You're been inactive for a while. For security reason, we'll automatically sign you out from our website. Please Click "Login" to extend your session
နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab)
ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) တွင် နှလုံးစည်းချက်မမှန်ခြင်း (ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း) သို့မဟုတ် နှလုံးလျှပ်စစ်စီးဆင်းသည့်စနစ်တွင် ပုံမှန်မဟုတ်ခြင်း စသည်တို့အား ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုများကို ပြုလုပ်ပေးနေပါသည်။ နှလုံးလျှပ်စစ်စီးဆင်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရှိနေသည့် နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) အား ခေတ်မှီဆေးပစ္စည်းများ၊ နည်းပညာများဖြင့် ဖြည့်စွက်ထားပါသည်။ နှလုံးလျှပ်စစ်စီးဆင်းသည့်စနစ်အား ချို့ယွင်းမှုများဖြစ်စေသည့် အကြောင်းအရာများကို ရှာဖွေရန်နှင့်ကုသရန် အလွန်တိကျသော ကွန်ပျူတာဖြင့်ထိန်းချုပ်သည့် CARTO system ကို အသုံးပြုပါသည်။ ဤခေတ်မှီဆန်းသစ်သော နည်းပညာသည် ပုံမှန်မဟုတ်သောအရာများကို ပုံရိပ်ဖန်တီးပေးသဖြင့် တိကျသောရောဂါရှာဖွေခြင်း၊ ကုသမှုတွင်ထိရောက်မှုပိုရှိခြင်းနှင့် လူနာများအတွက် နောက်ဆက်တွဲပြဿနာနည်းပါးခြင်း စသည်တို့ကို ပေးစွမ်းနိုင်ပါသည်။
စွမ်းအားမြင့်အပူလှိုင်းအား ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းဖြစ်စေသည့် နေရာကိုဖယ်ရှားရန် အသုံးပြုပါသည်။ ၎င်းနည်းလမ်းမှာ နှလုံးအတွင်းသို့ ပြွန်ငယ်ထည့်ကာ လျှပ်စစ်စီးဆင်းမှုချို့ယွင်းခြင်းဖြစ်စေသည့်နေရာအတိအကျသို့ အပူလှိုင်းများလွှတ်၍ ကုသခြင်းဖြစ်ပါသည်။
o နှလုံးအပေါ်အခန်းများတွင် ပုံမှန်မဟုတ်သည့် နှလုံးခုန်မှု (သွေးဝင်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း) o နှလုံးအပေါ်အခန်းများတွင်တုန်ခြင်း (နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း) o နှလုံးအောက်အခန်းများတွင် နှလုံးခုန်မြန်ခြင်း (သွေးလွှတ်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း) o နှလုံးအပေါ်အခန်းများတွင် နှလုံးခုန်မြန်ခြင်း
o နှလုံးအပေါ်အခန်းများတွင် ပုံမှန်မဟုတ်သည့် နှလုံးခုန်မှု (သွေးဝင်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း)
o နှလုံးအပေါ်အခန်းများတွင်တုန်ခြင်း (နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း)
o နှလုံးအောက်အခန်းများတွင် နှလုံးခုန်မြန်ခြင်း (သွေးလွှတ်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း)
o နှလုံးအပေါ်အခန်းများတွင် နှလုံးခုန်မြန်ခြင်း
ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) တွင် နှလုံးစည်းချက်မမှန်ခြင်း (ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း) အတွက် ရောဂါရှာဖွေမှုနှင့်ကုသမှုများပေးရန် ခေတ်အမှီဆုံး ဆေးပစ္စည်းကိရိယာများ၊ နည်းပညာများ အသုံးပြုထားရှိပါသည်။ ၎င်းတို့မှာ -
o CARTOSOUND သည် ၃ ဖက်မြင်ဂရပ်ဖစ်ပုံရိပ်များဖန်တီးရန် ဆော့ဖ်ဝဲလ်အသုံးပြုသည့် အာလ်ထရာဆောင်း ပုံရိပ်နည်းပညာတစ်မျိုးဖြစ်သည်။ CARTOSOUND သည် နှလုံးဖွဲ့စည်းပုံများကိုမြင်ပြီး ချို့ယွင်းမှုများကိုရှာရာတွင် ဆရာဝန်၏စွမ်းရည်ကို ပံ့ပိုးပေးသည်။ o ကွန်ပျူတာဓာတ်မှန် o မြေပုံနည်းပညာသည် ဂျီပီအက်စ်လမ်းညွှန်စနစ်ကဲ့သို့ အလားတူဆောင်ရွက်ပြီး တိကျသော ရောဂါရှာဖွေခြင်းနှင့်ကုသမှုတို့ကို အထောက်အကူပြုပါသည်။ o အမျိုးမျိုးသော ဆော့ဖ်ဝဲလ်အပလီကေးရှင်းများ - ဥပမာ CFAEs (complex fractionated atrial electrocardiograms) သည် လူနာတစ်ဦးချင်းစီမှခံစားရသော မတူညီသည့်ချို့ယွင်းမှုများအတိုင်း ပိုမိုတိကျသောပုံရိပ်များကိုဖန်တီးရန် ရှိနေပြီဖြစ်သည်။
o CARTOSOUND သည် ၃ ဖက်မြင်ဂရပ်ဖစ်ပုံရိပ်များဖန်တီးရန် ဆော့ဖ်ဝဲလ်အသုံးပြုသည့် အာလ်ထရာဆောင်း ပုံရိပ်နည်းပညာတစ်မျိုးဖြစ်သည်။ CARTOSOUND သည် နှလုံးဖွဲ့စည်းပုံများကိုမြင်ပြီး ချို့ယွင်းမှုများကိုရှာရာတွင် ဆရာဝန်၏စွမ်းရည်ကို ပံ့ပိုးပေးသည်။
o ကွန်ပျူတာဓာတ်မှန်
o မြေပုံနည်းပညာသည် ဂျီပီအက်စ်လမ်းညွှန်စနစ်ကဲ့သို့ အလားတူဆောင်ရွက်ပြီး တိကျသော ရောဂါရှာဖွေခြင်းနှင့်ကုသမှုတို့ကို အထောက်အကူပြုပါသည်။
o အမျိုးမျိုးသော ဆော့ဖ်ဝဲလ်အပလီကေးရှင်းများ - ဥပမာ CFAEs (complex fractionated atrial electrocardiograms) သည် လူနာတစ်ဦးချင်းစီမှခံစားရသော မတူညီသည့်ချို့ယွင်းမှုများအတိုင်း ပိုမိုတိကျသောပုံရိပ်များကိုဖန်တီးရန် ရှိနေပြီဖြစ်သည်။
ရောဂါရှာဖွေနေစဉ် သို့မဟုတ် ကုသမှုပေးနေစဉ်တွင် CARTO system သည် အချိန်နှင့်တပြေးညီမြင်ရသော ၃ ဖက်မြင်မြေပုံကိုဖန်တီးကာ ဆရာဝန်များအတွက် ချို့ယွင်းမှုရှိသောနေရာအတိအကျတွင် ကုသမှုပေးနိုင်ရန် အထောက်အကူပေးပါသည်။
နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) ရှိ ကျွန်ုပ်တို့၏ ဆေးပညာရှင်များအဖွဲ့သည် လူနာများအားလုံးအတွက် အကောင်းဆုံးကုသမှုရလဒ်ကိုပေးစွမ်းနိုင်ရန် အတူတကွပူးပေါင်းဆောင်ရွက် ကြပါသည်။ ၎င်းအဖွဲ့တွင် ပါဝင်သော ပညာရှင်များမှာ -
Related conditions
Doctors Related
Related Centers
ဖုန်းဆက်၍ရက်ချိန်းယူရန်
စုံစမ်းမေးမြန်းရန်
ရက်ချိန်းယူရန်