bih.button.backtotop.text

ဖိုတိုနာလေဆာ အရေပြားကုထုံး

հուլիսի 25, 2018


Fotona-Skin-500x450.jpg

သင်သည် မျက်နှာအရေတွန့်ခြင်း၊ အရေးအကြောင်း၊ မျက်နှာပြင် မညီညာခြင်း၊ အမာရွတ်များရှိခြင်းစသည့် အရေပြားပြဿနာများကို ဖြေရှင်းရန်နည်းလမ်းရှာနေပြီး ခွဲစိတ်ရမည်ကိုလည်း ကြောက်သည်ဆိုပါက ဖိုတိုနာလေဆာ အရေပြားကုထုံးက သင့်အတွက်မှန်ကန်သောကုသမှုဖြစ်ပေလိမ့်မည်။

ဘာကြောင့် ဖိုတိုနာလေဆာကိုသုံးရပါသလဲ။

ဖိုတိုနာလေဆာ အရေပြားကုထုံးတွင် မတူညီသော လေဆာလှိုင်းအလျား နှစ်မျိုးကိုသုံးပါသည်။ တစ်မျိုးက နက်နဲသော အရေပြားလွှာများအတွက်ဖြစ်ပြီး နောက်တစ်မျိုးက အရေပြားအပေါ်ယံအတွက်ဖြစ်သည်။ အရေပြားအပေါ်ယံခွာသော သမရိုးကျကုထုံးများဖြစ်သည့် chemical peels နှင့် dermabrasion တို့နှင့်ယှဉ်လျှင် ဖိုတိုနာလေဆာသည် ကုသပေးနေစဉ်အတွင်း ပိုမိုတိကျမှန်ကန်မှုကိုပေးပြီး လူနာတစ်ဦးချင်းစီအတွက် ပိုမိုကောင်းမွန်သောရလဒ်ကို ရရှိစေသည်။ ဖိုတိုနာလေဆာသည် လေဆာ၏စွမ်းဆောင်နိုင်မှုအတိုင်းအတာ ကျယ်ပြန့်မှုအပေါ်အခြေခံပြီး တစ်ဦးချင်းစီအတွက် အကောင်းဆုံးဖြစ်မည့် ကုသမှုကိုပေးနိုင်သည်။ ဆရာဝန်အနေဖြင့်လည်း ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသောအရေပြားကို မထိခိုက်စေပဲ ဖြစ်နေသောအရေပြားပြဿနာကို ပစ်မှတ်ထားကုသနိုင်သည်။

ဖိုတိုနာလေဆာကုထုံးသည် အရေပြားအမျိုးအစားအားလုံးအတွက် သင့်တော်ပြီး သမရိုးကျကုထုံးများနှင့်စာလျင် အကောင်းပကတိပြန်ဖြစ်ရန် ပိုမိုမြန်ဆန်သည်။

လေဆာရောင်ခြည်နှစ်မျိုးပါဝင်ခြင်း

ဖိုတိုနာလေဆာကုထုံးတွင် Twinlight Fractional Rejuvenation နည်းကိုအသုံးပြုသည်။ ဤနည်းလမ်းသည် Nd:YAG laser နှင့် Er:YAG laser ဆိုသည့် လေဆာလှိုင်းအလျားနှစ်မျိုး ပေါင်းစပ်လုပ်ဆောင်မှုပါဝင်သည့် နည်းလမ်းဖြစ်သည်။

  • ဖိုတိုနာ Nd:YAG laser သည် အရေပြားအား ပြန်လည်အားဖြည့် လှုံ့ဆော်ပေးသည်။
  • ဖိုတိုနာ Er:YAG laser သည် တင်းတင်းရင်းရင်းရှိသောအရေပြားအသစ်ဖြစ်လာစေရန် အားပေးသည်။

ကုသမှုခံယူခြင်း

မကုသမီ လူနာသည် ဆရာဝန်နှင့်တွေ့ဆုံပြီး မိမိလိုချင်သောရလဒ်နှင့် ကုသနေစဉ်မျှော်လင့်ထားရမည့်အရာများကို ဆွေးနွေးရပါမည်။ ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးပြီး ကုသမှုခံယူရန် ရက်ချိန်းယူနိုင်ပါသည်။

ဖိုတိုနာလေဆာကုထုံးတွင် အဆင့် (၃) ဆင့်ပါဝင်ပါသည်။

၁။ အရေပြားပြုပြင်ခြင်း - Nd:YAG လေဆာရောင်ခြည်သည် အရေပြားမျက်နှာပြင်တစ်လျှောက် နှစ်ကြိမ်ဖြတ်သန်းပါမည်။ ပထမအကြိမ်သည် အရေပြားအားလှုံ့ဆော်မှုပေးရန်ဖြစ်ပြီး ဒုတိယအကြိမ်သည် အရေပြားကိုအပူပေးရန်နှင့် နောက်တဆင့်အတွက် ပြုပြင်ပြင်ဆင်ပေးခြင်းဖြစ်သည်။

၂။ အရေပြားအလွှာလိုက်ကုထုံး - Er:YAG လေဆာဖြင့် အရေပြားဟောင်းများကို ဖယ်ရှားပြီး နောက်ဆုံးတွင် သစ်လွင်ပြီး တင်းတင်းရင်းရင်းရှိသော အရေပြားသစ်များကို ဖြစ်ပေါ်လာစေသည်။

၃။ အရေပြားအပေါ်ယံခွာခြင်း - အရေပြားဟောင်းများနှင့် အပေါ်ယံကျန်နေသော မကောင်းသည့်အရာများအား Er:YAG ရောင်ခြည်ဖြင့် နောက်တစ်ကြိမ်ထပ်မံဖယ်ရှားပါမည်။

အဆိုပါ ကုသမှုအားလုံးပြီးမြောက်ရန် အချိန် ၁ နာရီခန့်ကြာပါသည်။ လိုအပ်ပါက အခြားကုထုံးများလည်း ထပ်မံပြုလုပ်ရနိုင်ခြေရှိပါသည်။ သို့သော် အရေပြားကောင်းကောင်းကျက်စေရန် ရက်ချိန်းတစ်ခုနှင့်တစ်ခုကြား ၁ လမှ ၂ လခွာရပါမည်။

Dr. Nussra Taechanukulchai

အရေပြားအထူးကု၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားသည်။
 

IMG
IMG
IMG
IMG
    Scroll for more