bih.button.backtotop.text

ရင်သားကင်ဆာကုသနည်းလမ်းများ

մայիսի 11, 2018


breast-500x450-(1).jpg


ရင်သားကင်ဆာ သည် ထိုင်းအမျိုးသမီးများအကြား သားအိမ်ခေါင်းကင်ဆာကိုကျော်တက်ပြီး နံပါတ် ၁ နေရာတွင် ရှိလာသည်၊ ရှေ့ဆက်ပြီးလည်း ဒီအတိုင်းဆက်သွားမည့်ပုံပေါ်သည်။ သို့သော် သတင်းကောင်းမှာ ရင်သားကင်ဆာကုသနည်းပညာများသည် အင်မတန်တိုးတက်လာခဲ့ပြီး လူနာများအတွက် အမျိုးအစားစုံလင်ကာ ပိုမိုထိရောက်မှုဖြစ်စေကာ ဆက်လက်တိုးတက်နေဦးမည်ဖြစ်သည်။

ရင်သားကင်ဆာခွဲစိတ်ကုသခြင်း

ရင်သားကင်ဆာဖြစ်ပါက ခွဲစိတ်ခြင်းသည် ပထမဆုံးစဉ်းစားသည့်နည်းဖြစ်သည်။ ပုံမှန်ခွဲစိတ်ကုသမှုတွင် ရင်သားတစ်ရှုးအား ခွဲထုတ်ခြင်းအပါအဝင် ချိုင်းရှိပြန်ရည်ကြိတ်များအား ထုတ်ပစ်ခြင်းလည်းပါဝင်သည်။ ယနေ့ခေတ်တွင် ဆရာဝန်များခွဲစိတ်ရာ၌ ကင်ဆာဖြစ်သောနေရာကိုသာ ခွဲစိတ်ထုတ်ပြီး ဘေးပတ်ဝန်းကျင်မှ တစ်ရှုးများကို တတ်နိုင်သမျှချန်ထားတတ်သည်။ ဤသို့ကုသခြင်းအား ရင်သားထိန်းသိမ်းစောင့်ရှောက် ခွဲစိတ်ခြင်းဟု ခေါ်သည်။

ချိုင်းအောက်မှ ပြန်ရည်ကြိတ်ထုတ်ခြင်း သည် ယခင်ကဆိုလျှင် ပြန်ရည်ကြိတ်အားလုံးမကျန်ထုတ်ရပြီး ယခုတော့ လူနာများအတွက် နည်းပညာအသစ်များ ရှိနေပါသည်။ ခွဲစိတ်ဆရာဝန်သည် ကင်ဆာအဖြစ်နိုင်ဆုံး ပြန်ရည်ကြိတ်ကိုသာ ဖယ်ရှားမည်ဖြစ်ပါသည်။ ကင်ဆာပထမဆုံးပျံ့လာနိုင်သည့် ပြန်ရည်ကြိတ်များ၏ တည်နေရာကိုသိရန် ခွဲစိတ်ဆရာဝန်သည် အကြိတ်အနီးတစ်ဝိုက်ရှိ တစ် ရှုးတွင်းသို့ ဆိုး ဆေးထိုးပါမည်။ အဆိုပါ ပြန်ရည်ကျိတ်အနည်းငယ်ကိုသာ ခွဲထုတ်ပြီးစစ်ဆေးပါမည်။ ကင်ဆာဖြစ်ကြောင်းတွေ့ရှိပါက ကျန်သော ကူးနိုင်ခြေရှိသည့် ပြန်ရည်ကြိတ်များကိုလည်း ခွဲထုတ်ပါမည်။ ပထမခွဲထုတ်ထားသည့် ပြန်ရည်ကြိတ်များတွင် ကင်ဆာမတွေ့ပါက တခြားပြန်ရည်ကြိတ်များသို့ ကင်ဆာပျံ့နိုင်ခြေမရှိပါ၊ ထို့ကြောင့် တခြားပြန်ရည်ကြိတ်များအား ခွဲထုတ်ရန်လည်း မလိုတော့ပေ။ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် ခွဲစိတ်မှုကြောင့်ဖြစ်တတ်သော လက်မောင်းရောင်ခြင်းနှင့် လက်မြှောက်မရခြင်းစသော ဆိုးကျိုးများလည်း နည်းစေမည်။

ရင်သားထိန်းသိမ်းစောင့်ရှောက်ခွဲစိတ်ခြင်းနှင့် ချိုင်းအောက်ပြန်ရည်ကြိတ်ခွဲစိတ်ခြင်း နည်းပညာအသစ်များကြောင့် လူနာများသည် သဘာဝရင်သားပုံစံကို တတ်နိုင်သမျှထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ယခုနည်းသည် ယခင်နည်းများကဲ့သို့ပင် ထိရောက်မှုရှိပါသည်။ သို့သော် ယခုနည်းဖြင့်ပြုလုပ်နိုင်ရန် ကင်ဆာအရွယ် သေးငယ်ရမည်ဖြစ်ပြီး ရင်သားအရွယ်သည် ခွဲစိတ်ပြီးပုံမပျက်အောင် လုံလောက်သော ကြီးမားမှုရှိရပါမည်။

ပိုမိုကောင်းမွန်သောရလဒ်များအတွက် ပေါင်းစပ်ကုထုံးများ

ဆရာဝန်များအနေဖြင့် ကင်ဆာကုသမှုပိုမိုထိရောက်ပြီး ပြန်ဖြစ်ခြင်းနည်းစေရန် ခွဲစိတ်မှုအပြင် အခြားကုသနည်းများကိုလည်း အကြံပြုပါလိမ့်မည်။


ကီမိုဓါတုဆေးကုထုံး – ကင်ဆာအဆင့်မသေးတော့ပဲ ပြန်ရည်ကြိတ်အတော်များများကိုလည်း ပျံ့နေပြီဆိုပါက ကီမိုဓါတုဆေးကုထုံး လိုအပ်ပါမည်။ သို့သော် အစောပိုင်းအဆင့်များတွင် ကီမိုသည် အခြားကုသနည်းများနှင့် တွဲဖက်ပြီး သုံးမသုံးသည် အခြေအနေပေါ်တွင်သာ မူတည်ပါသည်။ ဥပမာ ၁၀ နှစ်အတွင်း ကင်ဆာပြန်ဖြစ်နိုင်ချေ ၂-၃ ရာခိုင်နှုန်း လောက်သာရှိသူများတွင် ကီမိုမလိုနိုင်ပေ။ ပြန်ဖြစ်နိုင်ချေအား စစ်ဆေးခြင်းနည်းလမ်းတစ်ခုမှာ လူနာ၏အကြိတ်နှင့်ပတ်သက်သော မော်လီကျူးအနေအထားကို စစ်ဆေးခြင်းဖြစ်သည်။


ဓါတ်ရောင်ခြည်ကုထုံး – ယခုနည်းသည် ဖြစ်သောနေရာကို ပစ်မှတ်ထားကုခြင်းဖြစ်သည်။ ယခုနည်းအတွက် ရင်သားဝန်းကျင်ရှိ ပြန်ရည်ကြိတ်များသို့ပျံ့နေသော ရင်သားကင်ဆာလူနာများ (node-positive breast cancer) အတွက်သာ ဆရာဝန်မှရွေးချယ်ပါမည်။ ကင်ဆာအစောပိုင်းအဆင့်လူနာများအတွက် ဆရာဝန်များသည် ဓါတ်ရောင်ခြည်ကုထုံးကို အကြံပြုမည်မဟုတ်ပါ။ အကယ်၍ ရင်သားထိန်းသိမ်းစောင့်ရှောက်ခွဲစိတ်ခြင်း မပြုလုပ်မှသာလျှင် ဖြစ်နေသောနေရာအားလုံးကုသမှုရစေရန် ဓါတ်ရောင်ခြည်ကုထုံးကိုသုံးပါမည်။

ဟော်မုန်းကုထုံး – ကင်ဆာကြိတ်တစ်ခုအား စစ်ဆေးပြီး ER-positive ဆိုသောအဖြေထွက်ပါက ဆရာဝန်များသည် ဟော်မုန်းကုထုံးကို သုံးပါမည်။ ရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်ပျံ့ပွားခြင်းကိုအားပေးသော အီစထိုဂျင်ဟော်မုန်းကို နည်းအောင်၊ မထွက်အောင်ပိတ်ခြင်း ပြုလုပ်ရန်ဖြစ်ပါသည်။ ဟော်မုန်းကုထုံးဆေးများအား ရင်သားကင်ဆာကိုအားပေးမည့် အီစထိုဂျင်ဟော်မုန်းအားတားဆီးခြင်း၊ နည်းစေခြင်းပြုလုပ်သောဆေးများနှင့် ခန္ဓာကိုယ်မှ အီစထရိုဂျင်အထွက်နည်းအောင် ပြုလုပ်သောဆေးများဟူ၍ ၂ ပိုင်းခွဲနိုင်ပါသည်။


ပစ်မှတ်ထားကုထုံး – ဤနည်းတွင် HER2 ပရိုတိန်းကဲ့သို့သော ကင်ဆာကြီးထွားပျံ့ပွားမှုတွင်ပါဝင်သည့် တိကျသောမော်လီကျူးများအား ပစ်မှတ်ထားဖျက်ဆီးသည့် ကုသခြင်းဖြစ်သည်။ ဆရာဝန်များသည် အထိရောက်ဆုံးဖြစ်စေရန် ပစ်မှတ်ထားကုထုံးအား ကီမိုဓါတုဆေးကုထုံးနှင့်တွဲဖက်၍လည်း ကုသလေ့ရှိသည်။

Dr. Harit Suwanrusme ကင်ဆာရောဂါအထူးကု၊ ဟော်ရီဇွန်ကင်ဆာဌာန၊ ဘမ်ရွန်ဂရက် ဆေးရုံကြီး။

ရင်သားကင်ဆာနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုသည်။ မေးခွန်းမေးပါ။

ဟော်ရီဇွန်ကင်ဆာဌာနရှိ ကင်ဆာအထူးကုနှင့် ရက်ချိန်းယူမည်။ ရက်ချိန်းယူပါ။
 

IMG
IMG
IMG
IMG




    Scroll for more