bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

တစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း : မျှော်လင့်ချက်နှစ်ဆ၊ စောင့်ဆိုင်းချိန်တစ်ဝက်၊ အပြည့်အဝပြန်ကောင်းမှု

ဆောင်းပါးတို : သာမန်တူညီသော ပင်မဆဲလ်(Stem Cell) အစားထိုးကုသခြင်း (လူအများခေါ်ဆိုသည့် “တစ်ဝက်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း”) သည် Horizon ဒေသဆိုင်ရာကင်ဆာဌာနတွင် ရရှိနိုင်သည့် ထိရောက်မှုအမြင့်မားဆုံး ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်သည်။ “ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းက သွေးကင်ဆာရောဂါအတွက် ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေမှာ ကင်ဆာရောဂါ ကုသမှု လုံးဝ ပျောက်ကင်းဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ တူညီတဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းသူ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အလန်းက အလွန်နဲပါတယ်။ သို့သော်လည်း ယခုအခါ အောင်မြင်မှုနှုန်းမြင့်မားတဲ့ ကုသမှုအတွက် ၅၀% သာ တူညီဖို့ လိုအပ်ပါတယ်” ဟု သွေးပညာနှင့် ကင်ဆာရောဂါအထူးကုဆရာဝန် တွဲဖက်ပါမောက္ခ Dr. Wichean Mongkonsritragoon မှ ပြောပြသည်။

ဆက်ဖတ်ရန်

နှစ် ၁၀၀ အင်ဆူလင် : ဆီးချိုရောဂါလူနာတွေအတွက် ဆန်းသစ်တီထွင်မှုရာစုနှစ်

ဆီးချိုရောဂါသည် နှစ်ပေါင်း တစ်ထောင်ကျော် မှတ်တမ်းတင်ရာဇဝင်ဖြင့် လူသားများအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ ယခုတိုင် ဆီးချိုရောဂါ၏ အကြောင်းရင်းမှန် ဖြစ်သည့် အင်ဆူလင် ကို တွေ့ရှိခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်ရာက ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော ရာစုနှစ်များအတွင်း ဆီးချိုရောဂါကုသမှုတွင် တီထွင်ဆန်းသစ်မှုများသည် အင်ဆူလင်တွင်သာ ရပ်တန့်ခဲ့သည် မဟုတ်ပါ။ ရောဂါနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုအသစ်အဆန်းများလည်း တွေ့ရှိခဲ့သည်။ ဆေးဝါးအသစ်များအား တီထွင်ထုတ်လုပ်ခဲ့ပြီး သွေးထဲရှိ သကြားဓာတ်အဆင့်များကို ရည်မှန်းရုံသာမက နှလုံးနှင့် သက်ဆိုင်သည့် ပြဿနာများကိုလည်း ဖြေရှင်းပေးခဲ့ပြီး နောက်ဆုံးတွင် ဆီးချိုရောဂါလူနာများ၏ သေပျောက်မှုနှုန်းကို လျှော့ချပေးသည်။

ဆက်ဖတ်ရန်

HPV - Zip Up Challenge: သင်သည် သင်၏သက်တမ်းတစ်လျှောက် HPV ပိုး ရကောင်းရနိုင်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၅၇၀ ၀၀၀ တွင် သားအိမ်ခေါင်းကင်ဆာခံစားနေရပြီး ၃၁၁၀၀၀ သည် ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အန္တရာယ်ကြီးပြီး ကူးစက်နှုန်းမြန်သော HPV ပိုးအမျိုးအစားများသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသော အဓိကအကြောင်းအရင်းဖြစ်သည်။

ဆက်ဖတ်ရန်