bih.button.backtotop.text

ကျွန်ုပ်ကလေးတွင် မွေးရာပါနှလုံးရောဂါရှိနေပါသလား။

հունիսի 18, 2018


Congenital_Heart_Defects_in_Children-500x450-(2).jpg

မိဘဖြစ်လာတော့မည့်သူတိုင်းသည် ကျန်းမာသောကလေးရဖို့ ဆန္ဒရှိကြသည်။ သို့သော်လည်း “တစ်ခုခုဖြစ်ခဲ့လျှင်” ဆိုသောအတွေး တခါတရံရှိတတ်ကြသည်။ များစွာသောကလေးတို့သည် ကျန်းမာစွာမွေးဖွားလာကြသော်လည်း ၁ % လောက်သည် မွေးရာပါချွတ်ယွင်းမှုများတွင် အများဆုံးဖြစ်တတ်သော မွေးရာပါနှလုံးချွတ်ယွင်းမှုဖြင့်မွေးဖွားလာသည်။

မွေးရာပါနှလုံးချွတ်ယွင်းမှု အမျိုးအစား ၄၀ နီးပါးရှိသည်။ မွေးကတည်းကပါလာသော နှလုံးတည်ဆောက်ပုံဆိုင်ရာ ချွတ်ယွင်းချက်များဖြစ်သည့် နှလုံးနံရံ၊ အဆို့ရှင်နှင့် သွေးလွှတ်ကြောများပုံမှန်မဟုတ်ခြင်းတို့ဖြစ်သည်။ အများစုသည် ခွဲစိတ်ကုသမှု၊ သွေးကြောပြွန်မှတဆင့် နှလုံးချွတ်ယွင်းမှုကုသခြင်း၊ နှလုံးခုန်ထိန်းစက် သို့မဟုတ် အခြားစက်ထည့်ခြင်း၊ ဆေးပေးခြင်းစသည်တို့ဖြင့် ကုသ၍ရနိုင်သည်။ အချို့သောချွတ်ယွင်းမှုများသည် နှစ်ပေါင်းများစွာတိုင် သတိမထားမိပဲရှိတတ်သော်လည်း အချို့မှာ ပြင်းထန်ပြီး အသက်အန္တရာယ်ပါရှိသဖြင့် မွေးပြီးရက်အနည်းငယ်အတွင်း ခွဲစိတ်ရတတ်သည်။

မွေးရာပါနှလုံးချွတ်ယွင်းမှုများကို နည်းလမ်းအသွယ်သွယ်ဖြင့် အချိန်မျိုးစုံတွင် တွေ့ရနိုင်သည်။

၁။ ကိုယ်ဝန်ရှိစဉ် မမွေးဖွားမီတွေ့ရှိခြင်း

အချို့သော နှလုံးချွတ်ယွင်းမှုများကို ကိုယ်ဝန်ဆောင်စဉ်အတွင်း တွေ့ရှိနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလ တစ်ဝက်လောက်တွင် အာလ်ထရာဆောင်းရိုက်လေ့ရှိပြီး ဆရာဝန်အနေဖြင့် ကလေး၏နှလုံးအခြေအနေကို ကောင်းစွာသိကာ ဆိုးရွားသောချွတ်ယွင်းမှုများရှိပါက တွေ့ရှိနိုင်သည်။

၂။ မွေးဖွားစဉ်ရှိ ရောဂါလက္ခဏာများကြောင့် သိရှိခြင်း

ချွတ်ယွင်းမှုကြီးလေလေ မွေးမွေးချင်း ရောဂါလက္ခဏာများ ပိုတွေ့နိုင်လေလေဖြစ်သည်။ ရောဂါလက္ခဏာများတွင် အသက်ရှုခက်ခဲခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အသားပြာခြင်းနှင့် နှလုံးမှညည်းသံကဲ့သို့ ကြားရခြင်းများကို ကလေးဆရာဝန်မှ ကလေးအားပထမဆုံး နားကြပ်ဖြင့်စမ်းသပ်သည့်အခါ ကြားသိရသည်။

၃။ မွေးပြီးနောက် ၂၄ နာရီတွင် အောက်ဆီဂျင်တိုင်းတာခြင်းဖြင့် သိရှိခြင်း

ကလေးမွေးပြီး ၂၄ နာရီအကြာတွင် ကလေး၏သွေးခုန်နှုန်းနှင့် သွေးထဲရှိအောက်စီဂျင်ပမာဏကိုသိရန် လက်ထိပ်အောက်စီဂျင်တိုင်းတာခြင်း ပြုလုပ်လေ့ရှိသည်။ အဖြေပုံမှန်ထွက်ပါက ကလေးတွင် ပြင်းထန်သောမွေးရာပါနှလုံးချွတ်ယွင်းမှုမရှိကြောင်း သေချာသလောက်ရှိသည်။ ဤစစ်ဆေးမှုသည် အာလ်ထရာဆောင်းဖြင့်မတွေ့နိုင်သော ဆိုးရွားသည့်ချွတ်ယွင်းမှုအများစုအတွက် အထိရောက်ဆုံးဖြစ်သည်။

၄။ ကလေးဆေးရုံဆင်းပြီးနောက်မှသိခြင်း

ကလေးတစ်ယောက် မွေးရာပါနှလုံးချွတ်ယွင်းမှုရှိလျက်နှင့်မသိပဲ အိမ်ရောက်သွားသည့်ဖြစ်နိုင်ခြေမှာ အတော်နည်းသော်လည်း မိဘများအနေဖြင့် အောက်ပါဖြစ်နိုင်ချေလက္ခဏာများကို သတိပြုသင့်သည်။

နို့တိုက်၊ အစာကျွေးခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ

ကလေးမွေးမွေးပြီးချင်း မသိလိုက်သော မွေးရာပါနှလုံးချွတ်ယွင်းမှုများသည် နို့တိုက်အစာကျွေးရာတွင် ပြဿနာရှိသည့်အခါ သို့မဟုတ် ပုံမှန်အတိုင်းကလေးမကြီးထွားသည့်အခါမျိုးတွင် ထင်ထင်ရှားရှားသိလာရသည်။

ကိုယ်အလေးချိန်တိုးရန်ခက်ခြင်း - အချို့သော မွေးရာပါနှလုံးချွတ်ယွင်းမှုများသည် နှလုံးကိုပိုအလုပ်လုပ်စေခြင်း သို့မဟုတ် ကလေး၏သွေးလှည့်ပတ်မှုစနစ်တွင်းသို့ လုံလောက်သောသွေးကိုညှစ်ထုတ်နိုင်ရန် နှလုံးအား ပိုမြန်မြန်ခုန်စေခြင်းတို့ ဖြစ်စေသည်။ ထို့ကြောင့် ကလေးသည် အစာများများစားရန်လိုလာသည်။ သို့သော် ကလေးသည် စားရန်အလွန်ပင်ပန်းနေခြင်း၊ ပင်ပန်းမှုကြောင့် ချွေးများဆက်တိုက်ထွက်နေခြင်းနှင့် ကိုယ်အလေးချိန်တိုးရန်ခက်ခဲခြင်းတို့ ကြုံရမည်။ ဆရာဝန်သွားပြခြင်းဖြင့် ပုံမှန်မဟုတ်သော နှလုံးညည်းသံများကြားရခြင်း သို့မဟုတ် အာလ်ထရာဆောင်းရိုက်ခြင်းတို့မှတဆင့် ပြဿနာအမှန်ကိုသိနိုင်မည်။

နို့တိုက်အစာကျွေးရာတွင် ပြဿနာများရှိခြင်း - အချို့မွေးရာပါနှလုံးချွတ်ယွင်းမှုများသည် လေပြွန်၊ အစာရေမျိုအစရှိသည့် နှလုံးပတ်ဝန်းကျင်ရှိအင်္ဂါများကိုပါ ထိခိုက်စေသဖြင့် ကလေး၏အစာစားနိုင်စွမ်းရည်ကျသည်။ ကလေးတစ်ယောက် အစားစားစဉ်ချောင်းဆိုခြင်း၊ ထွေးထုတ်ခြင်းသည် ပုံမှန်ဟုဆိုနိုင်သော်လည်း အစာကျွေးတိုင်း မကြာခနဖြစ်နေပါက ကလေးဆရာဝန်နှင့်ပြသသင့်သည်။ ဖြစ်နိုင်သောပြဿနာများမှာ အစားအစာဓါတ်မတည့်ခြင်း၊ ပျို့တက်ခြင်း သို့မဟုတ် အစာခြေစနစ်ပုံမှန်မဟုတ်ခြင်းတို့ဖြစ်သည်။ အာလ်ထရာဆောင်းဖြင့်စစ်ဆေးခြင်းသည် မွေးရာပါနှလုံးချွတ်ယွင်းမှုရှိမရှိကို သိစေနိုင်သည်။

အသက်ရှုခက်ခဲခြင်း

ရှာမတွေ့သောနှလုံးချွတ်ယွင်းမှုများသည် ကလေး၏ပုံမှန်အသက်ရှုခြင်းကို ထိခိုက်နိုင်သည်။

ပြင်းထန်အသက်ရှုခက်ခဲခြင်း - လက်ထိပ်အောက်စီဂျင်တိုင်းတာစစ်ဆေးစဉ်ကတည်းက ပထမဆုံးအနေဖြင့် ကလေးအားဆေးရုံမှအိမ်သို့ခေါ်မသွားခင် ဆိုးရွားသောနှလုံးချွတ်ယွင်းမှုအများစုကို သိရှိပြီးဖြစ်သည်။ အချို့သော ပြင်းထန်သည့်နှလုံးချွတ်ယွင်းမှုများကိုတော့ ကလေးအသက်ရှုပြဿနာရှိသည့်အခါမှသာ သိရှိရပြီး အရေးပေါ်ဌာနသို့ အမြန်ပြသရန်လိုလာသည်။ ယခုကဲ့သို့ အသက်ရှုပြဿနာများသည် များသောအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း အချို့ကလေးများတွင် မွေးရာပါနှလုံးချွတ်ယွင်းမှုရှိကြောင်းကို ပြသည်။

မကြာမကြာဖြစ်သောပြဿနာများ - ရှိမှန်းမသိသော နှလုံးချွတ်ယွင်းမှုကြောင့် ကလေးအသက်ရှုခက်ခြင်း မကြာမကြာကြုံရတတ်သည်။ ဤပြဿနာသည် အစာစားခြင်း သို့မဟုတ် ငိုခြင်းစသည့် ကလေးလှုပ်လှုပ်ရှားရှားလုပ်သည့်အခါ ဖြစ်တတ်သည်။ အချို့ကလေးများတွင် အသက်ရှုမြန်ခြင်း၊ အပေါ်ယံဖော့ဖော့ရှုခြင်းမျိုးဖြစ်တတ်သည်။ ယခုကဲ့သို့ ပုံမှန်မဟုတ်သောအသက်ရှုခြင်းများတွေ့ရှိပါက ကလေးဆရာဝန်နှင့်ပြသပါ။

အသားပြာခြင်း - အသားပြာလာခြင်းသည် နှလုံးရောဂါ၏ သိသာမြင်သာအရှိဆုံး လက္ခဏာတစ်ခုဖြစ်သည်။ အသားပြာရခြင်းသည် သွေးထဲတွင် အောက်စီဂျင်မလုံလောက်၍ဖြစ်သည်။ အပြာရောင်သည် ကလေးတစ်ကိုယ်လုံးတွင်ဖြစ်နိုင်သော်လည်း နှုတ်ခမ်းနှင့်လက်ချောင်းထိပ်စသည့် အချို့အစိတ်အပိုင်းများတွင်သာ မြင်ရနိုင်သည်။ ပြာလာသည်နှင့်တပြိုင်နက် ဆရာဝန်နှင့်ပြသပါ။

အခြားလက္ခဏာများ - အချို့သောကလေးများတွင် မွေးရာပါနှလုံးချွတ်ယွင်းမှုကြောင့် ခေါင်းချွေးထွက်ခြင်း၊ အလွန်မောပန်းနေခြင်း၊ အားအင်ကုန်ခမ်းပြီး တစ်နေကုန်နီးပါးအိပ်နေခြင်း၊ ပါးစပ်ခြောက်ခြင်းနှင့် ဆီးရောင်မည်းခြင်းစသည့် ရေခမ်းခြောက်သည့်လက္ခဏာများ၊ ရုတ်တရက်အကြောင်းရင်းမသိပဲ ကိုယ်အလေးချိန်တက်လာခြင်း သို့မဟုတ် သွေးလှည့်ပတ်မှုမကောင်းသဖြင့် အရည်စုသည့်လက္ခဏာများဖြစ်သည့် ခြေ၊ လက်နှင့် မျက်လုံးဝန်းကျင်တွင်ဖောရောင်ခြင်းတို့ တွေ့ရတတ်သည်။

၅။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မှတွေ့ရှိခြင်း

ကလေးအသက် ပထမနှစ်အတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းစသည့် ပုံမှန်လုပ်ဆောင်ရမည့်အရာများအတွက် ဆရာဝန်ဆီ မကြာမကြာသွားနေရမည်။ ကလေးတွင် မွေးရာပါနှလုံးချွတ်ယွင်းမှုရှိမှန်းလည်းမသိ၊ အခြားလက္ခဏာများလည်းမတွေ့ရပါက ရောဂါရှိမှန်းသိရန်မှာ ဆရာဝန်မှကလေး၏ နှလုံးခုန်နှုန်းအား နားကြပ်ဖြင့်နားထောင်သည့်အခါ ညည်းသံများကြားရခြင်းမှဖြစ်သည်။ အချို့နှလုံးညည်းသံများသည် အန္တရာယ်မရှိဘဲ ဒီအတိုင်းထားနိုင်ပြီး အချို့ညည်းသံများကတော့ အလွန်ဆိုးရွားသည့်နှလုံးအခြေအနေရှိကြောင်း ပြသည့်လက္ခဏာဖြစ်နိုင်ပြီး သေချာစေရန် အာလ်ထရာဆောင်းထပ်ရိုက်နိုင်သည်။

အထူးအသိပညာနှင့် အလုံးစုံပါဝင်သောဝန်ဆောင်မှု

ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အထူးကုစင်တာနှင့်ဆေးခန်း ၅၀ ကျော်ရှိပြီး ဆေးပညာအထူးကုနယ်ပယ်အားလုံးနီးပါးအတွက် ကျွမ်းကျင်သော စောင့်ရှောက်ကုသမှုအား ပြီးပြည့်စုံပြီးတစ်နေရာတည်းတွင်ရနိုင်သော ဝန်ဆောင်မှုပုံစံဖြင့် ပြုလုပ်ပေးလျက်ရှိပါသည်။

ဘမ်ရွန်ဂရက်၏ အမျိုးသမီးဌာနတွင်ရှိသော အထူးကု ၄၀ ကျော်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ မီးမဖွားမီပြုစုစောင့်ရှောက်ခြင်းနှင့် မျိုးပွားကျန်းမာရေးဆိုင်ရာတို့တွင် အထူးကျွမ်းကျင်သောဆရာဝန်များပါဝင်ပါသည်။ ဌာနတွင် ခေတ်မီရောဂါရှာဖွေခြင်းနှင့် ကုသမှုနည်းပညာများအား ကျယ်ဝန်းပြီးသက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ အသေးစိတ်သိရှိလိုသည်များရှိပါက သို့မဟုတ် ဆရာဝန်ရက်ချိန်းရယူလိုပါက အမျိုးသမီးဌာန ဖုန်း +၆၆ ၂၀၁၁ ၂၃၆၁ သို့ခေါ်ဆို၍လည်းကောင်း၊ အွန်လိုင်းမှရက်ချိန်းတောင်း၍သော်လည်းကောင်း၊ စုံးစမ်းမေးမြန်းစာပို့၍သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

ဘမ်ရွန်ဂရက်၏ ကလေးဌာနသည်လည်း မွေးကင်းစများမှဆယ်ကျော်သက်အထိကလေးများအား ကလေးအထူးကုများမှ အရည်အသွေးပြည့်ဝသော ပြုစုစောင့်ရှောက်မှုများ ပေးနေပါသည်။ ဌာနတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော ကလေးရောဂါများအတွက် ပြီးပြည့်စုံသော ပြုစုကုသမှုများပေးနေပါသည်။

အထူးလိုအပ်ချက်ရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာသည်လည်း စွမ်းရည်ပြည့်ဝသော ကလေးတစ်ယောက်ဖြစ်လာစေရန် အသက်အရွယ်အလိုက်ရှိရမည့် ဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်မှုစွမ်းရည်အတွက် ကူညီပေးနေပါသည်။ ကလေးဌာနဖုန်း +၆၆ ၂၀၁၁ ၃၇၉၁ သို့ခေါ်ဆို၍လည်းကောင်း၊ အွန်လိုင်းမှရက်ချိန်းတောင်း၍သော်လည်းကောင်း၊ စုံးစမ်းမေးမြန်းစာပို့၍သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
 

IMG
IMG
IMG
IMG




    Scroll for more