bih.button.backtotop.text

လူ့နှလုံး၏ အံ့သြဖွယ်အချက် ၁၀ ချက်

փետրվարի 19, 2018


10-Incredible-Facts-about-the-Human-Heart-500-450-(2).jpg

နှလုံးသားအကြောင်း ပြောကြရအောင်။ နှလုံးဟာ အံ့မခန်းဖွယ်စက်ပစ္စည်းတစ်ခုလိုပါပဲ။ ကျွန်ုပ်တို့ သူ့အကြောင်းကို အမြဲမတွေးမိပေမယ့် သူကတော့ ကျွန်ုပ်တို့အသက်ရှင်ဖို့ မနေမနားအလုပ်လုပ်နေရသူပါ။ ဖေဖော်ဝါရီလတွင်း နှလုံးသားအကြောင်းတွေနဲ့ ဝန်းရံပြည့်နှက်နေချိန်မှာ တကယ့်နှလုံးသားစစ်စစ်ရဲ့ အံ့သြဖွယ်အချက်လေးများကို လေ့လာကြည့်ရအောင်။

၁။ သက်တမ်းစေ့နေရသည့်လူတစ်ယောက်မှာ နှလုံးဟာ သွေးစည်ပိုင်း ၁ သန်းလောက် ညှစ်ထုတ်ပေးပါတယ်။

၂။ နေ့စဉ်လိုလို သင့်နှလုံးဟာ ကုန်တင်ကားတစ်စီး မိုင် ၂၀ လောက်မောင်းနိုင်လောက်တဲ့ စွမ်းအင်ကို ထုတ်ပေးပါတယ်။ တစ်သက်တာအတွက်ဆိုရင်တော့ အဲဒီကုန်တင်ကား လကမ္ဘာအထိအသွားအပြန်မောင်းလို့ ရနိုင်လောက်တဲ့ စွမ်းအင်တွေပေးနိုင်ပါတယ်။

၃။ အမျိုးသမီးများရဲ့နှလုံးဟာ အမျိုးသားများထက်စာရင် ပျမ်းမျှအားဖြင့် တစ်မိနစ်လျှင် ၈ ကြိမ်ပိုမိုမြန်ဆန်စွာ ခုန်ပါတယ်။

၄။ နှလုံးခုန်သံဟာ နှလုံးအဆို့ရှင်များ လက်ခုပ်တီးသလို အဖွင့်အပိတ်လုပ်ခြင်းက လာပါတယ်။

၅။ သင့်နှလုံးအရွယ်ဟာ သင့်လက်ဖဝါးနှစ်ခုပူးထားတဲ့အရွယ်ပါ။ ကလေးဆိုရင်တော့ လက်သီးဆုပ်အရွယ်ပါ။

၆။ အောက်စီဂျင်သာ လုံလုံလောက်လောက်ရှိပါက နှလုံးဟာ သင့်ခန္ဓာကိုယ်ပြင်ပရောက်နေလျှင်ပင် ဆက်ပြီး ခုန်နိုင်ပါတယ်။ အခုလိုခုန်နိုင်ခြင်းဟာ နှလုံးမှာ သူ့ကိုယ်ပိုင် လျှပ်စစ်လှုံ့ဆော်မှုတွေရှိနေလို့ပါပဲ။

၇။ သင့်ခန္ဓာကိုယ်တွင်းမှာ နှလုံးမှပို့သောသွေးမရောက်သည့်နေရာသည် မျက်ကြည်လွှာတစ်ခုတည်းသာ ဖြစ်ပါတယ်။ ကျန်အင်္ဂါများအားလုံး (၇၅ ထရီလီယံမျှသောဆဲလ်များ) ဟာ နှလုံးမှလာသောသွေးကို မှီခိုနေရပါတယ်။

၈။ ကျန်းမာသောနှလုံးသည် နေ့စဉ် ပျမ်းမျှအကြိမ် ၁ သိန်းခုန်ပြီး ဂါလံ ၂၀ဝ၀ မျှသောသွေးများကို မိုင်ပေါင်း ၆ သောင်းမျှရှည်လျားသည့် သွေးကြောများအားဖြတ်သန်း ပို့ဆောင်ပေးပါတယ်။

၉။ နှလုံးရောဂါသည် သင့်ကျန်းမာရေးအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ပါတယ်။ အမျိုးသမီးများတွင် ဖြစ်တတ်သော ရင်သားကင်ဆာနှင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကြိတ်ကင်ဆာတို့ထက် ပိုလို့ပင် ကြောက်စရာကောင်းပါတယ်။

၁၀။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာစွာစားသုံးခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာရရှိအောင် နေထိုင်ခြင်းသည် သင့်နှလုံးကျန်းမာစေရန် သင်နေ့စဉ်ပြုလုပ်နိုင်သော ရိုးရှင်းသည့်အရာများ ဖြစ်ပါတယ်။ သင့်နှလုံးသားကို နေ့စဉ်ချစ်မြတ်နိုးနိုင်ဖို့ နည်းလမ်း ၄ သွယ်ကို ဤတွင်လေ့လာကြည့်ပါ။

လူ့နှလုံးသားသည် အံ့မခန်းဖွယ်ရာ စက်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့အသက်ရှင်ရန် မမောမပန်းအလုပ်လုပ်နေပါသည်။ သို့ပါသဖြင့် နှလုံးအားထိခိုက်မည့်အရာများ လုပ်တော့မည်ဆိုပါက သင့်ဘဝရဲ့မိနစ်တိုင်း သူဘယ်လို အလုပ်လုပ်နေရတယ်ဆိုတာကို တွေးကြည့်ပြီး သူ့ကိုနည်းနည်းကူညီနိုင်ဖို့ မိမိနေထိုင်စားသောက်ပုံကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ပါ။

နှလုံးရောဂါကာကွယ်ရန် ဘာတွေလုပ်နိုင်သည်၊ ရောဂါဖြစ်စေမည့်အန္တရာယ်များက ဘာတွေဖြစ်သည်ဆိုသည်အား ဘမ်ရွန်ဂရက်၏ နှလုံးကုဌာနတွင် လေ့လာပါ။ ဤဌာနတွင် ကျွန်ုပ်တို့၏ နှလုံးအထူးကုများမှ ကမ္ဘာ့အဆင့်မီကုသမှုများဖြင့် ကာကွယ်ခြင်းမှအစပြုကာ ရှုပ်ထွေးသောနှလုံးကုသမှုများအထိ ပြည့်စုံစွာ ကုသပေးနေပါသည်။ နှလုံးဌာနတွင် သင့်နှလုံးအားပိုမိုသန်စွမ်းကျန်းမာစေမည့် ကျန်းမာသောနှလုံးသားပက်ကေ့ချ် (Healthy Heart Package) ကိုလည်း လေ့လာကြည့်ပါ။
 

IMG
IMG
IMG
IMG




    Scroll for more