bih.button.backtotop.text

ရေရှည်တည်တံ့ကောင်းမွန်သောရလဒ်ကိုရအောင် ဦးဆောင်ခဲ့ကြသည့် စေ့စပ်သောဆရာဝန် နှင့် ဘက်စုံပညာရှင်အဖွဲ့

 
ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံမှ လူနာ Rene သည် ဝမ်းလျှောခြင်းနှင့် မအီမသာဖြစ်ပြီးနောက် ဇနီးသည်၏မရမကတောင်းဆိုမှုကြောင့် ဆေးရုံသို့ ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ Dr.Tossapol နှင့် တွေ့ဆုံပြီးနောက် ဆရာဝန်မှ ရောဂါအမည်သတ်မှတ်ခဲ့ပြီး Rene ၏ ဘဝကို ပြောင်းလဲစေသော လုပ်ဆောင်မှုတစ်ခုသို့ ဦးတည်သော စစ်ဆေးမှုတစ်ခုကိုလည်း စတင်ခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးကြား ခိုင်မာသောနှောင်ကြိုးတစ်ခုကို တည်ဆောက်ခဲ့သည်။

Mr-Rene2-(004).jpg

Dr. Tossapol သည် Rene အား အလွန်ပြင်းထန်သော အစာအိမ်ရောင်ရမ်းခြင်းရောဂါဖြစ်နေသည်ဟု ယူဆခဲ့သည်။ အရမ်းစိုးရိမ်စရာတော့ မရှိပါဘူး။ အစာအိမ် (သို့မဟုတ်) အူလမ်းကြောင်းထဲတွင် ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းတို့ကြောင့် မအီမသာဖြစ်နေခြင်းဖြစ်သည်။ ကျွန်တော်တို့အားလုံးလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ကြုံဖူးကြပါတယ်။


သို့သော်လည်း သွေးစစ်ချက်များကြည့်ပြီးသောအခါ Dr. Tossapol သည် Rene အား ရှားပါးသောသွေးအခြေအနေဖြစ်သည့် hemochromatosis ဖြင့် ရောဂါသတ်မှတ်စေသော ပုံမှန်မဟုတ်ခြင်းများကို တွေ့ရှိခဲ့သည်။ ထိုလက္ခဏာများမပြပါက ၄င်းသည် နှလုံးရောဂါနှင့် အသည်းအစားထိုးခြင်းကို ဖြစ်စေနိုင်ပြီး အစားထိုးကုသခြင်းနှစ်မျိုးအပြင် အခြားပြုလုပ်နိုင်မည့်အခြေအနေမရှိပါ။ Rene သည် အသည်းအသားစယူရန် နာကျင်မှုမရှိသော၊ ခွဲစိတ်မှုမပါသော endoscopic procedure ကို ပြုလုပ်စေခဲ့ပြီး ရလဒ်အဖြေမှာ hemochromatosis သည် သူ၏အသည်းကို ထိခိုက်စေရုံသာမက အသည်းအဆီဖုံးရောဂါမှ ရောင်ရမ်းမှုသည် သူ၏အသည်းပျက်စီးမှုကို ပိုမိုလျှင်မြန်စေခဲ့သည်။ Dr. Tossapol မှ “you see what you look for” လို့ပြောပါတယ်။ အချို့သောဆရာဝန်များသည် ပြင်းထန်သောဝမ်းလျှောခြင်းသာဖြစ်သည်ဟု ယူဆကြလိမ့်မည်။ သို့သော် Dr. Tossapol သည် သူ၏စူးစမ်းလိုစိတ်နှင့် ဂရုတစိုက်စစ်ဆေးမှုကြောင့် ပါဝင်သူအားလုံးအတွက် အပြုသဘောဆောင်သည့် ရလဒ်ကိုဖြစ်ပေါ်စေခဲ့သည်။

 
အရင်းခံပြဿနာများနှင့်အညီသဘောတူလုပ်ဆောင်ခြင်း

Rene နှင့် Dr. Tossapol တို့သည် သူ၏ပြုစုကုသမှုများအတွက် ရွေးချယ်မှုများအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြသည်။ သူတို့နှစ်ဦးသည် ရလဒ်ကောင်းတစ်ခုကိုဆုံးဖြတ်ချက်ချနိုင်ရန် အတူတကွလုပ်ဆောင်ခဲ့သည်။ လူနာတိုင်းတွင် ကွဲပြားခြားနားမှုရှိပြီး သူတို့အားပြုစုစောင့်ရှောက်မှုသည် သူတို့၏လိုအပ်ချက်များနှင့် စွမ်းရည်များဖြင့် အံဝင်ဂွင်ကျဖြစ်ရမည်ဖြစ်သည်။ Rene သည် ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်၍ fad diet များကို ကြိုးစားလုပ်ဆောင်သော်လည်း ရေရှည်အတွက် လိုအပ်သောရလဒ်ကို မရရှိခဲ့ပါ။ ထိုပြသနာ၏အရင်းအမြစ်ကိုဖြေရှင်းရန် အလုံခြုံဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ Endoscopic Sleeve Gastroplasty (ESG) procedure ပြုလုပ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

Dr. Tossapol သည် အာမခံကုမ္ပဏီနှင့် စကားပြောသောအခါ ဤ procedure သည် Rene ၏ လူနေမှုဘဝကို တိုးတက်စေခြင်း၊ သူ၏အသည်းအခြေအနေ၊ အခြားသော ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါများ၊ နှင့် ဆီးချို/သွေးချိုရောဂါများကိုလည်း ကာကွယ်ရန် ကူညီမှုပေးသည်ဟု Rene ကိုယ်စား ထောက်ခံမှုပြုခဲ့သည်။ Rene သည် Dr. Tossapol ၏ ကြိုးပမ်းအားထုတ်မှုများသည် ထို procedure ကို အမှန်တကယ်ဖြစ်လာနိုင်စေခဲ့သည်ဟု ပြောခဲ့သည်။


ဘမ်ရွန်ဂရက်၏ ကွဲပြားခြားနားချက်
Dr. Tossapol သည် Minnesota Twin Cities တက္ကသိုလ်၊ Michigan Ann Arbor တက္ကသိုလ်နှင့် Baltimore ရှိ John Hopkins တက္ကသိုလ်တို့တွင် နေထိုင်မှုနှင့် ပညာသင်ယူမှုများကို ပြီးစီးခဲ့သည်။ မိသားစုအခြေအနေများကြောင့် Dr. Tossapol အား ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း သူ၏ပြန်လည်ရောက်ရှိလာခြင်းသည် Rene အတွက် အချိန်ကိုက်ဖြစ်သွားခဲ့သည်။



Dr-Tos-(002).jpg

Johns Hopkins တက္ကသိုလ်သည် အမေရိကရှိ ၂ နှစ်တာအစီအစဉ်၏အစိတ်အပိုင်းတစ်ခုအဖြစ် အဆင့်မြင့် endoscopy procedure တွင်အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူများကိုလေ့ကျင့်ပေးသောအစီအစဉ်သုံးခုအနက်တစ်ခုဖြစ်သည်။ Dr. Tossapol ၏ လက်ဦးဆရာသည် ဆန်းသစ်သော နည်းပညာအသစ်များကို ဆရာဝန်များအား အမျိုးမျိုးသော procedure များကို ထိုးဖောက်ဝင်ရောက်မှုနည်းစွာ လုပ်ဆောင်နိုင်ရန် တီထွင်ဖန်တီးရာတွင် ရှေ့ဆောင်ဖြစ်သည်။ ထို့ကြောင့် လူနာများအတွက် ပိုမိုလုံခြုံစေရန်နှင့် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိစေသည်။ ဘမ်ရွန်ဂရက်ဆေးရုံသို့ Dr. Tossapol ယူဆောင်လာသည့် နည်းပညာများသည် နောက်ဆက်တွဲပြသနာများဖြစ်သော ပိုးဝင်ခြင်းများ၊ အစာလေချဉ်တက်ခြင်းများသည် traditional bariatric surgeries များထက် ပို၍ လျော့နည်းစေသည်။

ESG procedure သည် အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု ဆုံးဖြတ်ခြင်းသည် Rene ၏ ပိုမိုကောင်းမွန်သောကျန်းမာရေးအတွက် ပထမအဆင့်ဖြစ်ခဲ့သည်။ procedure ပြုလုပ်ပြီးနောက်  Rene သည် လျှင်မြန်စွာပြန်လည်မတ်တပ်ရပ်နို်င်ပြီး နောက်တစ်နေ့တွင် အိမ်ပြန်နို်င်ခဲ့သည်။ Rene တွင် Dr. Tossapol၊ endocrinologist နှင့် nutritionist များအား ဖုန်း နှင့် အွန်လိုင်းစာပို့ခြင်းများဖြင့် ပုံမှန်ဆက်သွယ်လျှက်ရှိပြီး လူကိုယ်တိုင်ရက်ချိန်းများဖြင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

 
Rene သည် ၈ ပတ်အတွင်း ၂၄ ကီလိုဂရမ် ကိုယ်အလေးချိန်ချနိုင်ခဲ့ပြီး သူ၏ကျန်းမာသောလူနေမှုဘဝကို ဆက်လက်တိုးတက်စေခဲ့သည်။ အချို့သောဆရာဝန်များအနေဖြင့် ရက်ပေါင်းများစွာဝမ်းလျှောခြင်းကို သောက်ဆေးအနည်းငယ်နှင့် အရည်ပိုမိုသောက်ရန်သာ အကြံပေးလိမ့်မည်။ သို့သော် Dr. Tossapol အတွက်မူ၊ ၄င်းသည် သဲလွန်စတစ်ခုဖြစ်ပြီး သူတို့နှစ်ဦးသည် ရှုပ်ထွေးသော ပဟေဠိတစ်ခုကို ဖြေရှင်းရန် အတူတကွလုပ်ဆောင်ခဲ့သည်။


အလားတူလူနာများသည်လည်း Dr. Tossapol ၏ အဖွဲ့နှင့် စေ့စပ်သေချာသောဆွေးနွေးမှုကို ရရှိနိုင်ကြပါသည်။ နှလုံးအထူးကုများ၊  endocrinologists ၊ အဆုတ်အထူးကုများ၊ bariatric ခွဲစိတ်ဆရာဝန်များ၊ စိတ်ရောဂါအထူးကုများ၊ နှင့် အာဟာရပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘက်စုံကျွမ်းကျင်အဖွဲ့တစ်ခုလုံး၏ ပံ့ပိုးမှုဖြင့် လူနာများအတွက် အကောင်းဆုံးကုသမှုအစီအစဉ်များနှင့် ရေရှည်တည်တံ့သောရလဒ်များကို ရရှိနိုင်သည်။ အချို့လူနာများအတွက် ထို procedure ပြုလုပ်ရန်လိုအပ်ပြီး အခြားသောလူနာများအတွက် သူတို့၏ ဖြစ်ပေါ်ပြောင်းလဲနေသောအခြေအနေများနှင့် စိတ်လှုံ့ဆော်မှုများပေါ် မူတည်ပြီး non-procedural therapies များဖြစ်သော ဆေးသောက်ခြင်းများဖြင့်လည်း လူနာများကိုကူညီနိုင်သည်။ ထို  လုပ်ငန်းစဉ်တစ်လျှောက်လုံး မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးသည့်အချိန်များတွင် လူနာများအား ပံ့ပိုးပေးရန် ကျွန်တော်တို့အဖွဲ့မှ အဆင်သင့်ရှိနေပါသည်။


ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံရှိ လူနာများအားကူညီရန် Dr. Tossapol  နှင့် သူ၏အဖွဲ့ဝင်များ ရှိနေခြင်းကြောင့် အလွန်ကံကောင်းပါသည်။


Mr-Rene1-(002).jpg

Rene မှ “ ဂရုစိုက်မှုနှင့် စစ်မှန်သောစောင့်ရှောက်မှုကြား ခြားနားချက်ကြီးမားစွာရှိတယ်.. သူတို့က သင့်ကို တကယ့်စိတ်ရင်းမှန်နဲ့ ဂရုစိုက်တယ် Dr. Tossapol  မှ သူ့လူနာတွေကိုလည်း သူ့မိသားစုလို ဆက်ဆံတယ်.. “ ဟု ပြောပါသည်။
 


 
For more information please contact: