bih.button.backtotop.text

သင့်ကလေးဝနေပါက ပြုလုပ်ရန် ၅ ချက်

մայիսի 18, 2018

ကိုယ်အလေးချိန်ပြဿနာရှိသောကလေးများအား စောင့်ရှောက်ရသည့်မိဘများ များပြားလာနေပါသည်။ အဆိုပါကလေးများသည် အသက်အရွယ်ကြီးလာသည်အထိ ကိုယ်အလေးချိန်ပြဿနာကို သယ်ဆောင်သွားရမည့် အခြေအနေရှိနေပါသည်။

ob-(1).jpg

ကိုယ်အလေးချိန်ပြဿနာရှိသောကလေးများအား စောင့်ရှောက်ရသည့်မိဘများ များပြားလာနေပါသည်။ အဆိုပါကလေးများသည် အသက်အရွယ်ကြီးလာသည်အထိ ကိုယ်အလေးချိန်ပြဿနာကို သယ်ဆောင်သွားရမည့် အခြေအနေရှိနေပါသည်။

သင်သည် ဝနေသောကလေး၏မိဘဖြစ်ပါက အောက်ပါ အချက် ၅ ချက်ကိုပြုလုပ်ရန် စဉ်းစားသင့်သည်။


၁။ ကလေးဆရာဝန်နှင့်ပြသစစ်ဆေးပါ။ သင့်ကလေးသည် ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်နေသည်ဟုထင်ပါက ကလေးဆရာဝန်နှင့်ပြသပါ။ မိဘများအနေဖြင့် ကလေး၏အလေးချိန်နှင့်ပတ်သက်ပြီး အယူအဆမှားတတ်ပါသည်။ ကလေးဆရာဝန်သည် ကြီးထွားမှုဇယားကိုသုံးကာ သင့်ကလေး၏အခြေအနေအား အခြားသက်တူ၊ လိင်တူကလေးများနှင့်ယှဉ်ပြီး စစ်ဆေးပါမည်။ ကလေးဆရာဝန်အနေဖြင့် ရောဂါတစ်ခုခုကြောင့် ကိုယ်အလေးချိန်တက်နေရခြင်းဟုတ်မဟုတ်ကိုလည်း ဆန်းစစ်နိုင်ပြီး၊ ကိုယ်အလေးချိန်ထိန်းနိုင်ရန် အကြံကောင်းများစွာပေးနိုင်ပါသည်။


၂။ ကလေးနှင့်ပတ်သက်ပြီး အလယ်အလတ်လမ်းစဉ်ကျင့်သုံးပါ။ သင့်ကလေးသည် သင့်အကူအညီမပါဘဲ ကိုယ်အလေးချိန်ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ကလေးများသည် အပေါင်းအဖော်များ၊ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုများကိုရင်ဆိုင်ရန်၊ အစာစားခြင်းအတွက် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ချရန်နှင့် အားလပ်ချိန်များကို ကျန်းမာရေးအတွက်အကျိုးရှိရှိအသုံးချနိုင်ရန် မိဘ၏ညွှန်ကြားမှုလိုပါသည်။ အဝလွန်နေသောကလေးတစ်ယောက်အတွက် ကူညီရန် မိဘပါဝင်မှုသည် အရေးကြီးပါသည်။ သင့်ကလေး၏ ကိုယ်အလေးချိန်ပြဿနာနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ၊ ဂရုတစိုက်နားထောင်ပေးပါ။ တစ်ချိန်တည်းမှာပဲ အလယ်အလတ်လမ်းစဉ်ကျင့်သုံးပြီး အထူးသဖြင့် အစားအစာနှင့်ပတ်သက်လျှင် အလွန်အမင်းထိန်းချုပ်ခြင်းကို ရှောင်ပါ။ အစားအစာကို ဆုချသည့်အနေဖြင့်မပြုလုပ်ပဲ၊ ကလေးဘယ်လောက်စားသည်ကို အလွန်အကျွံစောင့်ကြည့်နေခြင်းမျိုး၊ ကလေးဗိုက်မဆာဘဲ အတင်းစားခိုင်းခြင်းမျိုးကိုလည်း ရှောင်ပါ။


၃။ တီဗီ၊ ဖုန်း၊ အိုင်ပတ်၊ ကွန်ပျူတာသုံးချိန် ကန့်သတ်ပါ။ သုတေသနများအရ ကလေး၏ တီဗီ၊ ဖုန်း၊ အိုင်ပတ်၊ ကွန်ပျူတာအစရှိသည်တို့သုံးချိန်နှင့် ကိုယ်အလေးချိန်ဆိုင်ရာ ကျန်းမာရေးပြဿနာများ (ဆီးချိုအမျိုးအစား ၂၊ အင်ဆူလင်မတိုးခြင်း စသည်) ဆက်စပ်သည်ဟုသိရပြီး ကလေး၏ကျန်းမာသန်စွမ်းမှုကိုလည်း ထိခိုက်ပါသည်။ ကလေးအတွက် တစ်နေ့ မိနစ် ၆၀ ခန့်သာ အဆိုပါပစ္စည်းများ သုံးခွင့်ပေးပါ။


၄။ ကိုယ်လက်လှုပ်ရှားအတွက် အချိန်ပိုပေးပါ။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အဝလွန်သောကလေး ဆက်စပ်မှုရှိပါသည်။ ကလေးများသည် တစ်နေ့ ၁ နာရီခန့် သင့်တင့်သည်မှ ပြင်းထန်သည်အထိ ကိုယ်လက်လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းများလုပ်သင့်ပါသည်။ မိဘများအနေဖြင့် ဝနေသောကလေးများအတွက် သူတို့နှစ်သက်သော အားကစားများတွင် ပါဝင်နိုင်ရန် အားပေးသင့်သည်။ ငြီးငွေ့ဖွယ်အိမ်အလုပ်များအစား ကိုယ်လက်လှုပ်ရှားမှုပါသည့် ခွေးနှင့်လမ်းလျှောက်ထွက်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ပြုလုပ်စေသင့်ပါသည်။


၅။ နံနက်စောစောစာအား နေ့စဉ် မလွတ်ရအောင်စီမံပါ။ အဝလွန်ခြင်းဆိုင်ရာ သုတေသနများအဆိုအရ နံနက်စောစောစာမစားခြင်းသည် ကလေးငယ်များ၊ ကြီးကောင်ဝင်ချိန်အရွယ်များနှင့် ဆယ်ကျော်သက်များတွင် အဝလွန်နိုင်သည့် အန္တရယ်ဖြစ်ကြောင်း တွေ့ရှိရသည်။ အရိုးရှင်းဆုံးဆိုရလျှင် မနက်တိုင်း ကျန်းမာသောနံနက်စာစားခြင်းသည် ကျန်းမာသောကိုယ်အလေးချိန်အတွက် အရေးကြီးပါသည်။ နံနက်စာစားခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုသာပေးခြင်းမဟုတ်ပဲ လေ့လာတွေ့ရှိချက်များအရ နံနက်စာစားသောကလေးသည် ကျောင်းတွင်တော်ပြီး စွမ်းအင်မြင့်မာကာ စိတ်ဝင်စားမှုပိုပေးနိုင်သဖြင့် သင်ယူမှုအားလည်း ပိုကောင်းပါသည်။ သတိပြုရန် - ကလေး၏နံနက်စာတွင် ကော်ဖီ သို့မဟုတ် အားဖြည့်အချိုရည်များ မပါသင့်ပါ။


ဘမ်ရွန်ဂရက်ရှိ ကလေးကုဌာန

မိဘများအတွက် ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကလေးကုဌာနတွင် ကိုယ်အလေးချိန်လွန်ကဲခြင်းနှင့်အဝလွန်ခြင်းအပါအဝင် အထူးကုနယ်ပယ်မျိုးစုံမှ ကလေးအထူးကုများသည် ပြီးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေပါသည်။ ကလေးဌာနတွင် ကျန်းမာရေးစစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးခြင်းနှင့် အခြားကလေးရောဂါများကုသခြင်းကိုလည်း ဆောင်ရွက်ပေးနေပါသည်။ အထူးအကူအညီလိုအပ်သောကလေးများဖွံ့ဖြိုးရေးဌာနမှလည်း အသက်အရွယ်အရရှိရမည့် ဖွံ့ဖြိုးမှုနှင့် ကလေးတစ်ယောက်၏ အမြင့်ဆုံးသင်ယူလေ့လာနိုင်စွမ်းတို့အတွက် အထောက်အကူပေးလျက်ရှိနေပါသည်။


ကလေးဌာနတွင် ကလေးများအတွက် အဝလွန်ခြင်းဆိုင်ရာပက်ကေ့ချ်ရှိပြီး ရောဂါစစ်ဆေးမှုများ၊ ကုသမှုများအားဖြင့် သင့်ကလေးသည် သူ၏အသက်အရွယ်အရရှိသင့်သော အလေးချိန်အတွင်းရှိနေရန် ကူညီပေးနေပါသည်။ အဆိုပါ ပက်ကေ့ချ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ အကျုံးဝင်ပါသည်။

 

အဝလွန်ခြင်းဆိုင်ရာပက်ကေ့ချ်အတွက် အသေးစိတ်သိလိုပါက ဤနေရာတွင်နှိပ်ပါ ။ အခြားအချက်အလက်များ သို့မဟုတ် ရက်ချိန်းယူရန် ကလေးဌာနဖုန်း +၆၆ (ဝ) ၂၀၁၁ ၃၇၉၁ သို့ဆက်သွယ်ပါ။ သို့မဟုတ် စုံစမ်းမေးမြန်း ပါ သို့မဟုတ် အွန်လိုင်းရက်ချိန်းရယူပါ။
 

IMG
IMG
IMG
IMG




    Scroll for more