bih.button.backtotop.text

ကီမိုကုထုံး

သို့သော် ကီမိုဆေးသည် ကင်ဆာဆဲလ်များကိုသာမက ခန္ဓာကိုယ်၏ ပုံမှန်ဆဲလ်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကိုပါ ထိခိုက်စေသဖြင့် ဤကုသမှုအမျိုးအစားတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ၎င်းဘေးထွက်ဆိုးကျိုးများမှာ မူးမော်ခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်တွင် အနာများပေါက်ခြင်း၊ အစာစားခြင်စိတ်မရှိခြင်း၊ ကိုယ်ခံအားကျခြင်း၊ ဝမ်းသွားခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများမှာ ဆေးအမျိုးအစား၊ လူနာ၏ကျန်းမာရေးအခြေအနေနှင့် လူနာ၏စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့အပေါ်မူတည်၍ အနည်းငယ် သို့မဟုတ် ပြင်းထန်စွာဖြစ်ပွားနိုင်သည်။

Overview

ကီမိုဆေးဖြင့်ကုသခြင်းသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် (သို့) ပိုမိုကြီးထွားလာခြင်းမှတားဆီးရန် ဆေးပေးခြင်း ဖြစ်သည်။ ဤသို့ကုသခြင်း၏ ရည်ရွယ်ချက်များမှာ - 
• ကင်ဆာရောဂါကိုကုသရန် နှင့် ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်
• အကျိတ်အလုံးများ၏ အရွယ်အစားကို သေးငယ်စေခြင်း (သို့) ကြီးထွားခြင်းနှင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ ပြန့်ပွားခြင်းတို့မှ ကာကွယ်ခြင်းတို့ဖြင့် ရောဂါကိုထိန်းချုပ်ရန်
• အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ ကင်ဆာပြန့်ပွားသွားသော လူနာများအတွက် ဘဝအရည်အသွေးမြင့်မားစေရန်အတွက် ရောဂါလက္ခဏာများကို သက်သာစေရန်
သို့သော် ကီမိုဆေးသည် ကင်ဆာဆဲလ်များကိုသာမက ခန္ဓာကိုယ်၏ ပုံမှန်ဆဲလ်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကိုပါ ထိခိုက်စေသဖြင့် ဤကုသမှုအမျိုးအစားတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ၎င်းဘေးထွက်ဆိုးကျိုးများမှာ မူးမော်ခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်တွင် အနာများပေါက်ခြင်း၊ အစာစားခြင်စိတ်မရှိခြင်း၊ ကိုယ်ခံအားကျခြင်း၊ ဝမ်းသွားခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများမှာ ဆေးအမျိုးအစား၊ လူနာ၏ကျန်းမာရေးအခြေအနေနှင့် လူနာ၏စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့အပေါ်မူတည်၍ အနည်းငယ် သို့မဟုတ် ပြင်းထန်စွာဖြစ်ပွားနိုင်သည်။

ကီမိုဆေးများကို လူနာ၏ခန္ဓာကိုယ်အတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် သွင်းနိုင်သည်။ 
• ဆေးသောက်ခြင်း - အချို့ကီမိုဆေးများကို အစာခြေစနစ်မှ ကောင်းမွန်စွာ မစုပ်ယူနိုင်သည့်အတွက် (သို့) အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေကာ မူးမော်ခြင်း၊ ပျို့အန်ခြင်း နှင့်/သို့မဟုတ် ဝမ်းသွားခြင်း စသည်တို့ဖြစ်ပွားစေသည့်အတွက် သောက်သုံး၍မရပါ။ 
• သွေးပြန်ကြောမှတဆင့်ပေးခြင်း - ဤနည်းလမ်းသည် ခန္ဓာကိုယ်တစ်လျှာက်တွင် ဆေးကိုလျှင်မြန်စွာ ပျံ့နှံ့စေနိုင်သည့်အတွက် အသုံးအများဆုံးနည်းလမ်းဖြစ်သည်။
• ကြွက်သားတွင်းဆေးထိုးခြင်း -  ဤနည်းလမ်းသည် အရေပြားနှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေသည့်အတွက် အသုံးများသည့်နည်းလမ်းမဟုတ်ပါ။
လူနာသည် ကီမိုဆေးကို နည်းလမ်းအမျိုးမျိုးပေါင်းစပ်ကာ တစ်ရက်တည်း (သို့) ရက်ပေါင်းများစွာဆက်တိုက် (သို့) တစ်ပတ်လျှင်တစ်ကြိမ် သွင်းရပါမည်။ ကင်ဆာအထူးကုမှ ဖြစ်ပွားနေသော ကင်ဆာအမျိုးအစား၊ လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေတို့နှင့် အသင့်လျော်ဆုံးဖြစ်မည့် ဖော်မြူလာကိုရွေးချယ်ကာ ကီမိုဆေးပေးရန် အစီအစဉ်ဆွဲပါမည်။

အမျိုးအစား၊ ပမာဏ၊ သုံးစွဲရမည့် ကြာမြင့်ချိန်များနှင့်ပတ်သက်၍ မှန်ကန်သော ကီမိုဆေးရွေးချယ်ခြင်းသည် ကင်ဆာရောဂါကို ထိရောက်စွာကုသရေးအတွက် အလွန်အရေးကြီးပါသည်။ ကီမိုဆေးများသည် အန္တရာယ်ရှိသော ဆေးဝါးများဖြစ်သည့်အတွက် အလွန်အမင်းအသုံးပြုပါက ပြင်းထန်သောဆိုးကျိုးများကို ဖြစ်ပွားနိုင်စေပါသည်။ သို့သော် အလွန်နည်းပါးသွားပါကလည်း ကင်ဆာဆဲလ်များကို မဖျက်ဆီးနိုင်ပါ။
 
ကီမိုကုထုံးအတွက် ဖော်မြူလာရွေးချယ်ရာတွင် ကင်ဆာအထူးကုသည် အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစား ရပါသည်။ ဥပမာ - ကင်ဆာအမျိုးအစား၊ ကင်ဆာရောဂါအဆင့်၊ လူနာ၏ကျန်းမာရေးအခြေအနေ၊ အခြားခံစားနေရသော ဝေဒနာများ၊ ယခင်က ကင်ဆာအတွက်ကုသခဲ့ဖူးသော ကုသမှုများ (ရှိပါက)၊ ဘေးထွက်ဆိုးကျိုးများနှင့် ကီမိုဆေးများတွဲဖက်ပေးစဉ် ဖြစ်ပွားသော တုံ့ပြန်မှုများ။ လူနာများသည် တစ်ကြိမ်လျှင် ဆေးတစ်မျိုး သို့မဟုတ် ဆေးများစွာ ရရှိနိုင်ပါသည်။ ဆေးများစွာကို အသုံးပြုခြင်းသည် တစ်မျိုးကိုတစ်ကြိမ် အသုံးပြုခြင်းထက် ပိုမိုထိရောက်မှုရှိပါသည်။ 
  • ကုသမှုကာလသည် ကင်ဆာအမျိုးအစား၊ ကင်ဆာရောဂါအဆင့်၊ ဆေးကိုတုံ့ပြန်မှု စသည်တို့အပေါ်မူတည်ပါသည်။ ပုံမှန်အားဖြင့် ကီမိုဆေးများကို cycle အလိုက်ပေးပါသည်။ တစ် cycle လျင် ၁ ရက်မှ ၅ ရက်ရှိကာ တစ် cycle နှင့် တစ် cycle ကြားတွင် ၃ ပတ်မှ ၄ ပတ်စီခြားကာ ဆေးသွင်းပါသည်။ လူနာသည် ကီမိုဆေးကို ယေဘုယျအားဖြင့် ၆ cycle မှ ၈ cycle အထိ သွင်းရပါသည် (ကင်ဆာအထူးကု၏ ကုသမှုအစီအစဉ်အပေါ်မူတည်၍)။ လူနာများ၏ ထိရောက်သောကုသမှုအတွက် ကီမိုဆေးသွင်းသည့်ရက်ချိန်းများအတိုင်း လာရောက်ရန် အကြံပြုလိုပါသည်။
     
  • အစာအာဟာရ အုပ်စု ၅ စုလုံးမှ အစာများကို စားသောက်ရမည်။
  • လုံလောက်စွာ အနားယူကာ ၁ နာရီ မှ ၂ နာရီကြာ တစ်ရေးအိပ်ရပါမည်။
  • လူနာတွင် နှလုံး၊ ဆီးချို၊ သွေးတိုး စသည့် အခြားရောဂါအခြေအနေများရှိပါက (သို့) ပုံမှန် ဆေးများသောက်သုံးနေပါက ဆရာဝန်အား ကျေးဇူးပြု၍ ကြိုတင်အကြောင်းကြားပါ။
  • စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုများကို လျှော့ချခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။
  • ကီမိုဆေးဖြင့်ကုသမှုခံယူစဉ် မိမိကိုယ်မိမိ ဂရုစိုက်စောင့်ရှောက်ရန်များ
  • ဆေးထိုးသည့်နေရာတဝိုက်ရှိ အရေပြားကို သတိပြုပါ။ နာကျင်နေခြင်း၊ ရောင်ရမ်းနေခြင်း (သို့) နီရဲနေခြင်း (သို့) သွေးကြောမှ ဆေးရည်များစိမ့်ထွက်နေသည်ဟု သံသယရှိပါက သူနာပြုကို ချက်ချင်းအကြောင်းကြားပါ။
  • ဆေးကို ဆီးမှတဆင့်စွန့်ထုတ်နိုင်ရန် ရေများများသောက်ပါ။
  • မူမော်ခြင်း နှင့်/သို့မဟုတ် အော့အန်ခြင်းများရှိပါက သူနာပြုကို အကြောင်းကြားပါ။ 

အမျိုးအစား၊ ပမာဏ၊ သုံးစွဲရမည့် ကြာမြင့်ချိန်များနှင့်ပတ်သက်၍ မှန်ကန်သော ကီမိုဆေးရွေးချယ်ခြင်းသည် ကင်ဆာရောဂါကို ထိရောက်စွာကုသရေးအတွက် အလွန်အရေးကြီးပါသည်။ ကီမိုဆေးများသည် အန္တရာယ်ရှိသော ဆေးဝါးများဖြစ်သည့်အတွက် အလွန်အမင်းအသုံးပြုပါက ပြင်းထန်သောဆိုးကျိုးများကို ဖြစ်ပွားနိုင်စေပါသည်။ သို့သော် အလွန်နည်းပါးသွားပါကလည်း ကင်ဆာဆဲလ်များကို မဖျက်ဆီးနိုင်ပါ။
 
ကီမိုကုထုံးအတွက် ဖော်မြူလာရွေးချယ်ရာတွင် ကင်ဆာအထူးကုသည် အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစား ရပါသည်။ ဥပမာ - ကင်ဆာအမျိုးအစား၊ ကင်ဆာရောဂါအဆင့်၊ လူနာ၏ကျန်းမာရေးအခြေအနေ၊ အခြားခံစားနေရသော ဝေဒနာများ၊ ယခင်က ကင်ဆာအတွက်ကုသခဲ့ဖူးသော ကုသမှုများ (ရှိပါက)၊ ဘေးထွက်ဆိုးကျိုးများနှင့် ကီမိုဆေးများတွဲဖက်ပေးစဉ် ဖြစ်ပွားသော တုံ့ပြန်မှုများ။ လူနာများသည် တစ်ကြိမ်လျှင် ဆေးတစ်မျိုး သို့မဟုတ် ဆေးများစွာ ရရှိနိုင်ပါသည်။ ဆေးများစွာကို အသုံးပြုခြင်းသည် တစ်မျိုးကိုတစ်ကြိမ် အသုံးပြုခြင်းထက် ပိုမိုထိရောက်မှုရှိပါသည်။ 

Doctors Related

Related Centers

Related Packages

Rating score 9.87 of 10, based on 15 vote(s)

Related Health Blogs