အရိုးဆစ်အစားထိုးခွဲစိတ်ကုသရာတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် မာကိုပလက်စတီနည်းပညာ (MAKOplasty) ဖြစ်သည့် စက်ရုပ်လက်အထောက်အကူဖြင့် အရိုးဆစ်အစားထိုးခွဲစိတ်မှုကို ပြုလုပ်ပေးပါသည်။ ဒူးခေါင်းရိုးနှင့် တင်ပါးဆုံရိုး အစားထိုးခွဲစိတ်မှုများအတွက် ဤစနစ်ကိုအသုံးပြုရန် ကျွန်ုပ်တို့တွင် နည်းပညာနှင့်အသိပညာများရှိပါသည်။
ဤနည်းပညာ၏ ထိရောက်မှုနှင့်အတူ ကျွမ်းကျင်၍အတွေ့အကြုံရှိသော ကျွန်ုပ်တို့၏ ဆရာဝန်များအဖွဲ့ပေါင်းစပ်လိုက်သောအခါ စက်ရုပ်လက်အကူအညီဖြင့်ခွဲစိတ်ခြင်းသည် ဆရာဝန်အား အစားထိုးမည့်အဆစ်ကို အလွန်တိကျစွာ ထည့်သွင်းနိုင်စေပါသည်။ ထို့ကြောင့် အစားထိုးထားသည့် အရိုးဆစ်၏ သက်တမ်းကို ပိုမိုကြာရှည်စေပါသည်။
စက်ရုပ်လက်အကူအညီဖြင့် အရိုးဆစ်အစားထိုးခြင်း၏ အားသာချက်များ
- အစားထိုးအဆစ်အားတိကျစွာထည့်သွင်းနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်တစ်ရှူးထိခိုက်မှုနည်းစေပြီး ခွဲစိတ်ရာတွင် အရိုးလှီးဖြစ်ရမှု အနည်းငယ်သာဖြစ်ခြင်း။
- အစားထိုးထားသည့် ဒူးခေါင်းနှင့် တင်ပါးဆုံးတို့သည် အခြားနည်းလမ်းများဖြင့် အစားထိုးခြင်းထက် ပိုမိုကြာရှည်ခံခြင်း။
- လူနာသည် ယေဘုယျအားဖြင့် အိမ်သို့အမြန်ဆုံးပြန်နိုင်ခြင်း - ဆေးရုံတက်ရက် အနည်းဆုံး ၁ ရက်ခန့်၊ အများဆုံး ၃ ရက်ထက်ပိုမကြာခြင်း။
- ဒူးခေါင်းအစားထိုးခွဲစိတ်မှုတွင် ခွဲစိတ်စဉ် ဒူးခေါင်းအရှေ့နှင့်အနောက်ရှိအရွတ်များ အပါအဝင် ဘေးပတ်ပတ်လည်ရှိ အရိုးနုများကို ထိခိုက်မှုမရှိသည့်အတွက် လူနာသည် ၎င်းတို့၏ဒူးခေါင်းကို သဘာဝအတိုင်း လှုပ်ရှားနိုင်ခြင်း
- ထိုးထွင်းဝင်ရောက်မှုနည်းသောနည်းပညာဖြင့် သေးငယ်သောခွဲစိတ်ကြောင်းမှတဆင့် ခွဲစိတ်ခြင်းဖြင့် စက်ရုပ်လက်တံသည် ခွဲစိတ်ဆရာဝန်အား လိုအပ်သော အရိုးအပိုင်းကိုသာ ဖယ်ရှားစေသည့်အတွက် နာကျင်မှုကိုလျော့နည်းစေကာ နာလန်ထူပိုမိုလျင်မြန်စေခြင်း