bih.button.backtotop.text

အောက်စီဂျင်ဖြင့် ရောဂါများကုသခြင်း

մայիսի 25, 2018


HBOT-500x450-(1).jpg


ပုံမှန်အားဖြင့် ကျွန်ုပ်တို့ရှုနေသောလေတွင် အောက်စီဂျင် ၂၀% သာပါဝင်သည်။ သို့သော် အောက်စီဂျင်ကုထုံး ပေးခြင်းဖြင့် လူနာများသည် အောက်စီဂျင်သက်သက် ၁၀ဝ% ရှုနိုင်မည်ဖြစ်သည်။ လူနာတစ်ယောက်သည် လေထုဖိအားအမြင့်တွင် အောက်စီဂျင်ရပါက ပုံမှန်လေထုဖိအားတွင်ရှိနေခြင်းနှင့်စာလျှင် သွေးရည်ကြည်သည် တစ်ရှုးများသို့ အောက်စီဂျင်များများကို အကြိမ်ပေါင်းများစွာ သယ်ဆောင်ပေးနိုင်ပါသည်။ ထို့ကြောင့် အနာကျက်မြန်အောင် ကူညီပေးပါသည်။


အောက်စီဂျင်ကုထုံး အကျိုးကျေးဇူးများမှာ -

  • တစ်ရှုးနှင့် ဆံခြည်မျှင်သွေးကြောတိုးပွားခြင်းကို အားပေးလှုံ့ဆော်သည်။ ခန္ဓာကိုယ်မှ ဆံခြည်မျှင်သွေးကြောအသစ်လေးများ ဖြစ်ပေါ်စေပြီးသည့်နောက် အောက်စီဂျင်ကုထုံးသည် အောက်စီဂျင်နှင့် သွေးအလုံအလောက်မရရှိသောအင်္ဂါအစိတ်အပိုင်းများသို့ သွေးပိုရောက်အောင်အားပေးသဖြင့် ပို၍အနာအကျက်မြန်သည်။
  • ဘက်တီးရီးယားများကိုတိုက်ခိုက်ရန် သွေးဖြူဥများ၏စွမ်းရည်ကို တိုးတက်စေသည်။
  • အချို့သောပိုးကူးစက်ခြင်းရောဂါများကို ကာကွယ်၊ တိုက်ထုတ်နိုင်သည်။
  • တစ်ရှုးရောင်ရမ်းခြင်းကို နည်းစေသည်။
  • တစ်ရှုးနှင့်သွေးကြောများထဲရှိ ပူစည်ဖောင်းလေးများ၏အရွယ်ကို သေးငယ်စေသည်။ ဥပမာ - လေ သို့မဟုတ် ဂက်စ်ကြောင့် သွေးကြောဆို့ခြင်းများတွင်။


လက်ရှိဆေးပညာလောကတွင် ရောဂါအများအပြားအတွက် အောက်စီဂျင်ကုထုံးကို သုံးလာကြသည်။ ဥပမာ ကင်ဆာလူနာများ၊ ဦးနှောက်လုပ်ဆောင်ချက် ယိုယွင်းနေသောလူနာများ၊ နာတာရှည် ပင်ပန်းနွမ်းလျရောဂါရှိသည့်လူနာများ၊ အားကစားကြောင့် ထိခိုက်ဒဏ်ရာရလူနာများ၏ ဘဝအရည်အသွေးမြှင့်တင်နိုင်ရန် အောက်စီဂျင်ကုထုံးကို သုံးပါသည်။


လူနာသည် အောက်စီဂျင်ကုထုံးမစတင်မီ ဆရာဝန်သည် လူနာ၏ကျန်းမာရေးအခြေအနေကို စစ်ဆေးပါမည်။ အန္တရာယ်ကင်းပြီး နောက်ဆက်တွဲပြဿနာများမှကာကွယ်ရန် ရင်ခေါင်းဓါတ်မှန်လည်းရိုက်ပါမည်။ ကုသမှုသည် အောက်ပါအတိုင်းဖြစ်ပါသည်။


၁။ လူနာအဝတ်လဲရန် အဝတ်အစားပေးပါမည်။

၂။ အောက်စီဂျင်ပေးမည့်အလုံခန်းထဲသို့လျှောသွင်းနိုင်သည့် အိပ်စင်ပေါ်တွင်လူနာအား လဲလျောင်းစေပါမည်။

၃။ ဆရာဝန် သို့မဟုတ် သူနာပြုမှ အခန်းထဲသို့ အောက်စီဂျင်သက်သက် ၁၀ဝ% အခန်းပြည့်အောင် လွှတ်ပေးပြီး ဖိအားကို တဖြည်းဖြည်းခြင်း ပုံမှန်ထက်များအောင် မြှင့်တင်ပေးပါမည်။ လူနာသည် အစပိုင်းတွင် နားအူသလိုခံစားရမည်။ ဆရာဝန် သို့မဟုတ် သူနာပြုသည် လူနာအားဆက်တိုက်စောင့်ကြည့်နေပြီး တပ်ထားသောစပီကာမှတဆင့် လူနာအားအချိန်မရွေးစကားပြောဆိုနိုင်မည်ဖြစ်သည်။

၄။ လူနာသည် နေသာသလို ကိုယ်အနေအထားပြောင်းနိုင်ပြီး သက်တောင့်သက်သာနေနိုင်သည်။ တီဗီကြည့်ခြင်း သို့မဟုတ် အိပ်စက်အနားယူခြင်းလည်း ပြုလုပ်နိုင်သည်။

၅။ ကုသမှုသည် မိနစ် ၆၀-၉၀ ကြာတတ်သည်။ အောက်စီဂျင်ကုထုံး ဘယ်နှစ်ကြိမ်ပေးရမည်ဆိုသည်မှာ ကုသမှု၏ရည်ရွယ်ချက်နှင့် လူနာဘက်မှကုထုံးအပေါ် မည်မျှကောင်းကောင်းတုန့်ပြန်သည်ဆိုခြင်းအပေါ် မူတည်သည်။

၆။ ကုထုံးပြီးပါက ဆရာဝန် သို့မဟုတ် သူနာပြုမှ ဖိအားကို ပုံမှန်ဖိအားရောက်ရန် တစ်ဖြည်းဖြည်းလျှော့သွားပြီး လူနာအား အပြင်သို့ထွက်စေပါမည်။

၇။ ပြင်ပလူနာများသည် အောက်စီဂျင်ကုထုံးပြီးသည့်အခါ အဝတ်အစားပြန်လဲပြီး ဆေးရုံတက်ရန်မလိုဘဲ အိမ်ပြန်နိုင်သည်။

အောက်စီဂျင်ကုထုံးအကြောင်း ပိုမိုသိရှိလိုပါက အောက်စီဂျင်ကုထုံးဌာန၊ ဖုန်း +၆၆ ဝ ၂၀၁၁ ၂၆၆၅ သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ရက်ချိန်းရယူလိုပါက ဤနေရာတွင်နှိပ်ပါ
 

IMG
IMG
IMG
IMG




    Scroll for more