bih.button.backtotop.text

လည်ပင်းရှေ့ပိုင်းမှနေ၍ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်ခြင်း (ACDF)

လည်ပင်းရှေ့ပိုင်းမှနေ၍ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်သည့် ခွဲစိတ်မှု ဆိုသည်မှာဘာလဲ။
လည်ပင်းရှေ့ပိုင်းမှနေ၍ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်ခြင်း (ACDF) ဆိုသည်မှာ ကျွံနေသောရိုးဆက်ချပ်ပြားဝိုင်းနှင့် ပျက်စီးနေသောအစိတ်အပိုင်းများကို ဖယ်ရှားပြီးနောက် လည်ပင်းရိုးဆစ်များငြိမ်အောင် ဆက်ပေးသည့် ခွဲစိတ်ကုသမှုဖြစ်သည်။

ဘာကြောင့်လုပ်ရပါသလဲ။
ဖိမိနေသော အာရုံကြောအရင်း နှင့်/သို့မဟုတ် အာရုံကြောမကြီးလွတ်သွားပြီး အဆိုပါဖိမိခြင်းကြောင့်ဖြစ်သော ဝေဒနာလက္ခဏာများကို ပြေပျောက်စေရန် ပြုလုပ်ခြင်းဖြစ်သည်။
လည်ပင်းရှေ့ပိုင်းမှနေ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်ခြင်းကို မေ့ဆေးဖြင့်ပြုလုပ်ပါသည်။ ခွဲကြောင်းရာမှာ ၃ စင်တီမီတာခန့်ရှည်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ပျက်စီးနေသောရိုးဆက်ချပ်ပြားဝိုင်းအား လည်ပင်းကြွက်သားများအကြား လည်ပင်းရှေ့ပိုင်းမှနေ၍ ခွဲစိတ်ပါသည်။ အရိုးချုပ်ပြားဝိုင်းကိုဖယ်ထုတ်ပြီး ဖိမိနေသောအာရုံကြောအရင်းကို လွတ်သွားစေခြင်းဖြင့် နာကျင်မှုလည်းသက်သာသွားသည်။ ယင်းနောက် အစားထိုးအရိုးအား အရိုးပြန်ဖြစ်လာစေရန် ရိုးဆက်ချပ်ပြားဝိုင်းနေရာတွင် ထည့်ပါသည်။ ထို့နောက် ခွဲစိတ်ဆရာဝန်မှ ခွဲရာကိုချုပ်ပြီး အမာရွတ်သေးသေးလေးသာ ကျန်ပါသည်။
 
အချို့လူနာများတွင် ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်ကုသထားသည့်နေရာ အနာကျက်ပြီး အရိုးဆစ်များဆက်နေစဉ်အတွင်း အရိုးဆစ်ငြိမ်စေရန် ဝက်အူလေးများထည့်တတ်ပါသည်။
 
လည်ပင်းရှေ့ပိုင်းမှနေ၍ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းဖြတ်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်ခြင်း၏ အကျိုးကျေးဇူးများ
  • ခွဲစိတ်မှုတွင် ကြွက်သားဒဏ်မဖြစ်သဖြင့် ခွဲစိတ်မှုအပြီး နာကျင်မှုအနည်းဆုံးဖြစ်ခြင်း
  • နာလန်ထမြန်ခြင်း
  • လည်ပင်းရိုးဆစ်ရောဂါများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ခြင်း
  • လည်ပင်းအရိုးဆစ်ချပ်ပြားဝိုင်းအတုထည့်ခြင်းနှင့်ယှဉ်လျင် စရိတ်သက်သာခြင်း
လည်ပင်းခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာများသည် အဖြစ်နည်းပြီး မဆိုသလောက်ဖြစ်ပါသည်။ သို့သော်လည်း မည်သည့်ကျောရိုးခွဲစိတ်မှုမဆို အောက်ပါတို့အပါအဝင် အခြားအန္တရာယ်များတော့ရှိတတ်ပါသည်။
  • အရိုးဆစ်များဆက်လိုက်သဖြင့် ကပ်လျက်အရိုးဆစ်တွင် ဒဏ်ပိပြီးအဆိုပါအရိုးဆစ် ပျက်စီးလာခြင်း
  • မျိုရခက်ခဲခြင်းနှင့် ယာယီကွဲအက်သောအသံဖြစ်ခြင်း
  • အရိုးဆစ်များဆက်သွားစေရန်ပြုလုပ်သော အစားထိုးအရိုးထည့်မှုမအောင်မြင်ခြင်း
  • မည်သည့်ခွဲစိတ်မှုမျိုးတွင်မဆိုဖြစ်တတ်သော သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးခဲဖြစ်ပေါ်ခြင်းနှင့် မေ့ဆေးမတည့်ခြင်း
 
ယခု ACDF ခွဲစိတ်မှုမပြုလုပ်မီ ခွဲစိတ်ဆရာဝန်နှင့် ခွဲစိတ်မှုကြောင့်ရလာနိုင်သည့် အန္တရာယ်နှင့် နောက်ဆက်တွဲပြဿနာများကို တိုင်ပင်ရန်အကြံပြုပါသည်။ လည်ပင်းခွဲစိတ်မှုမတိုင်မီနှင့်ခွဲပြီးနောက် ဆရာဝန်မှပေးသောညွှန်ကြားချက်များအား လိုက်နာခြင်းဖြင့် ခွဲစိတ်မှုကြောင့်ရလာနိုင်သည့် အန္တရာယ်များကို လျော့နည်းစေနိုင်ပါသည်။

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 7.00 of 10, based on 4 vote(s)

Related Health Blogs