bih.button.backtotop.text

နှလုံးကုဌာန

Overview

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ နှလုံးကုဌာနတွင် နှလုံးကျန်းမာရေးအတွက် ကာကွယ်ရေးနှင့် စောစီးစွာရောဂါတွေ့ရှိရေးမှအစပြုကာ ရောဂါရှာဖွေရေး၊ ကုသရေး၊ နှလုံးခွဲစိတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေး စသည်တို့အထိ အလုံးစုံပြည့်ဝသော စစ်ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

ဌာနရှိ အထူးကုပေါင်း ၃၀ ကျော်သည် အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတေးလျနှင့် ဘယ်လ်ဂျီယန်နိုင်ငံများတွင် ပညာသင်ကြားခဲ့သူများဖြစ်ကြပါသည်။ ၎င်းတို့တွင် ဆေးဖြင့်ကုသသည့်ဆရာဝန်များ၊ သွေးကြောအထူးကုဆရာဝန်များ၊ နှလုံးခွဲစိတ်ဆရာဝန်များ၊ နှလုံးပြန်လည်သန်စွမ်းရေး အထူးကုများနှင့်တကွ ကလေးနှလုံးအထူးကုများလည်း ပါဝင်ပါသည်။ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသို့ လာရောက်သောလူနာများမှ နိုင်ငံတိုင်းလိုလို၏ ခက်ခဲရှုပ်ထွေးသောနှလုံးလူနာများကို အဆိုပါအထူးကုများ ကြုံတွေ့ခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ဆရာဝန်များသည် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် အာဟာရပညာရှင် စုစုပေါင်း ၁၀၀ ကျော်ဖြင့် ပူးပေါင်းထားပါသည်။ ထို့အပြင် ၁၀ နှစ်တိုင်ရရှိခဲ့သော အမေရိကန်အခြေစိုက် JCI တရားဝင်အသိအမှတ်ပြုခြင်းနှင့်အတူ ကျွန်ုပ်တို့နှလုံးကုသရေးအဖွဲ့၏ လုပ်ဆောင်မှုများသည် ရောဂါရှာဖွေခြင်းနှင့် နှလုံးရောဂါများကုသခြင်းတို့တွင် နိုင်ငံတကာအဆင့်အတန်းကိုမှီခြင်း သို့မဟုတ် ကျော်လွန်ကောင်းမွန်ခြင်းပင် ရှိပါသည်။

ကျွန်ုပ်တို့သည် တစ်လလျှင် နှလုံးဝေဒနာရှင်ပေါင်း ၃၀၀၀ ကျော်ကို ကြည့်ရှုကုသပေးလျက်ရှိသည့်အထဲမှ လူနာ ၁၀၀၀ ကျော်မှာ ထိုးထွင်းဝင်ရောက်မှုမရှိသော အဲကိုးပုံရိပ်ရိုက်ခြင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် လစဉ် သွေးကြောပိုင်းဆိုင်ရာကုသမှုပေါင်း ၁၀၀ ကျော် စစ်ဆေးပြုလုပ်ပေးလျက်ရှိပါသည်။

နှလုံးရောဂါ အခြေအနေများကို ရှာဖွေစစ်ဆေးရန် သွေးစစ်ဆေးခြင်းအပြင် နည်းပညာပေါင်း ၁၅ ခုရှိပါသည်။ အချို့ဥပမာများမှာ -

  • အီးစီဂျီရိုက်ခြင်း ( အီးကေဂျီ )
  • အဲကိုးပုံရိပ်ရိုက်ခြင်းနှင့် လှုပ်ရှားမှုပြုလုပ်ကာ အဲကိုးပုံရိပ်ရိုက်ခြင်း
  • ပြေးစက်ပေါ်ပြေး၍တွင် နှလုံးစမ်းသပ်ခြင်း
    •  ဒိုဗျူတမင်းဆေးထိုး၍ နှလုံးကိုမြန်ဆန်စေကာ အဲကိုးပုံရိပ်ရိုက်ခြင်း (ပြေးစက်ပေါ်တွင် လမ်းမလျှောက်နိုင်သော လူနာများအတွက်)
    •  ဆေးဖြင့်နှလုံးကိုမြန်ဆန်စေကာ အဏုမြူဓာတ်မှန်ပုံရိပ်ရိုက်ခြင်း
    •  ဆေးဖြင့်နှလုံးကိုမြန်ဆန်စေကာ အမ်အာအိုင်ရိုက်ခြင်း
  • ဖြစ်စဉ်စောင့်ကြည့်လေ့လာခြင်းအပါအဝင် ၂၄ နာရီ ဟော်လ်တာ အီးကေဂျီ စောင့်ကြည့်စက်တပ် စစ်ဆေးခြင်း
    •  အဏုမြူနှလုံးဗေဒ
    •  ကုတင်အားလှဲနေရာမှထောင်ပြီး အနေအထားပြောင်းခြင်းအပေါ် ခန္ဓာကိုယ်၏တုံ့ပြန်မှုကိုဆန်းစစ်ခြင်း (မကြာခဏ မူးမေ့လဲတတ်သူများအတွက် အသုံးပြုသည်)
    •  အစာရေမျိုပြွန်မှတဆင့် အဲကိုးပုံရိပ်ရိုက်ခြင်း (TEE)
    •  နှလုံးစည်းချက်မမှန်ခြင်းအတွက်စစ်ဆေးခြင်း
  • နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း
    •  ရောဂါရှာဖွေရေးအတွက် နှလုံးသွေးကြောဓာတ်မှန်ပုံရိပ်ရိုက်စစ်ဆေးခြင်း (CAG)
    •  လည်ပင်းသွေးကြောမကြီး ဓာတ်မှန်ပုံရိပ်ရိုက်စစ်ဆေးခြင်း
    •  ခြေလက်သွေးကြောများ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း

ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် လူနာများ အန္တရယ်ကင်းစွာ စောင့်ရှောက်ကုသမှုခံယူနိုင်ရန် ရည်ရွယ်ထားပါသည်။

အရေးပေါ်နှလုံးပြဿနာပေါ်ပြီးနောက် ပထမဆုံး မိနစ် ၉၀ သည် နှလုံးအပေါ် ရေရှည်သက်ရောက်မှုအတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတ်မှတ်ထားသော ဆရာဝန်လမ်းညွှန်ချက်များနှင့်အတူ ၂၄ နာရီ နှလုံးအရေးပေါ်ကုသရေးကို စတင်ခဲ့သော ထိုင်းနိုင်ငံရှိ ပထမဦးဆုံးဆေးရုံကြီးဖြစ်သည်။

ကျွန်ုပ်တို့၏ “တံခါးဝမှဘောလုံးထည့်သည့်တိုင်” ဆိုသော အရေးပေါ်ဌာနတံခါးဝသို့ရောက်ရှိချိန်မှ နှလုံးသွေးကြောတွင်းဘောလုံးထည့် သွေးကြောချဲ့ခြင်းအစီအစဉ်ဖြင့် နှလုံးသွေးကြောကုသခြင်းကို မိနစ် ၉၀ အတွင်း ဆောင်ရွက်ပါသည်။

  • နှလုံးလျှပ်စစ်စီးအဖွဲ့အစည်း
    •  မူမမှန်သောနှလုံးစည်းချက်ကိုဖြစ်စေသည့် နှလုံးတစ်ရှုးပိုင်းကိုဖျက်ဆီးပစ်ခြင်းအပါအဝင် နှလုံးလျှပ်စစ်စီးဆင်းမှုကို လေ့လာခြင်း
    •  နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းခြင်း (Pacemaker)
    •  နှလုံးဖောက်ခြင်းမှကာကွယ်ရန် စက်ထည့်ခြင်း (AICD)
    •  နှလုံးစည်းချက်ညီစေရန်ကုထုံး
  • နှလုံးသွေးကြောရောဂါများ
    • နှလုံးသွေးကြောဓာတ်မှန်ရိုက်ရန် နှလုံးပိုက်ထည့်ခြင်း
    • ဘောလုံးဖြင့်သွေးကြောချဲ့ခြင်းနှင့် စတန့်ထည့်ခြင်း
  • မွေးရာပါနှလုံးရောဂါများ
    •  နှလုံးသွေးဝင်ခန်းများကြားရှိအပေါက်ကို ပိတ်ခြင်း (ASD)
    •  နှလုံးသွေးလွှတ်ခန်းများကြားရှိအပေါက်ကို ပိတ်ခြင်း (VSD)
    •  နှလုံး၏အဓိကသွေးလွှတ်ကြောမကြီးနှစ်ခုကြားဆက်နေခြင်းကို ပိတ်ခြင်း (PDA)
  • အဆို့ရှင်များ
    •  အဆို့ရှင်ပြုပြင်ခြင်း
  • သွေးကြောဆိုင်ရာရောဂါများ
    • လည်ပင်းသွေးကြောမကြီး စတန့်ထည့်ခြင်း
    •  ကျောက်ကပ်သွေးကြော စတန့်ထည့်ခြင်း
    •  ခြေလက်များရှိသွေးလွှတ်ကြော စတန့်ထည့်ခြင်း

 

  • နှလုံးသွေးကြောရောဂါ
  • နှလုံးအဆို့ရှင်ရောဂါ
    •  အဆို့ရှင်ပြုပြင်ခြင်း
    •  အဆို့ရှင်အစားထိုးခြင်း
  • မွေးရာပါရောဂါများ
    •  နှလုံးသွေးဝင်ခန်းများကြားရှိအပေါက်ကို ပိတ်ခြင်း (ASD)
    •  နှလုံးသွေးလွှတ်ခန်းများကြားရှိအပေါက်ကို ပိတ်ခြင်း (VSD)
    •  နှလုံး၏အဓိကသွေးလွှတ်ကြောမကြီးနှစ်ခုကြားဆက်နေခြင်းကို ထုံးချည်ခြင်းဖြင့်ပိတ်ခြင်း (PDA)
    •  မွေးရာပါနှလုံးရောဂါအတွက် ရှုပ်ထွေးသောကုသမှုများ
  • သွေးကြောဆိုင်ရာရောဂါများ
    •  ဝမ်းဗိုက်နှင့် ရင်ခေါင်းအတွင်းရှိ သွေးလွှတ်ကြောမကြီးဖောင်းလာခြင်းကို ကုသခြင်း
    •  သွေးလွှတ်ကြောမကြီး ဖောင်းလာခြင်းအတွက် သွေးကြောခွဲစိတ်ကုသခြင်း (EVAR)
    •  ရင်ခေါင်းအတွင်းရှိ သွေးလွှတ်ကြောမကြီး ဖောင်းလာခြင်းအတွက် သွေးကြောခွဲစိတ်ကုသခြင်း (TEVAR)

Assoc.Prof. Sarinya Puwanant, M.D.

အထူး

General Cardiology
Advanced Heart Failure & Transplant Cardiology

View Profile

Assoc.Prof. Teerapat Yingchoncharoen, M.D.

အထူး

General Cardiology
Advanced Heart Failure & Transplant Cardiology

View Profile

Wg.Cdr. Sarawut Siwamogsatham, M.D.

အထူး

General Cardiology
Advanced Heart Failure & Transplant Cardiology

View Profile

Related Packages

Contact Number

  • နှလုံးကုဌာန
    Tel. +66 (0) 2011 3491
    Tel. +66 (0) 2011 3411
    Tel. +9595105105
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။
  • Tele-Consultation with Doctor Click

Service Hours

  • နှလုံးကုဌာန
    Monday through Sunday: 7:00 am to 8:00 pm

Location

  • နှလုံးကုဌာန
    Building A, 14th floor
    Cardiac Assessment (EKG / Echo / EST) and EEG / EMG: Building B, 4th floor
Last modify: նոյեմբերի 18, 2022
Rating score 9.84 of 10, based on 222 vote(s)

Related Health Blogs