bih.button.backtotop.text

Micra: ကမ္ဘာ့အသေးဆုံး နှလုံးခုန်ထိန်းစက်

մարտի 09, 2018



The_World_s_Smallest_Pacemaker-500x450-(2).jpg
(Credit and Copyright Medtronic (Thailand) Limited.)

ဝါယာကြိုးများပါသော အရွယ်ကြီးမားသည့် နှလုံးခုန်ထိန်းစက် (Pacemaker) များမှာ ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်သည်။ ယနေ့ခေတ်တွင် ခွဲစိတ်စရာမလိုသော ဗီတာမင်ဆေးတောင့်အရွယ်လောက်သာရှိသည့် ဝါယာကြိုးမဲ့ နှလုံးခုန်ထိန်းစက်များရှိလာပါပြီ။ ယခုဆိုလျှင် FDA ကလည်းအသိအမှတ်ပြု၊ ဘမ်ရွန်ဂရက်တွင်လည်း ရနိုင်သော Micra စက်လေးသည် အံ့မခန်းဖွယ်ဖြစ်ပါသည်။

 

နှလုံးခုန်ထိန်းစက်က ဘာလုပ်ပေးပါသလဲ။

နှလုံးခုန်ထိန်းစက်သည် နှလုံးခုန်မမှန်ခြင်း (Arrhythmias) ကိုကုစားရန်အတွက် ရင်ဘတ်ထဲတွင်ထည့်ထားရသည့် စက်ကလေးဖြစ်သည်။ နှလုံးခုန်အလွန်နှေးခြင်း သို့မဟုတ် မြန်ခြင်းဖြစ်ပါက ခန္ဓာကိုယ်သို့ သွေးပို့လွှတ်မှုတွင် ထိခိုက်နိုင်သည်။


နှလုံးခုန်စက်သည် လျှပ်စီးကြောင်းများဖြင့် နှလုံးကိုလှုံ့ဆော်ပြီး ပုံမှန်အတိုင်းခုန်စေသည်။ ဝါယာဖြင့်စက်နှင့်နှလုံးကို ဆက်ထားသဖြင့် နှလုံးခုန်မမှန်ဖြစ်လာပါက စက်မှသိပြီး လျှပ်စီးကြောင်းများပို့လွှတ်ကာ ပုံမှန်ခုန်နှုန်းပြန်ရအောင် ပြုလုပ်ပါသည်။


သမရိုးကျ နှလုံးခုန်ထိန်းစက်များ

သမရိုးကျစက်များသည် ခွက်ထဲစိမ်သောက်ရသည့် လက်ဖက်ခြောက်အိတ်လေးအရွယ်ရှိပြီး ရင်ဘတ်အပေါ်ပိုင်းအတွင်း ထည့်သွင်းရန်လိုသည်။ လူနာအတော်များများတွင်သုံးရန် ရည်ရွယ်သည်။


ဆရာဝန်သည် ၅ စင်တီမီတာအရွယ် ခွဲကြောင်းရာလေးဖြင့် စတင်မည်။ ဝါယာအား သွေးပြန်ကြောအတွင်းထည့်ကာ နှလုံးနှင့်စက်ချိတ်လိုက်သည်။ စက်ကောင်းကောင်းအလုပ်လုပ်မလုပ် ဆရာဝန်မှစစ်ဆေးပြီး အရေပြားအောက်တွင် ထည့်မည်။ ကျေနပ်ပြီဆိုပါက ခွဲဒဏ်ရာကိုချုပ်မည်။ ခွဲစိတ်မှုသည် ၁ နာရီနှင့် ၂ နာရီကြားကြာတတ်ပြီး လူနာသည် ဆေးရုံတွင် စောင့်ကြည့်ရန်အတွက် ၂၄-၄၈ နာရီနေရသည်။


သမရိုးကျ နှလုံးခုန်ထိန်းစက်များအတွက် ဘက်ထရီသက်တမ်းသည် ၁၀ နှစ်ခန့်ရှိသည်။


Micra: ကမ္ဘာ့အသေးဆုံး နှလုံးခုန်ထိန်းစက်

Micra သည်အလွန်သေးငယ်သည်။ သမရိုးကျစက်ထက် ၉၃% ပင်ပိုသေးပါသည်။ နှလုံးအခန်းတစ်ခု (Single Chamber Pacemaker) အတွက်သာ လိုသောလူနာများအတွက် သုံးပါသည်။


စက်တပ်သည့်နည်းသည် သမရိုးကျစက်များနှင့် အလွန်ကွာခြားပါသည်။ ရင်ဘတ်တွင် ခွဲရန်မလိုပါ။ ဆရာဝန်မှ ပေါင်အထက်ပိုင်းတွင် သေးငယ်သောခွဲကြောင်းရာလေးပေးပြီး ပေါင်သွေးပြန်ကြောမကြီးမှတဆင့် ပြွန်ငယ်လေးထည့်ပါမည်။ ထိုပြွန်ငယ်မှတဆင့် Micra စက်လေးအား သွေးပြန်ကြောတစ်လျှောက် နှလုံး၏ညာဘက်သွေးလွှတ်ခန်းရောက်သည်အထိပို့ပြီး ထိုနေရာတွင် နှလုံးအခန်းနံရံနှင့် ကပ်ထားပါမည်။ ယင်းနောက် စက်၏လုပ်ဆောင်မှုကိုစစ်ဆေးပြီး စိတ်ချရပြီဆိုပါက ပေါင်မှထည့်သော ပြွန်အားထုတ်ပြီး အနာကိုပိတ်ပါမည်။ အဆိုပါလုပ်ဆောင်ချက်အားလုံးအတွက် ၁ နာရီတောင်မကြာပဲ လူနာသည်လည်း ထိုနေ့ညဆေးရုံတွင်နေပြီး နောက်ရက်ဆေးရုံဆင်းနိုင်ပါသည်။


စက်အား ဝါယာတွယ်ဆက်ထားခြင်းမရှိသလို ရင်ဘတ်တွင်လည်း ဖောင်းနေခြင်းမရှိပါ။ ဤစက်လေးအား နှလုံးထဲတွင်ထားခဲ့နိုင်သလို အလွယ်တကူပင် ပြန်ထုတ်ခြင်း၊ အသစ်လဲခြင်းလည်း ပြုလုပ်နိုင်သည်။ ဘက်ထရီသက်တမ်းမှာ ၁၀-၁၂ နှစ်ဖြစ်သဖြင့် ဝါယာပါသောစက်များထက် အနည်းငယ်ပိုကြာရှည်ခံပါသည်။

Micra သည် နှလုံးခုန်မမှန်သည့်အခြေအနေတိုင်းအတွက် အသုံးမပြုနိုင်သော်လည်း သုံးရသည့်လူနာများတွင် သမရိုးကျစက်များထက် ပိုမိုသက်တောင့်သက်သာရှိသော အတွေ့အကြုံကိုခံစားရသည်။ စက်သည်သေးငယ်ပြီး ထည့်သွင်းရသည်မှာလည်း ခွဲစိတ်စရာမလိုသဖြင့် ခန္ဓာကိုယ်ထဲတွင် စက်တစ်ခုခုထည့်ထားသည့် ပုံမပေါ်ပေ။ စက်ထည့်ပြီး လှုပ်ရှားမှုဆိုင်ရာတားမြစ်ချက်များလည်းနည်းပြီး ပုခုံးလှုပ်ရှားမှုအတွက်လည်း ပြဿနာမရှိပါ။ Micra သည်နောက်ဆုံးပေါ်ဖြစ်ပြီး နှလုံးစည်းချက်မမှန်သူများအတွက် တတ်နိုင်သမျှ ပုံမှန်အတိုင်းအသက်ရှင်လှုပ်ရှားနိုင်ရန် ကူညီပေးသည်။


သင်သည် ရင်ဘတ်အောင့်ခြင်းစသည့် နှလုံးဝေဒနာခံစားနေရခြင်း၊ Micra နှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုခြင်း၊ နောက်ပိုင်းနှလုံးပြဿနာများကို ရှောင်ရှားလိုခြင်းတို့ရှိပါက ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ နှလုံးကုဌာနတွင် ယနေ့ပင် ရက်ချိန်းယူလိုက်ပါ။ နှလုံးကုဌာနသည် ဆေးခန်းအဆောက်အဦး ၁၄ ထပ်တွင်ရှိပြီး +၆၆ ၂၀၁၁ ၃၄၉၁ သို့လည်း ခေါ်ဆိုနိုင်ပါသည်။
 

IMG
IMG
IMG
IMG




    Scroll for more