bih.button.backtotop.text

နှလုံးလျှပ်စစ်စီးဆင်းမှုလေ့လာခြင်း

An electrophysiology study (EPS) is a minimally invasive procedure that help determine the cause of your irregular heartbeat by evaluates the electrical activity and electrical pathways of the heart.

နှလုံးလျှပ်စစ်စီးဆင်းမှုလေ့လာခြင်း (EPS) သည် ထိုးထွင်းဝင်ရောက်မှုအနည်းဆုံး စစ်ဆေးမှုဖြစ်ကာ နှလုံး၏ လျှပ်စစ်စီးဆင်းမှုနှင့် လျှပ်စစ်စီးလမ်းကြောင်းများကို စစ်ဆေးလေ့လာခြင်းဖြစ်သည်။

မည်သို့စစ်ဆေးလေ့လာသနည်း။
အရည်နှင့်ဆေးဝါးများသွင်းရန် အကြောဆေးထိုးသည့်လိုင်း (IV) ဖောက်ပါမည်။ စစ်ဆေးလေ့လာနေစဉ် သင့်အီးစီဂျီ (နှလုံးခုန်နှုန်းနှင့် စည်းချက်) ကို စောင့်ကြည့်ရန် လျှပ်ခေါင်းလေးများ (ကပ်သောစတစ်ကာများ) ကို ရင်ဘတ်ပေါ်တွင် ကပ်ပါမည်။ သင့်ကို ငိုက်မျဉ်းသွားစေရန် အကြောမှတဆင့် ဆေးထိုးပါမည်။ သို့သော် မအိပ်ပျော်သွားစေပါ။ ဆရာဝန်မှ သွေးပြန်ကြောအတွင်းထိုးသွင်းမည့် သေးငယ်ပျော့ပြောင်းသောပိုက်လေးများထည့်မည့် ပေါင်ခြံနေရာအား ထုံစေရန် ထုံဆေးထိုးပါမည်။ နှလုံးသို့ ပိုက်လေးများရောက်သွားသည်နှင့် ၎င်းတို့သည် လျှပ်စစ်စီးဆင်းမှုများကို အာရုံခံနိုင်ကာ ၎င်းတို့အား နှလုံး၏လျှပ်စစ်စီးဆင်းမှုစနစ်ကို ဆန်းစစ်ရာ၌ အသုံးပြုမည်ဖြစ်သည်။
ဤလေ့လာစစ်ဆေးမှုကို နှလုံးစည်းချက်မမှန်ခြင်းရောဂါ ဖြစ်ပွားရခြင်းအကြောင်းအရင်းကို ရှာဖွေရန်နှင့် သင့်အတွက် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ရာတွင် အသုံးပြုပါသည်။ နှလုံးလျှပ်စစ်စီးဆင်းမှုလေ့လာခြင်းကို ရုတ်တရက် နှလုံးရပ်တန့်သွားနိုင်ခြေရှိသော နှလုံးစည်းချက်မမှန်ခြင်းရောဂါလက္ခဏာများပြနေ       သည့်လူနာများတွင် စစ်ဆေးရန် အကြံပြုလေ့ရှိပါသည်။
အကြောတွင်းဆေးသွင်းရန် အပ်ဖောက်သည့်နေရာမှ သွေးထွက်ခြင်း၊ နှလုံးကြွက်သားပေါက်သွားခြင်း၊ နှလုံးစည်းချက် ပုံမမှန်ဖြစ်ခြင်းနှင့် နှလုံးကြွက်သားများအလုပ်လုပ်ရန် အချက်ပြစနစ်တွင် အဟန့်အတားဖြစ်ခြင်းစသော အဖြစ်နည်းသည့် နောက်ဆက်တွဲပြဿနာများရှိပါသည်။
၂၄ နာရီအတွင်း ပုံမှန်လှုပ်ရှားမှုများပြုလုပ်ရင်း ကိုယ်နှင့်တစ်ပါတည်းကပ်ထားသော အီးစီဂျီရိုက်ခြင်း။
  • ရင်တုန်သည့်ဝေဒနာ မကြာခဏပြန်ပြန်ဖြစ်ခြင်း သို့မဟုတ် အကြောင်းရင်းမသိပဲ သတိလစ်တတ်သော လူနာများ
  • ပြင်းထန်သောလှုပ်ရှားမှု၊ အဖျားတက်ခြင်း၊ စိတ်ဖိစီးခြင်းစသည့်တို့ကြောင့်မဟုတ်ပဲ နှလုံးခုန်အလွန်မြန်တတ်ခြင်း သို့မဟုတ် နှလုံးသွေးလွှတ်ခန်းများမှစသော နှလုံးခုန်မြန်ခြင်းလူနာများ
  • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) တပ်ရန်လိုအပ်နိုင်သည့် နှလုံးခုန်အချက်ပြစနစ် ချို့ယွင်းနေသောလူနာများ
  • ရုတ်တရပ် နှလုံးရပ်တန့်သွားခြင်းမှ ပြန်လည်ကောင်းမွန်လာသော လူနာများ

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 13 vote(s)

Related Health Blogs