bih.button.backtotop.text

UROLIFT ဆီးကျိတ်ကြီး​ခြင်းအတွက် ခွဲစိတ်ဖြတ်တောက်ရန်မလိုအပ်သော နောက်ဆုံးပေါ်ကုသနည်းအသစ်

ապրիլի 11, 2024
ဆီးကျိတ်ကြီးခြင်းသည် အသက် 60 ကျော်အမျိုးသားများတွင်ထက်ဝက်နီးပါးနှင့် အသက် 70 ကျော်အမျိုးသားများတွင် 80 ရာခိုင်နှုန်းခန့်ဖြစ်ပွါးလေ့ရှိကြောင်းတွေ့ရှိရသည်။
ဤသို့ဆီးကျိတ်ကြီးလာခြင်းသည် ဆီးမကြာခဏသွားနေရခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးထွက်ရန်ခက်ခဲခြင်းနှင့် တစ်ခါတရံတွင်ဆီးကျန်ခြင်း စသောပြဿနာများကိုခံစားရစေနိုင်သည်။
၄င်းပြဿနာများသည်အချိန်ကြာလာသည်နှင့်အမျှ လူနာများ၏ဘဝအရည်အသွေးကို ကြီးမားစွာထိခိုက်စေနိုင်သည်။ ဆီးကျိတ်ကြီးခြင်းကိုကုသရန်နည်းလမ်းများစွာရှိပါသည်။
2013 ခုနှစ်မှစတင်၍ အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဠာန FDA မှအသိအမှတ်ပြုထားပြီးဖြစ်သော UROLIFT သည် အမေရိကန်နိုင်ငံတွင်ဆီးကျိတ်ကုသရန်စံပြသတ်မှတ်ထားသော ကုသမှုနည်းလမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ယခုဆိုလျှင် 2024 ခုနှစ် ဖေဖော်ဝါရီ 5 ရက်နေ့တွင် ထိုင်းနိုင်ငံ FDA မှလည်းအသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။



UROLIFT ဆိုတာဘာလဲ?

UROLIFT ဆိုသည်မှာ ဆီးကျိတ်ကြီး​ခြင်းအတွက် ခွဲစိတ်ဖြတ်တောက်ရန်မလိုအပ်သော နောက်ဆုံးပေါ်ကုသနည်းအသစ်ဖြစ်ပြီး ဆီးကျိတ်ကြီးလာခြင်းကြောင့် ကျဉ်းမြောင်းသွားသည့်ဆီးလမ်းကြောင်းကိုချဲ့ပေးခြင်းဖြစ်သည်။
ကုသမှုမစတင်မှီ လူနာအတွက်အားပျော့သောအိပ်ဆေးပေးထားမည်ဖြစ်ပြီး ထို့နောက်တွင်ဆီးလမ်းကြောင်းအတွင်းသို့ ကိရိယာငယ်လေးတစ်ခုကိုထည့်သွင်းလိုက်ပါမည်။ ရောဂါအခြေအနေဆိုးရွားမှုနှင့် ဆီးကျိတ်အရွယ်အစားပေါ်မူတည်ပြီး ကျန်းမာရေးအဆင့်သုံး Stainless Steel နှင့် အလွယ်တကူကွေးနိုင်ဆန့်နိုင်သော Nitinol သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားသည့် သေးငယ်သောအစားထိုးကိရိယာလေးကို နံပါတ်အရွယ်အစားအလိုက် ဆီးလမ်းကြောင်းအတွင်းထည့်ပေးခြင်းဖြစ်သည်။ ဤကိရိယာလေးမှ ပိတ်ဆို့နေသောဆီးကျိတ်ကိုပင့်မပေးထားနိုင်သဖြင့်ဆီးသွားလမ်းကြောင်းကိုပွင့်သွားစေရန်ကူညီပေးနိုင်သည်။ ဤကုသမှုနည်းလမ်းမှာ ခွဲစိတ်ရန်၊ အခြားကိုယ်တွင်းအင်္ဂါများကို ထိုးဖောက်ဖြတ်တောက်ရန်မလိုအပ်သည့်အပြင် ကုသချိန်မှာလည်းမိနစ် 30 မှ တစ်နာရီခန့်သာကြာမြင့်နိုင်ပါသည်။

 

ဘယ်သူတွေက UROLIFT လုပ်ဖို့သင့်တော်မလဲ?

  • အလယ်အလတ်မှ 100 ဂရမ်အရွယ်အစားထက်မကျော်သောဆီးကျိတ်အရွယ်အစားရှိသူများ
  • ဆီးအနည်းငယ်သွားနိုင်သေးသော သို့မဟုတ် ဆီးသွားပြီးနောက်ကျန်ရှိဆီးပမာဏ 350cc အောက်နည်းသောသူ
  • အသက်အရွယ်ကြီးသူများ သို့မဟုတ် အကြီးစားခွဲစိတ်မှုပြုလုပ်ရန်မသင့်တော်သော၊ ကျန်းမာရေးမကောင်းသောသူများ
  • အမျိုးသားလိင်အင်္ဂါကျန်းမာရေးနှင့်ပတ်သက်ပြီးထိခိုက်မည်ကိုစိုးရိမ်သောသူများ
 

UROLIFT နှင့်ကုသခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

  • ကုသမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဆီးသွားရန်ခက်ခဲသောပြဿနာများကိုလည်း ချက်ချင်းသက်သာစေနိုင်ခြင်း
  • ခွဲစိတ်ပြီးနောက်ဆီးပိုက်တပ်ထားရန်မလိုခြင်း
  • ကိုယ်တွင်းအင်္ဂါများကိုခွဲစိတ်ဖြတ်တောက်မှုမရှိခြင်း
  • အားပျော့သောအိပ်ဆေး သို့မဟုတ် ခါးရိုးဆစ်ထုံဆေးသာလိုအပ်ခြင်း (မေ့ဆေးအသုံးပြုရန်မလိုအပ်ပါ)
  • လိင်ကျန်းမာရေးနှင့်ပတ်သက်ပြီးထိခိုက်မှုမရှိခြင်း
  • ဆေးရုံတက်ရန်မလိုအပ်ခြင်း
  • ခွဲစိတ်မှုပြုလုပ်ရန်အန္တရာယ်ရှိသူများအတွက်သင့်တော်သောကုသမှုတစ်ခုဖြစ်ခြင်း
 

UROLIFT ပြုလုပ်ရန်လိုအပ်သောပြင်ဆင်မှုများ

  • မိမိသောက်သုံးနေသောဆေးဝါးများ၊ ပုံမှန်မှီဝဲလေ့ရှိသောဗီတာမင်နှင့်တိုင်းရင်းဆေးဖြည့်စွက်စာများ၊ နဂိုရောဂါအခံနှင့် ဆေးဓာတ်မတည့်မှုများကို ဆရာဝန်ထံကြိုတင်အသိပေးရန်လိုအပ်သည်။
  • ကုသမှုမစတင်မှီ ၈ နာရီခန့် အစာနှင့်ရေမသောက်သုံးရန်။
  • အစီအစဉ်မစမှီဆေးရုံသို့ တစ်နာရီခန့်ကြိုတင်ရောက်ရှိနေရမည်ဖြစ်ပြီး မိမိဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ယောက်ယောက်ခေါ်လာရန်လိုအပ်သည်။
 

UROLIFT ဖြင့်ကုသပြီးနောက် မိမိကိုယ်ကိုဆင်ခြင်ထိန်းသိမ်းသင့်သည့်အချက်များ

ကုသမှုပြီးနောက် ၂-၃ ရက်အတွင်းပေါ့ပါးသောကိုယ်လက်လေ့ကျင့်ခန်းများကိုသာလုပ်ဆောင်ပါ။
ထို့နောက်တွင် မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုပြန်လည်လုပ်ဆောင်နိုင်သော်လည်း ပြင်းထန်သောလှုပ်ရှားမှုနှင့်အားကစားများပြုလုပ်ခြင်းကို ၁-၂ ပတ်ခန့်အထိရှောင်ရှားသင့်သည်။

 

UROLIFT ဖြင့်ကုသခြင်း၏ ဖြစ်နိုင်ချေအန္တရာယ်များ

ဖြစ်နိုင်ချေအန္တရာယ်များကနည်းပါးပြီး နောက်ဆက်တွဲဆိုးကျိုးပြင်းထန်ခြင်းများလည်းမရှိပါ။ ဥပမာ -
  • ဆီးထဲတွင်သွေးပါခြင်း
  • ဆီးမကြာခဏသွားခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • အစားထိုးထည့်သွင်းထားသောကိရိယာ နေရာရွေ့သွားခြင်း (ဖြစ်နိုင်ချေအလွန်နည်းပါးပါသည်။)


ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ဆီးလမ်းကြောင်းကုသဠာနသည် ဆီးကျိတ်ကြီးခြင်းအတွက် UROLIFT ကိုအသုံးပြုပြီးကုသသည့် ထိုင်းနိုင်ငံ၏ပထမဦးဆုံးသောဆေးရုံဖြစ်သည်။
ကျွန်ုပ်တို့ဠာနတွင် ဤသို့ကုသခြင်းအတွက် အမေရိကန်နိုင်ငံတွင်လက်တွေ့သင်ကြားကုသခဲ့သော အတွေ့အကြုံရှိသည့် အထူးကုသမားတော်များရှိခြင်းကြောင့် လူနာများအတွက် အရည်အသွေးပြည့်ဝကောင်းမွန်သော ကုသမှုရလာဒ်များရရှိစေရန်ကူညီပေးနိုင်သည်။


Dr. Atip Chatsudthipong မှ




 
For more information please contact:
  • Urology Center
    Tel: +66 2011 2222