bih.button.backtotop.text

ရေတိမ်အကြောင်း သင်သိထားရမည့်အရာများ

հունիսի 29, 2018


What-You-Need-to-Know-About-Glaucoma-500x450.jpg

ကမ ္ဘာတစ်ဝှမ်း၌ လုံးဝမျက်စိကွယ်သွားစေတတ်သည့် အကြောင်းရင်းများတွင် ရေတိမ်ရောဂါသည် ထိပ်ဆုံးမှ ရှိနေသည်။ အမေရိကန် မျက်စိရောဂါဆိုင်ရာအဖွဲ့၏အဆိုအရ တစ်ကမ ္ဘာလုံးတွင် ခန့်မှန်းခြေ လူဦးရေ ၆၄.၃ သန်းခန့် ရေတိမ်ရောဂါခံစားနေရသည်။ ၂၀၄၀ ခုနှစ်တွင် အဆိုပါကိန်းဂဏန်းသည် နှစ်ဆနီးပါးခန့်တိုးလာနိုင်ပါသည်။ ဤရောဂါကြောင့် နှစ်စဉ် သန်းနှင့်ချီသောလူများသည် အမြင်အာရုံဆုံးရှုံးနေရပါသည်။ ရေတိမ်သည် မျက်စိအတွင်း ဖိအားမြင့်တက်သဖြင့် တဖြည်းဖြည်းဆိုးလာသော အမြင်အာရုံနာဗ်ကြောရောဂါစုကြောင့် ဖြစ်ပေါ်ရသည်။ အစောပိုင်းတွင် ရောဂါလက္ခဏာများများ ပြလေ့မရှိသောကြောင့် ကုစားမရသည့် အမြင်အာရုံဆုံးရှုံးခြင်း ဖြစ်မလာခင် အချိန်မီစစ်ဆေးကုသမှုရယူရန် ခက်ခဲပါသည်။

သင့်တွင်ရေတိမ်ဖြစ်လာနိုင်ခြေရှိပါသလား။

ရေတိမ်ဖြစ်မလာရန် ကာကွယ်မရသော်လည်း ရောဂါဖြစ်ခါစတွင် စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့လျှင် မျက်စိကွယ်သွားမည့် အခြေအနေကို ကာကွယ်နိုင်ပါသည်။ ရေတိမ်ရှိနေသည့် လူအတော်များများသည် အလွန်နောက်ကျချိန်အထိ မသိလိုက်ကြပါ။ ထို့ကြောင့် ဖြစ်လေ့ရှိသော ရောဂါဖြစ်စေသည့်အကြောင်းရင်းများကို သတိထားမိရန် အရေးကြီး ပါသည်။

  • အသက် ၄၀ နှင့်အထက်ဖြစ်ခြင်း
  • မိဘမျိုးရိုးတွင် ရေတိမ်ဖြစ်ဖူးခြင်း
  • ယခင် မျက်စိထိခိုက်ဒဏ်ရာရဖူးခြင်း
  • မျက်စိရေချိန်မြင့်တက်နေခြင်း
  • စတီးရွိုက်ဆေးများသောက်နေရခြင်း

အခြားအချက်များမှာ မျက်စိအနီးကြည့်နှင့်အဝေးကြည့်ပါဝါများနေခြင်း၊ မျက်ကြည်လွှာပါးခြင်း၊ ဆီးချိုရောဂါရှိခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်တတ်ခြင်းတို့ ဖြစ်သည်။

ရေတိမ်ကို မည်သို့ရောဂါရှာဖွေစစ်ဆေးမလဲ။

ဘမ်ရွန်ဂရက်ရှိ မျက်စိကုဌာနတွင် သင့်အတွက်ရေတိမ်ဖြစ်နိုင်မည့်အကြောင်းရင်းများကို သိရှိရန် နည်းလမ်းမျိုးစုံဖြင့် အဖြေရှာပေးနေပါသည်။ ထိုနည်းလမ်းများမှာ -

  • အဏုကြည့်မှန်ဘီလူးဖြင့် (အလင်းတန်းထုတ်ကိရိယာဖြင့်တွဲ၍) မျက်လုံးစစ်ဆေးခြင်း (Slit-lamp)
  • မျက်လုံးရေဖိအားတိုင်းတာခြင်း (Intraocular Pressure)
  • ဗဟိုမျက်ကြည်လွှာတိုင်းတာစစ်ဆေးခြင်း (Pachymeter)
  • မျက်လုံးအိမ်ရှေ့ပိုင်း မျက်စိရည်ကြည်လှည့်ပေါက်ထောင့် စစ်ဆေးခြင်း (Visante OCT)
  • အမြင်အာရုံကြောနာဗ် စစ်ဆေးခြင်း
  • မြင်ကွင်းစစ်ဆေးခြင်း

 

ရေတိမ်ကို မည်သို့ကုသမှုပေးပါသလဲ။

ရောဂါအမျိုးအစားနှင့် ရေတိမ်အဆင့်ပေါ်မူတည်ပြီး ကုသမှုနည်းလမ်းများစွာ ရှိပါသည်။ အဆိုပါအချက်အလက်များကို သိရှိပြီးသည့်နောက် ဆရာဝန်မှ အကောင်းဆုံး ထိရောက်မှုရှိမည့်ကုသမှုအား ဆက်လက်ဆောင်ရွက်သွားပါမည်။

  • မျက်စဉ်းများ - ရွေးချယ်ရန် မျက်စဉ်းဆေးအမျိုးအစား များစွာရှိပါသည်။ မျက်လုံးတွင်း မျက်စိရည်ကြည်စီးဆင်းမှု ပိုကောင်းအောင် ပြုလုပ်ပေးခြင်း သို့မဟုတ် မျက်လုံးမှထုတ်သော မျက်စိရည်ကြည်ပမာဏ နည်းသွားအောင် ပြုလုပ်ပေးခြင်းဖြင့် မျက်လုံးတွင်းဖိအားကိုလျှော့ချပြီး အရည်စီးဆင်းမှုကိုလည်း တိုးမြှင့်မြန်ဆန်လာစေသည်။
  • လေဆာကုထုံး - လေဆာကုထုံးအမျိုးအစားသည် ရေတိမ်အမျိုးအစားနှင့် အဆင့်ပေါ်မူတည်သည်။
    • Selective Laser Trabeculoplasty (SLT) ဟုခေါ်သော မျက်စိရည်ကြည်စီးဆင်းသည့် တစ်ရှုးမျှင်တန်းသို့ လေဆာရောင်ခြည်ပေးပြီး အရည်စီးဆင်းမှုကိုကောင်းစေခြင်းဖြင့် မျက်လုံးဖိအား လျော့စေသည့်နည်းအား အခြားကုသနည်းများဖြင့်တွဲဖက်ပြုလုပ်လေ့ရှိသည်။ ဤနည်းကို မျက်စိရည်ကြည်စီးလမ်းကြောင်းမပိတ်သောရေတိမ်အားကုသရာတွင် မျက်စဉ်းများဖြင့် ထိရောက်မှု မရှိတော့သည့်အခါ သုံးသည်။
    • Laser Peripheral Iridotomy (LPI) ဆိုသော မျက်နက်ဝန်းပတ်လည်တွင် လေဆာဖြင့်အပေါက်ဖောက်ခြင်းနည်းအား မျက်စိရည်ကြည်စီးလမ်းကြောင်း ပိတ်နေသော ရေတိမ်များအားကုသရာတွင် အသုံးပြုသည်။
    • Laser Cyclophotocoagulation ဆိုသော မျက်စိရည်ကြည်ထုတ်တစ်ရှုးကို ဖျက်ဆီးပစ်သည့် နည်းလမ်းအား အခြားနည်းလမ်းများဖြင့် ကုသ၍မရတော့သည့်အခါ အသုံးပြုသည်။
  • သမိုးကျခွဲစိတ်မှုများ - မျက်စဉ်းများ သို့မဟုတ် လေဆာကုထုံးများသည် ရေတိမ်ကိုကုသမှု မအောင်မြင် တော့သည့်အခါ သမရိုးကျခွဲစိတ်နည်းများကိုသုံးပါသည်။
    • မျက်တောင်အရွယ်ရှိ XEN ပြွန်ငယ်လေး သို့မဟုတ် iStent အစရှိသော မျက်လုံးဖိအားလျော့စေသည့် ပစ္စည်းများထည့်ပြီးကုသသည့် ဒဏ်ရာနည်းသော ရေတိမ်ခွဲစိတ်ခြင်း
    • မျက်လုံးအဖြူသားတွင် အပေါက်ငယ်လေးဖောက်ပြီး မျက်လုံးဖိအားလျော့စေသည့် ခွဲစိတ်ကုသခြင်း (Trabeculectomy)
    • မျက်စိရည်ကြည်စီးဆင်းရန် မျက်လုံးထဲတွင် မျက်စိရည်ကြည်လမ်းကြောင်းလွှဲပစ္စည်းငယ်လေးထည့်ပြီး ကုသခြင်း (Aqueous Shunt Surgery)။ ယခုနည်းသည် အထက်ပါ မျက်လုံးအဖြူသားတွင် အပေါက်ဖောက်ခြင်းနည်းဖြင့် ထိရောက်မှုမရှိသည့်အခါ သုံးပါသည်။

အမြင်အာရုံသည် အဖိုးတန်သောလက်ဆောင်ဖြစ်သည့်အတွက် မည်သို့မဆို ထိန်းသိမ်းထားသင့်ပါသည်။ သင့်တွင် ရေတိမ်ဖြစ်လာနိုင်သည့်အကြောင်းရင်းခံရှိသည်ဟု သံသယရှိပါက မျက်စိအထူးကုနှင့်တိုင်ပင်ဆွေးနွေးပါ။ ပြီးပြည့်စုံသောမျက်စိစစ်ဆေးခြင်းအတွက် ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ မျက်စိကုဌာနတွင် ရက်ချိန်းရယူနိုင်ပါသည်။ မျက်စိကုဌာနသည် ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးခန်းအဆောက်အဦး ၁၈ ထပ်တွင် တည်ရှိပြီး ဖုန်း +၆၆ ၂၀၁၁ ၃၈၉၁ သို့ဆက်သွယ်နိုင်ပါသည်။

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ မျက်စိကုဌာနမှ Dr. Pinita Wanumkarng မှရေးသားပါသည်။
 

IMG
IMG
IMG
IMG
    Scroll for more