစ်သည်။ သို့သော်လည်း ကျောရိုးခွဲစိတ်မှုတိုင်းတွင် အောက်ပါအန္တရာယ်များ ရှိတတ်သည်။
ကျောရိုးခွဲစိတ်မှုမတိုင်မီနှင့်ခွဲပြီးနောက် ဆရာဝန်မှပေးသောညွှန်ကြားချက်များအား လိုက်နာခြင်းဖြင့် ခွဲစိတ်မှုကြောင့်ရလာနိုင်သည့် အန္တရာယ်များကို လျော့နည်းစေနိုင်ပါသည်။
Related conditions
Doctors Related
Related Centers
ဖုန်းဆက်၍ရက်ချိန်းယူရန်
စုံစမ်းမေးမြန်းရန်
ရက်ချိန်းယူရန်