bih.button.backtotop.text

သင်သည် လေချဉ်တက်ခြင်း (GERD) ဖြစ်နေကြောင်း ပြသသည့်လက္ခဏာများ

ապրիլի 03, 2018



gerd-500x450-(1).jpg

 

လေချဉ်တက်ခြင်း (GERD) သည် နာတာရှည် အစာအိမ်အူလမ်းကြောင်းရောဂါတစ်ခုဖြစ်ပြီး အစာအိမ်မှ အက်ဆစ်သည် အစာပြွန်ဟုခေါ်သော အစာအိမ်နှင့်လည်ချောင်းဆက်သည့်ပြွန်ထဲသို့ ပြန်တက်လာခြင်းကြောင့် ဖြစ်သည်။ ထိုသို့ အပေါ်တက်လာသောအက်ဆစ်သည် အစာပြွန်၏နူးညံ့သောအတွင်းနံရံကိုတိုက်စားပြီး နာကျင်မှုဖြစ်စေသည့်အခါ ပြဿနာစတော့သည်။ အက်ဆစ်ပြန်တက်ခြင်းရောဂါဟုလည်းခေါ်သည့် ယခုအခြေအနေသည် မကုသပဲထားပါက နောက်ဆုံးတွင် အစာအိမ်အူလမ်းကြောင်းအထက်ပိုင်းရှိ အခြားအစိတ်အပိုင်းများကိုလည်း ပျက်စီးစေနိုင်သည်။

ဖြစ်လေ့ရှိသော ရောဂါလက္ခဏာများ

ရင်ပူခြင်း သည် ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်အလယ်ပိုင်းတွင် အက်ဆစ်ပြန်တက်ခြင်းကြောင့် ပူစပ်ပူလောင်ခံစားရခြင်းဖြစ်သည်။ ဤခံစားမှုသည် အစာအလွန်အကျွံစားသောက်ပြီးနောက် လှဲခြင်း၊ ကိုယ်ခန္ဓာကွေးညွတ်ခြင်း သို့မဟုတ် အလေးအပင်မခြင်းတို့ပြုလုပ်သည့်အခါ ဖြစ်ပေါ်တတ်သည်။

အက်ဆစ်ပြန်တက်ခြင်း၏ အခြားသောလက္ခဏာများမှာ အစာအိမ်မှအက်ဆစ်သည် အစာပြွန်တွင်း တက်လာသောကြောင့် လည်ချောင်းနောက်ဖက်ပိုင်းတွင် ချည်သော သို့မဟုတ် ခါးသောအရသာခံစားရခြင်းဖြစ်သည်။ ဘာကြောင့်မှန်းမသိပဲ ချောင်းဆိုးခြင်း သို့မဟုတ် လည်ချောင်းရှင်းခြင်းတို့မှာလည်း အက်ဆစ်ပြန်တက်ခြင်း၏ လက္ခဏာများဖြစ်သည်။ လည်ချောင်းနာခြင်း သို့မဟုတ် အသံကွဲအက်ခြင်းတို့မှာလည်း အစာအိမ်မှအက်ဆစ်သည် လည်ချောင်းနှင့်အသံအိုးတို့အထိ တက်လာကာ အသံအိုးအား ရောင်ရမ်းစေခြင်းကြောင့်ဖြစ်သည်။

စိုးရိမ်စရာဖြစ်လာမည့် လက္ခဏာများမှာ အစာမျိုရခက်ခြင်း၊ စားနေချိန်နင်ခြင်း၊ အစာပြွန်ထဲတွင် အစာတစ်နေသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်သည်။ သွေးအံခြင်း သို့မဟုတ် ဝမ်းအရောင်နီခြင်း၊ မည်းခြင်း သို့မဟုတ် ကတ္တရာနှင့်ဆင်တူခြင်း တို့ဖြစ်ပါက ဆရာဝန်နှင့်ချက်ခြင်းပြသပါ။

အဆိုပါလက္ခဏာများသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အသက်အရွယ်တိုင်းတွင် ဖြစ်တတ်ပါသည်။

လေချဉ်တက်ခြင်းကြောင့် မည်သည့်ပျက်စီးမှုများဖြစ်တတ်ပါသလဲ။

ရင်ပူခြင်းသည် လူအတော်များများတွင် ဖြစ်တတ်သော်လည်း တစ်ပတ်ထဲတွင် ရောဂါလက္ခဏာများ ၂ ကြိမ်သို့မဟုတ် ထိုထက်ပိုပြီးဖြစ်ပါက သို့မဟုတ် နာကျင်မှုသည် နေ့စဉ်လုပ်ဆောင်နေသည့်အရာများကို ထိခိုက်အောင်ပင် ဖြစ်လာပါက သတိထားရန်လိုလာပါပြီ။ ထိုသို့ဖြစ်လာပါက နာကျင်မှုသက်သက်မဟုတ်တော့ပဲ ဘေးရှိတစ်ရှုးများပါ ပျက်စီးလာခြင်းဖြစ်နိုင်သည်။

အစာအိမ်နံရံသည် အက်ဆစ်ဒဏ်ကိုခံနိုင်သော်လည်း အစာပြွန်၊ အသံအိုးနှင့် သွားတို့သည် မခံနိုင်ပါ။ အက်ဆစ်ဆက်တိုက်ထိနေပါက အစာပြွန်တွင်အနာဖြစ်ခြင်း၊ အသံအိုးရောင်ခြင်း၊ သွားအပေါ်ယံလွှာပြုန်းတီးခြင်း တို့ဖြစ်လာမည်။

အချိန်ကြာလာလျှင် အစာပြွန်တွင် ပြင်းထန်စွာဒဏ်ဖြစ်ပြီး အစာမျိုမရ ဖြစ်လာမည်။ ဆိုးရွားသောအခြေအနေတွင် လေချဉ်တက်ခြင်းကိုမကုသပါက အစာပြွန်ကင်ဆာအထိဖြစ်နိုင်သည်။ အစာပြွန်အောက်ခြေရှိဆဲလ်များသည် အက်ဆစ်၏ အကြိမ်ကြိမ်ဖျက်ဆီးခြင်းကိုခံရပြီး ပုံမမှန်ပဲပွားများလာသောကြောင့် ဖြစ်သည်။

အစာပြွန်မည်မျှပျက်စီးနေသည်၊ ပတ်ဝန်းကျင်ရှိတစ်ရှုးများ မည်မျှထိခိုက်နေသည်ကိုသိရန်နည်းလမ်းမှာ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းမှန်ပြောင်းကြည့်ခြင်း ဖြစ်သည်။ အထူးဗီဒီယိုကင်မရာတပ်ထားသည့် သေးငယ်သွယ်လျပြီး ကွေးဆန့်နိုင်သောပြွန်လေးအားထည့်ကာ အစာအိမ်လမ်းကြောင်းအပေါ်ပိုင်းကို အသေးစိတ်မြင်နိုင်သလို လေချဉ်တက်ခြင်းကြောင့်ဖြစ်သော အခြေအနေများကို မြင်နိုင်သည်။ အဆိုပါမှန်ပြောင်းအား အသားစယူရန်လည်းသုံးနိုင်ပြီး အချို့အခြေအနေများတွင် ရောဂါကိုပင်ကုသဖို့သုံးနိုင်ပါသည်။

လေချဉ်တက်ခြင်းအား ကုသခြင်း

အချို့သူများတွင် နေထိုင်မှုပုံစံပြောင်းခြင်း၊ ဆေးဆိုင်မှဆေးဝယ်သောက်ခြင်းဖြင့်ပင် လေချဉ်တက်ခြင်း၏ မပြင်းထန်သေးသောလက္ခဏာများကို သက်သာစေနိုင်ပြီး ပျက်စီးသွားသောတစ်ရှုးများပင် ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်သည်။ အစာနည်းနည်းသာစားခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ခြင်း၊ လက္ခဏာများဖြစ်ပေါ်စေသည့် အစားအစာများရှောင်ရှားခြင်းတို့ဖြင့် သက်သာမှုရစေသည်။ အက်ဆစ်ဖြေဆေး သို့မဟုတ် အစာအိမ်အက်ဆစ်ထွက်နည်းစေရန် သို့မဟုတ် ထွက်ခြင်းကိုဟန့်တားရန်ဆေးများ သောက်ခြင်းသည်လည်း မှန်ကန်သောကုသမှုများဖြစ်သည်။

အဆိုပါအလေ့အကျင့်များဖြင့် အက်ဆစ်ပြန်တက်ခြင်း၏လက္ခဏာများကို သက်သာစေကာ ခန္ဓာကိုယ်အား သူ့အလိုလို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ခြင်းအတွက် အားပေးသည်။ အလွန်ဆိုးသောအခြေအနေများတွင် ပျက်စီးမှုလည်းဖြစ်နေပြီဆိုပါက ဆေးသောက်ခြင်းနှင့် ခွဲစိတ်ခြင်းတို့ပြုလုပ်ရန် စဉ်းစားရပါမည်။

သင့်အတွက် မည်သည့်ကုသမှုက အကောင်းဆုံးဖြစ်သည်ကို အထူးကုဆရာဝန်နှင့် တိုင်ပင်ပါ။


Dr. Veerakit Apiratprachasin ၊ အစာအိမ်အူလမ်းကြောင်းနှင့်အသည်းအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းကုဌာန၊ ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ ရေးသားသည်။

GERD အကြောင်းပိုမိုသိရှိလိုပါက - မေးခွန်းမေးပါ။

အစာအိမ်နှင့်အူလမ်းကြောင်းကုဌာနမှ အစာအိမ်အူလမ်းကြောင်း၊ အသည်းအထူးကုနှင့် ရက်ချိန်းယူလိုပါက - ရက်ချိန်းယူမည်။
 

IMG
IMG
IMG
IMG




    Scroll for more