ရောဂါလက္ခဏာများ
ခါးလက္ခဏာများ။ ခါးရိုးဆစ်ရှေ့သို့ချော်ထွက်နေသည့်လူနာများသည် နာတာရှည်ခါးနာခြင်းကို ခံစားရသည်။ အထူးသဖြင့် ကိုင်းညွှတ်ချိန်၊ တစ်ခုခုမသည့်အချိန်၊ သို့မဟုတ် လမ်းလျှောက်သည့်အချိန်စသည့် ခါးရိုးလှုပ်ရှားမှုပြုလုပ်ချိန်များတွင်ဖြစ်သည်။
ခြေထောက်လက္ခဏာများ။ လူနာသည် ပေါင်နှင့်တင်ပါးတွင်နာကျင်ခြင်း၊ ထုံခြင်း သို့မဟုတ် လေးလံနေခြင်းမျိုးခံစားရမည်။ အထူးသဖြင့် လမ်းလျှောက်သည့်အချိန်တွင်ဖြစ်သည်။ သို့သော် အဆိုပါဝေဒနာများသည် ထိုင်လိုက်သည့်အခါ သို့မဟုတ် ရှေ့သို့ကိုင်းလိုက်သည့်အခါ သက်သာသွားမည်။ လူနာအနေဖြင့် လမ်းလျှောက်နိုင်သည့်အကွာအဝေး တစ်ဖြည်းဖြည်းနည်းလာသည်ကိုလည်း သတိထားမိလာမည်။ အာရုံကြောများအား အလွန်အကျွံဖိမိပါက ဆီးဝမ်းသွားခြင်းတို့တွင်ပါ ထိန်းမရခြင်းဖြစ်နိုင်သည်။
ဖြစ်ရသည့်အကြောင်းရင်းများ
- အသက်ကြီးလာသဖြင့် ကျောရိုးပျက်စီးခြင်း သို့မဟုတ် မွေးရာပါအဆစ်ချို့ယွင်းခြင်း
- ခါးရိုးဆစ်အစိတ်အပိုင်းတစ်ခုအား ထိခိုက်ဒဏ်ရာရရခြင်း
- မတော်တဆထိခိုက်မှု သို့မဟုတ် အားကစားလှုပ်ရှားမှုကြောင့် ကျောရိုး ထိခိုက်ဒဏ်ရာရရခြင်း
ကုသမှုနည်းလမ်းများ
- ကျောရိုးဆစ်တွဲဆက်ခြင်း
- နောက်ဖက်မှနေ၍ ကျောရိုးဆစ်နှစ်ခုအားတွဲဆက်ခြင်း ( Percutaneous TLIF )