bih.button.backtotop.text
သားအိမ်ခေါင်းစစ်ဆေးခြင်း
သားအိမ်ခေါင်းစစ်ဆေးခြင်း သည် သားအိမ်ခေါင်းကင်ဆာကို ရှာဖွေတွေ့ရှိနိုင်ရန် စစ်ဆေးခြင်းဖြစ်သည်။ ဆရာဝန်သည် ကြည့်ရှုစစ်ဆေးရာတွင် အသုံးပြုသည့်ကိရိယာကို အမျိုးသမီအင်္ဂါအတွင်းသို့ထည့်၍ချဲ့ကာ ဓာတ်ခွဲခန်းတွင်စစ်ဆေးလေ့လာနိုင်ရန် သားအိမ်ခေါင်းမှဆဲလ်များကို စုဆောင်းယူပါသည်။ ပုံမှန်မဟုတ်သော သို့မဟုတ် မျိုးရိုးဗီဇပြောင်းနေသည့်ဆဲလ်များသည် သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေခြင်း သို့မဟုတ် ဖြစ်နေခြင်းကို ဖော်ပြပါသည်။
မည်သူများစစ်ဆေးသင့်သနည်း။
သားအိမ်ခေါင်းကင်ဆာစစ်ဆေးရန် အကောင်းဆုံးအချိန်နှင့် မည်မျှတစ်ခါစစ်ဆေးသင့်သည်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပေးလိုပါသည်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းမှ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများအတွက် ညွှန်ကြားချက်များကို ထုတ်ပြန်ထားပါသည်။
၁။ အသက် ၂၁ နှစ်ပြည့်ပြီးသော အမျိုးသမီးတိုင်း (သို့) ပထမဆုံးအကြိမ် လိင်ဆက်ဆံပြီးသည့်အချိန်မှ     ၃ နှစ်အတွင်း စစ်ဆေးရပါမည်။ အရင်ဖြစ်လာသည့်အပေါ်မူတည် စစ်ဆေးရပါမည်။ နောက်ပိုင်းတွင် ဤစစ်ဆေးမှုကို ၁ နှစ် မှ ၂ နှစ် ပြည့်တိုင်း ပြန်လည်စစ်ဆေးသင့်ပါသည်။
၂။ အသက် ၃၀ နှစ်ပြည့်ပြီးသော အမျိုးသမီးများသည် နှစ်စဉ် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါသည်။ ထိုအမျိုးသမီးများသည် ၃ နှစ်ဆက်တိုက် ရောဂါမရှိသောအဖြေထွက်ပါက နောက်ပိုင်းလျှင် ၃ နှစ်တစ်ကြိမ် စစ်ဆေးနိုင်ပါသည်။ သို့သော် HIV ရောဂါပိုး (သို့) HPV ရောဂါပိုး ကူးစက်ခံထားရသည့် အမျိုးသမီးများ၊ ခုခံအားစနစ်ကျဆင်းနေသော အမျိုးသမီးများ (သို့) ကိုယ်ဝန်ဆောင်စဉ် diethylstilbestrol ဆေးများ သောက်သုံးခဲ့သော အမျိုးသမီးများသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန်အန္တရာယ်များသဖြင့် နှစ်စဉ်စစ်သွားသင့်ပါသည်။
၃။ အသက် ၇၀ ပြည့်ပြီး ၃ နှစ်ဆက်တိုက် ရောဂါမရှိသောအဖြေထွက်ကာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင်လည်း ရောဂါမရှိကြောင်းအဖြေရထားသူများနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် အန္တရာယ်မရှိသည့် အမျိုးသမီးများသည် သားအိမ်ခေါင်းကင်ဆာစစ်ဆေးရန် မလိုအပ်တော့ပါ။
၁။ သင်ဓမ္မတာမလာသည့်အခါတွင်သာ စစ်ဆေးသင့်ပါသည်။
၂။ စစ်ဆေးမှုမပြုလုပ်ခင် အမျိုသမီးအင်္ဂါတွင်းဆေးခြင်းမပြုလုပ်သင့်ပါ။
၃။ စစ်ဆေးမှုမပြုမီ ၄၈ နာရီအလိုမှစ၍ အမျိုးသမီးအင်္ဂါအတွင်း ဆေးတောင့်ထည့်ခြင်း၊ ခရင်မ်လိမ်းခြင်း (သို့) သုတ်ပိုးသတ်ဆေးထည့်ခြင်း စသည်တို့ကို မပြုလုပ်ရပါ။
၄။ စစ်ဆေးမှုမပြုမီ ၂၄ နာရီအလိုမှစ၍ လိင်ဆက်ဆံမှု မပြုရပါ။
Related conditions
Doctors Related
Related Centers
Related Packages
Rating score 10.00 of 10, based on 10 vote(s)
Related Health Blogs