bih.button.backtotop.text

လာမည့် ဗယ်လင်တိုင်းဒေးမှာ သင့်နှလုံးသားကိုချစ်မြတ်နိုးဖို့ နည်းလမ်း (၄) သွယ်

փետրվարի 12, 2018


4-way-love-you-heart-500x450-(2).jpg

ဗယ်လင်တိုင်းဒေးဟာ အချစ်ကိုကျင်းပခြင်းပါပဲ၊ ဒါဆို သင့်နှလုံးသားကို သင်ဘယ်လိုဂရုစိုက်သလဲဆိုတာ ပြလိုက်ပါ။ နှလုံးကျန်းမာသန်စွမ်းပြီး ပျော်ရွှင်ဖို့အတွက် ပြုလုပ်ရမည့်အရာတွေပြောပြီး ကျန်းမာပျော်ရွှင်သော ဗယ်လင်တိုင်းဒေးကို ဖြတ်သန်းလိုက်ကြရအောင်။ ပြုလုပ်ရမည့်အရာတွေကတော့ ကျန်းမာသောအစာစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အန္တရာယ်ဖြစ်စေသောအရာများကို စစ်ဆေးခြင်းနှင့် ဆေးလိပ်သောက်ခြင်းကဲ့သို့သော မကောင်းသည့်အလေ့အကျင့်ကို စွန့်လွှတ်ခြင်းစသော ရိုးရှင်းတဲ့နည်းလမ်းလေးတွေပါပဲ။

ကျန်းမာသောအစာများစားခြင်း

နှလုံးကောင်းစေသောအစားအစာများသည် ခက်ခက်ခဲခဲမဟုတ်ပဲ အရသာလည်းရှိပါသည်။ အဆင့်ဆင့်ပြင်ဆင်ပြုလုပ်ထားခြင်းမရှိသော အစာများပင်ဖြစ်ပါသည်။ ထိုအစာများသည် မရှိမဖြစ်လိုအပ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Anti-oxidants) များ၊ အမျှင်ဓါတ်များ၊ ကောင်းသောအဆီများကိုပေးသဖြင့် သင့်နှလုံးအား ကျန်းမာသန်စွမ်းစေပါသည်။

ဗယ်လင်တိုင်းဒေးမှာ သင့်ချစ်သူနဲ့ညစာထွက်စားမည်ဆိုပါစို့။ အဆင့်ဆင့်နူးညံ့သန့်စင်အောင် ပြုလုပ်ထားသော အစားအစာများထက် ဂျုံကြမ်းဖြင့်ပြုလုပ်ထားသော အီတလီခေါက်ဆွဲခြောက်တို့ ပေါင်မုန့်တို့ကို ရွေးချယ်ဖို့ အကြံပြုပါသည်။ ပန်းကန်ထဲတွင်လည်း အသီးအရွက်အရောင်စုံပါဝင်ပါစေ။ ကိုက်လန်၊ အနီရဲရဲဘယ်ရီသီးများ၊ လိမ္မော်၊ ကန်စွန်းဥ စသည်တို့စုံလင်ပါစေ။ ဝိုင်တစ်ခွက်လောက်နဲ့ ကြက်ကြော်လေးတစ်တုံး၊ ဒါမှမဟုတ် ချောကလက်အမည်းနှစ်ခုလောက် စားလို့လည်းပြဿနာမရှိပါ။

ချက်ပြုတ်နည်လမ်းအရဆိုလျှင် ဆီကြော်များထက် ကင်ထားသောအသားများကို စားသုံးပါ။ သို့မှသာ ကယ်လီရီနှင့် ပြည့်ဝဆီစားသုံးမှုပမာဏကိုလည်း လျှော့ချရာရောက်မည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

နှလုံးကျန်းမာစေမည့် လေ့ကျင့်ခန်းလုပ်ရန် အချိန်ယူပါ။ မြန်မြန်ပဲဖြစ်စေ၊ အေးအေးဆေးဆေးပဲဖြစ်စေ နှစ်သက်သည့်နေရာတွင် လမ်းများများလျှောက်ပါ။ နှင်းကျသည့်ဒေသများ သို့မဟုတ်လည်း နှင်းလျှောစီးလို့သည့်နေရာများတွင် နှင်းလျှောစီးခြင်းလိုမျိုးကို ကြိုးစားကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုသည် အနည်းငယ်ပင်ဖြစ်စေ နှလုံးအတွက် အကျိုးရှိပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကိုယ်အလေးချိန်ထိန်းရာရောက်ပြီး နှလုံးရောဂါနှင့်လေဖြတ်ခြင်းအန္တရာယ် လျော့ကျစေသည်။ လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်မှ အင်ဒိုဖင်း (Endorphins) ဆိုသည့်ဓါတ်များထွက်လာစေပြီး စိတ်ပျော်ရွှင်မှုရစေသည်။

သွေးစစ်ဆေးခြင်း

နှလုံးရောဂါဖြစ်စေမည့် အကြောင်းရင်းများကိုလေ့လာခြင်းသည် နှလုံးကိုကာကွယ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ အသက်အရွယ်နှင့် နှလုံးရောဂါမျိုးရိုးရာဇဝင်စသည့် အခြေအနေများကိုတော့ ပြောင်းလဲမရနိုင်ပါ။ သို့သော် မိမိပြုပြင်ပြောင်းလဲယူနိုင်သောအရာများကိုစစ်ဆေးပါ။ ၎င်းတို့မှာ ကိုလက်စထရော၊ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓါတ်နှင့် ကိုယ်အလေးချိန်တို့ဖြစ်ပြီး အဆိုပါအချက်အားလုံးသည် ပြုပြင်ယူနိုင်သည့်အရာများဖြစ်သည်။ သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ဖြင့် ၎င်းတို့၏ အနည်း၊ အများကို သိခြင်းသည် နှလုံးရောဂါဖြစ်စေမည့်အန္တရာယ်များကာကွယ်ရေးအတွက် အမှန်ကန်ဆုံးနည်းလမ်းဖြစ်သည်။

ကျန်းမာရေးစစ်ဆေးခြင်း (Check-up) မှလည်း သိရှိနိုင်ပါသည်။
https://www.bumrungrad.com/en/health-check-up-center-bangkok-thailand-jci-best/check-up-packages

စစ်ဆေးမှုအနည်းငယ်ဖြင့် သင့်သွေးအဖြေများကို သိနိုင်သည်။ သွေးအဖြေများမြင့်တက်နေလေလေ နှလုံးရောဂါဖြစ်နိုင်မည့်အန္တရာယ်၊ သို့မဟုတ် နှလုံးဖောက်ပြန်ခြင်း (Heart attack) သို့မဟုတ် လေဖြတ်ခြင်းအန္တရာယ် များလေလေဖြစ်သည်။ သင့်သွေးအဖြေများကိုသိသောအခါ ရောဂါဖြစ်နိုင်မည့်အန္တရာယ်များအား မည်သို့ရှောင်ရမည်ကို သေချာနားလည်ပြီး ပိုမိုကျန်းမာသောနှလုံးရစေဖို့ ဖြည်းဖြည်းချင်း ပြောင်းလဲယူသွားနိုင်သည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းသည် ကာကွယ်နိုင်သောရောဂါများနှင့် သေဆုံးခြင်းတို့၏ အဓိကတရားခံတစ်ခုဖြစ်သည်။ ဆေးလိပ်ကြောင့် သွား၊ သွားဖုံးနှင့် အဆုတ်များကို ဒုက္ခပေးသည်သာမက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေသည်။ ဆေးလိပ်ကြောင့် နှလုံးရောဂါဖြစ်နိုင်မည့်အန္တရာယ် သိသိသာပိုများပြီး နှလုံးရောဂါနှင့်အတူ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်စေသည်။

ဆေးလိပ်ဖြတ်လိုက်သည်နှင့် ခန္ဓာကိုယ်မှ ဆေးလိပ်ကြောင့်ပျက်စီးထားသောအရာများ အမြန်ပြန်ကောင်းအောင် ပြုလုပ်သည်။ ဆေးလိပ်ကြောင့် ကိုယ်ကာယစွမ်းအားကျစေသဖြင့် ဖြတ်လိုက်သောအခါ အားအင်များ ပြန်လည်ပြည့်ဝလာမည်။ နှလုံးကျန်းမာရေးအရပြောရလျှင် ဆေးလိပ်ဖြတ်ခြင်းသည် နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေသည်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးခဲဖြစ်ပေါ်ခြင်းကိုလည်း နည်းစေသည်၊ ထို့ကြောင့် လေဖြတ်နှင့် နှလုံးဖောက်ပြန်ခြင်း (Heart attack) တို့ ဖြစ်နိုင်ချေနည်းသွားသည်။

ယခုဗယ်လင်တိုင်းဒေးမှာ သင့်နှလုံးသားအတွက် ကျန်းမာအောင်နေထိုင်ပါ။

ဒေါက်တာ ချိုတီကွန် ခွန်နာဝတ်၊ နှလုံးအထူးကု၊ နှလုံးရောဂါကုဌာန၊ ဘမ်ရွန်ဂရက်ဆေးရုံကြီး။
 

IMG
IMG
IMG
IMG




    Scroll for more