bih.button.backtotop.text

ကျောရိုးဆစ်တွယ်ဆက်ခြင်း (Spinal Fusion)

ကျောရိုးဆစ်တွယ်ဆက်ခြင်း ဆိုသည်မှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ကျောရိုးဆစ်များကို တွယ်ဆက်သည့် ခွဲစိတ်နည်းဖြစ်သည်။ ဤကျောရိုးကုသမှုသည် ကျောရိုးဆစ်များပုံမှန်မဟုတ်ပဲ မငြိမ်၍ဖြစ်ပေါ်လာသည့်နာကျင်မှုကို ပျောက်စေရန် အဆိုပါကျောရိုးဆစ်များအား မလှုပ်နိုင်အောင် ပြုလုပ်ရာတွင် အသုံးပြုသည်။

ကျောရိုးဆစ်တွယ်ဆက်ခြင်းကို ဘာကြောင့်ပြုလုပ်ပါသလဲ။

ကျောရိုးဆစ်တွယ်ဆက်ခြင်း အား ခါးအောက်ပိုင်းအရိုးဆစ်များတွင် ပြုလုပ်လေ့ရှိသည်။ သို့သော် လည်ပင်းနှင့် ကျောဘက်ပိုင်းအရိုးဆစ်များအား ကုသရာတွင်လည်း သုံးပါသည်။ ကျောရိုးဆစ်တွယ်ဆက်ရန်လိုအပ်သောလူနာများသည် အာရုံကြောဆိုင်ရာလက္ခဏာများ သို့မဟုတ် အလွန်အမင်းနာကျင်နေပြီး မခွဲရသောနည်းလမ်းများဖြင့် ကုသ၍မပျောက်သောသူများဖြစ်သည်။ 

အောက်ပါအခြေအနေများတွင် ကျောရိုးဆစ်တွယ်ဆက်ခြင်းလိုနိုင်ပါသည်။

  • ရိုးဆက်ချပ်ပြားဝိုင်းပျက်စီးခြင်းရောဂါ
  • ရိုးဆက်ချပ်ပြားဝိုင်းပျက်စီးခြင်းမှလာသောနာကျင်မှု
  • ကျောရိုးအကျိတ်
  • ကျောရိုးကျိုးခြင်း
  • ခါးစောင်းခြင်း
  • ခါးကုန်းခြင်း
  • ခါးဆစ်ရှေ့သို့ချော်ထွက်ခြင်း
  • ကျည်းပေါင်းတက်ခြင်း
  • အခြား အသက်အရွယ်ရ၍ ပျက်စီးတတ်သောအခြေအနေများ
  • ကျောရိုးမတည်ငြိမ်ခြင်းဖြစ်စေသည့် မည်သည့်အခြေအနေမဆို
များသောအားဖြင့် ခိုင်မြဲအောင်ပြုလုပ်ခြင်းဟုခေါ်သောနည်းလမ်းဖြင့် အရိုးဆစ်တွယ်ဆက်ခြင်း ပြုလုပ်ပါသည်။ ဆိုလိုသည်မှာ သတ္တုဝက်အူများ (တိုက်တေနီယမ်ဖြင့်ပြုလုပ်ထားသော)၊ ဝက်အူဆက်အတံ သို့မဟုတ် ပလိတ်ပြားများ၊ သို့မဟုတ် အရိုးဆစ်နှစ်ခုကြားထည့်သည့် အစားထိုးပစ္စည်းတို့ဖြင့် အရိုးဆစ်များဆက်ခြင်းကိုအားပေးရန် မလှုပ်အောင်ပြုလုပ်ခြင်းဖြစ်သည်။ အရိုးဆစ်ဆက်ခြင်းသည် ခွဲစိတ်ပြီးနောက် ၆-၁၂ လအတွင်းဖြစ်လေ့ရှိသည်။ အဆိုပါအချိန်အတွင်း အပြင်ဖက်မှ ခါးပတ်ကဲ့သို့သောအထိန်းပစ္စည်းများလိုအပ်သည်။ ဆေးလိပ်သောက်ခြင်း၊ အရိုးပွသည့်ရောဂါရှိခြင်း၊ အချို့ဆေးဝါးများသုံးစွဲခြင်းနှင့် အပြင်းအထန်လှုပ်ရှားမှုပြုခြင်းတို့သည် အရိုးဆက်ခြင်းကိုနှောင့်နှေးစေရုံသာမက မဆက်တော့ခြင်းပင် ဖြစ်စေတတ်သည်။ မဆက်ပါက ထပ်မံခွဲစိတ်ရန်လိုအပ်ပါမည်။

အာရုံကြောမကြီးအားထိခိုက်မိခြင်းမှာ အလွန်နည်းပါသည်၊ ခွဲစိတ်သူများ၏ ၁% လောက်တွင်သာ ဖြစ်တတ်ပါသည်။ သို့သော် မည်သည့်ခါးရိုးခွဲစိတ်မှုမျိုးတွင်မဆို အောက်ပါတို့အပါအဝင် အခြားအန္တရာယ်များရှိတတ်ပါသည်။

  • ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း
  • ပိုးဝင်ပြီး ပိုးသတ်ဆေးများလိုအပ်ခြင်း
  • ထည့်သည့်ပစ္စည်းပြဿနာ - ခွဲပြီးနောက် ထည့်သည့်ပစ္စည်းများချောင်လာခြင်း
  • သွေးခဲဖြစ်ပေါ်ခြင်း
  • မေ့ဆေးအန္တရာယ်များ
ကိုယ်အလေးချိန်ချခြင်းနှင့် အနာသက်သာစေရန်ဆေးသောက်ခြင်းစသည့် မခွဲစိတ်ပဲပြုလုပ်နိုင်သည့်နည်းများကို ခွဲစိတ်ဆရာဝန်မှ ရှင်းလင်းပြပါမည်။ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ခါးပတ်ကဲ့သို့အထိန်းပစ္စည်းများသုံးခြင်းသည်လည်း ထိုးထွင်းဝင်ရောက်မှုမရှိသောနည်း (မခွဲစိတ်ရသောနည်း) ဖြင့် ကျောရိုးငြိမ်အောင်ပြုလုပ်ခြင်းအား အထောက်အကူပြုပါသည်။
ခွဲစိတ်ပြီးနောက် အချို့သူများတွင် ခါးနာခြင်းခံစားရတတ်ပြီး ခါးပတ်ကဲ့သို့အထိန်းပစ္စည်းသုံးရပါမည်။ သက်ကြီးပိုင်းများတွင် ခွဲစိတ်ရချိန်ပိုကြာတတ်ပြီး ကလေးများထက် နာလန်ထရန်လည်း ပိုကြာတတ်သည်။
လူနာအားစမ်းသပ်ဆွေးနွေးပြီးသောအခါ ဤခါးခွဲခြင်းအတွက် သင့်တော်၊ မသင့်တော်ကို ဆရာဝန်မှ ဆုံးဖြတ်ချက်ချပေးပါလိမ့်မည်။

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 9.00 of 10, based on 10 vote(s)

Related Health Blogs