bih.button.backtotop.text

နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab)

ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) တွင် နှလုံးစည်းချက်မမှန်ခြင်း (ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း) သို့မဟုတ် နှလုံးလျှပ်စစ်စီးဆင်းသည့်စနစ်တွင် ပုံမှန်မဟုတ်ခြင်း စသည်တို့အား ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုများကို ပြုလုပ်ပေးနေပါသည်။ နှလုံးလျှပ်စစ်စီးဆင်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရှိနေသည့် နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) အား ခေတ်မှီဆေးပစ္စည်းများ၊ နည်းပညာများဖြင့် ဖြည့်စွက်ထားပါသည်။ နှလုံးလျှပ်စစ်စီးဆင်းသည့်စနစ်အား ချို့ယွင်းမှုများဖြစ်စေသည့် အကြောင်းအရာများကို ရှာဖွေရန်နှင့်ကုသရန် အလွန်တိကျသော ကွန်ပျူတာဖြင့်ထိန်းချုပ်သည့် CARTO system ကို အသုံးပြုပါသည်။ ဤခေတ်မှီဆန်းသစ်သော နည်းပညာသည် ပုံမှန်မဟုတ်သောအရာများကို ပုံရိပ်ဖန်တီးပေးသဖြင့် တိကျသောရောဂါရှာဖွေခြင်း၊ ကုသမှုတွင်ထိရောက်မှုပိုရှိခြင်းနှင့် လူနာများအတွက် နောက်ဆက်တွဲပြဿနာနည်းပါးခြင်း စသည်တို့ကို ပေးစွမ်းနိုင်ပါသည်။

နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း ဝန်ဆောင်မှုများ
  • နှလုံးလျှပ်စစ်စီးဆင်းမှုလေ့လာခြင်း သည် နှလုံး၏ အချက်ပြလျှပ်စီးများနှင့် လျှပ်စီးလမ်းကြောင်းများကို စစ်ဆေးခြင်းဖြစ်သည်။ နှလုံးစည်းချက်မမှန်ခြင်းဖြစ်စေသော ပုံမှန်မဟုတ်သည့် လျှပ်စစ်စီးဆင်းမှုများ ဖြစ်ရသောအကြောင်းရင်းနှင့် ဖြစ်သည့်နေရာကိုရှာဖွေရန် ဤလေ့လာခြင်းကို အသုံးပြုပါသည်။ ဤစစ်ဆေးမှု ရလဒ်များအား ၃ ဖက်မြင်ပုံရိပ်များဖြင့်ပြသပြီး ရောဂါရှာဖွေမှုအားတိကျစေသည့်အတွက် ဆရာဝန်များအနေဖြင့် သင့်တော်သည့်ကုသမှုကို ရွေးချယ်ပေးနိုင်ပါသည်။ ဤရောဂါရှာဖွေမှုပြီးနောက် ဆရာဝန်သည် တစ်ခါတည်းပင် အပူလှိုင်းများအသုံးပြုပြီး ချက်ခြင်းကုသမှုပေးနိုင်မည်ဖြစ်သည်။

စွမ်းအားမြင့်အပူလှိုင်းအား ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းဖြစ်စေသည့် နေရာကိုဖယ်ရှားရန် အသုံးပြုပါသည်။ ၎င်းနည်းလမ်းမှာ နှလုံးအတွင်းသို့ ပြွန်ငယ်ထည့်ကာ လျှပ်စစ်စီးဆင်းမှုချို့ယွင်းခြင်းဖြစ်စေသည့်နေရာအတိအကျသို့ အပူလှိုင်းများလွှတ်၍ ကုသခြင်းဖြစ်ပါသည်။

  • CARTO system အသုံးပြုကာ အပူလှိုင်းဖြင့် ချို့ယွင်းသည့်အပိုင်းများကို ဖယ်ရှားခြင်း သည် လျှပ်စစ်စီးဆင်းမှုပုံမှန်မဟုတ်သည့်နေရာကို သတ်မှတ်ဖယ်ရှားပြစ်ရန် အချိန်နှင့်တပြေးညီမြင်ရသော ၃ ဖက်မြင်မြေပုံကိုအသုံးပြုသည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။ နှလုံးစည်းချက်ပုံမှန်မဟုတ်ခြင်းကို ဖြစ်စေသည့် လမ်းကြောင်းများကိုဖျက်စီးရန် ပြွန်ငယ်တစ်ခုနှင့်အပူလှိုင်းများကို အသုံးပြုပါသည်။ ဤနည်းလမ်းသည် ပုံမှန်မဟုတ်သည့်လျှပ်စစ်စီးဆင်းမှု အမျိုးအစားများစွာကို ကုသရာတွင် ထိရောက်မှုရှိပါသည်။ ဥပမာ -

o နှလုံးအပေါ်အခန်းများတွင် ပုံမှန်မဟုတ်သည့် နှလုံးခုန်မှု (သွေးဝင်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း)

o နှလုံးအပေါ်အခန်းများတွင်တုန်ခြင်း (နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း)

o နှလုံးအောက်အခန်းများတွင် နှလုံးခုန်မြန်ခြင်း (သွေးလွှတ်ခန်းများမှစသော နှလုံးခုန်မြန်ခြင်း)

o နှလုံးအပေါ်အခန်းများတွင် နှလုံးခုန်မြန်ခြင်း

  • နှလုံးခုန်နှုန်းထိန်းစက် ( Pacemaker) သည် နှလုံးစည်းချက်ကို ပုံမှန်အတိုင်းပြန်လည်ရရှိစေသည့် သေးငယ်သည့် လျှပ်စစ်ပစ္စည်းကိရိယာဖြစ်သည်။ စက်မှနေ၍နှလုံးသို့သွားသည့်ခဲသီးနှင့်အတူ ဤစက်အား ညှပ်ရိုးအနီးရှိ အရေပြားအောက်တွင် ထည့်သွင်းထားပါသည်။ ၎င်းခဲသီးသည် စက်အား နှလုံးခုန်နှုန်း ထိန်းညှိပေးခြင်းနှင့် မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်စေပါသည်။
  • ရင်ဘတ်အောက် မြုပ်ထည့်ထားနိုင်သော အသက်ကယ်နှလုံး ပြန်ခုန်စက် ၎င်းသည် နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ထည့်သွင်းခြင်းနှင့် အလားတူဖြစ်သည်။ စက်မှ စည်းချက်အလွန်နှေးသည်ကိုတွေ့ရှိပါက နှလုံးခုန်နှုန်းကို လှုံ့ဆော်ပါမည်။ နှလုံးခုန်နှုန်းအလွန်မြန်ဆန်နေပြီး လူနာ၏အသက်အန္တရာယ်စိုးရိမ်ရပါက စက်သည် လူနာ၏အသက်ကိုကယ်တင်ရန် ပုံမှန်နှလုံးခုန်နှုန်းကို ပြန်လည်ရရှိစေမည်ဖြစ်သည်။
  • နှလုံးညှစ်ခြင်း ပြန်လည်ဟန်ချက်ညီစေသည့်ကုထုံး - ၎င်းသည် နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) သို့မဟုတ် ရင်ဘတ်အောက် မြုပ်ထည့်ထားနိုင်သော အသက်ကယ်နှလုံးပြန်ခုန်စက် ထည့်သွင်းခြင်းတို့နှင့် အလားတူပင်ဖြစ်သည်။ ဆေးဝါးများဖြင့်ကုသ၍ ထိရောက်မှုမရှိတော့သည့်အခါ နာတာရှည် နှလုံးမှလုံလောက်စွာသွေးမလွှတ်နိုင်ခြင်းကိုကုသရန် ဤစက်ကို အရေပြားအောက်တွင် ထည့်သွင်းပါသည်။ ဤစက်သည် နှလုံးကြွက်သားများအား ကောင်းမွန်စွာအလုပ်လုပ်စေပါသည်။


Cardiac Electrophysiology Lab (EP Lab)

ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) တွင် နှလုံးစည်းချက်မမှန်ခြင်း (ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း) အတွက် ရောဂါရှာဖွေမှုနှင့်ကုသမှုများပေးရန် ခေတ်အမှီဆုံး ဆေးပစ္စည်းကိရိယာများ၊ နည်းပညာများ အသုံးပြုထားရှိပါသည်။ ၎င်းတို့မှာ -

  • CARTO system သည် နှလုံး၏ဖွဲ့စည်းပုံနှင့် အချက်ပြလျှပ်စီးများကို ၃ ဖက်မြင်ပုံရိပ်များဖြင့် ဖန်တီးသည့် ကွန်ပျူတာအထောက်အကူပြု နည်းပညာဖြစ်သည်။ လျှပ်စစ်မျဉ်းဗို့လ်အားအတိုင်း နေရာများကို အရောင်များဖြင့် ခွဲခြားသတ်မှတ်ပါသည်။ တိကျသောပုံရိပ်များစွာကို ဖန်တီးခြင်းဖြင့် ဤနည်းပညာသည် ဆရာဝန်များအတွက် ချို့ယွင်းမှုရှိသောနေရာကို တိကျစွာဖော်ထုတ်နိုင်စေပြီး အသင့်တော်ဆုံးကုသမှုကို ရွေးချယ်နိုင်စေပါသည်။ CARTO system ကို အသုံးပြုခြင်းဖြင့် ဆရာဝန်များသည် နှလုံးတွင် ချို့ယွင်းမှုရှိသည့်နေရာအတိအကျတွင် အပူလှိုင်းများထုတ်လွှင့်ကာ ထိရောက်သောကုသမှုကို ပေးစွမ်းနိုင်ပါသည်။ CARTO system ကို အောက်ဖော်ပြပါ ဆေးပစ္စည်းကိရိယာများဖြင့် တွဲဖက်အသုံးပြုပါသည်။

CARTOSOUND သည် ၃ ဖက်မြင်ဂရပ်ဖစ်ပုံရိပ်များဖန်တီးရန် ဆော့ဖ်ဝဲလ်အသုံးပြုသည့် အာလ်ထရာဆောင်း ပုံရိပ်နည်းပညာတစ်မျိုးဖြစ်သည်။ CARTOSOUND သည် နှလုံးဖွဲ့စည်းပုံများကိုမြင်ပြီး ချို့ယွင်းမှုများကိုရှာရာတွင် ဆရာဝန်၏စွမ်းရည်ကို ပံ့ပိုးပေးသည်။

ကွန်ပျူတာဓာတ်မှန်

မြေပုံနည်းပညာသည် ဂျီပီအက်စ်လမ်းညွှန်စနစ်ကဲ့သို့ အလားတူဆောင်ရွက်ပြီး တိကျသော ရောဂါရှာဖွေခြင်းနှင့်ကုသမှုတို့ကို အထောက်အကူပြုပါသည်။

o အမျိုးမျိုးသော ဆော့ဖ်ဝဲလ်အပလီကေးရှင်းများ - ဥပမာ CFAEs (complex fractionated atrial electrocardiograms) သည် လူနာတစ်ဦးချင်းစီမှခံစားရသော မတူညီသည့်ချို့ယွင်းမှုများအတိုင်း ပိုမိုတိကျသောပုံရိပ်များကိုဖန်တီးရန် ရှိနေပြီဖြစ်သည်။

ရောဂါရှာဖွေနေစဉ် သို့မဟုတ် ကုသမှုပေးနေစဉ်တွင် CARTO system သည် အချိန်နှင့်တပြေးညီမြင်ရသော ၃ ဖက်မြင်မြေပုံကိုဖန်တီးကာ ဆရာဝန်များအတွက် ချို့ယွင်းမှုရှိသောနေရာအတိအကျတွင် ကုသမှုပေးနိုင်ရန် အထောက်အကူပေးပါသည်။
  • အပူလှိုင်းဖြင့် အလုပ်မလုပ်သည့်အပိုင်းများကို ဖယ်ရှားခြင်းစနစ် သည် အပူချိန်ထိန်း စွမ်းအင်ထုတ်လွှတ်ခြင်းနှင့် အေးနေသောပြွန်ထိပ်တို့ကိုအသုံးပြု၍ဖယ်ရှားခြင်းတို့အတွက် အောင်မြင်မှုနည်း မြင့်မားစေသည်။
နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) သည် ခွဲစိတ်ခန်းကဲ့သို့ သတ်မှတ်သည့်အတွက် ထိုအခန်းသည် ပိုးသန့်စင်ထားပါသည်။ လေကိုလားရာတစ်ခုတည်းသို့ တူညီသောမြန်နှုန်းဖြင့်စီးဆင်းသည့်စနစ်ကိုအသုံးပြုပြီး ရောဂါပိုးမွှားများဖယ်ရှားရန် HEPA ပိုးမွှားနှင့်အညစ်အကြေးစုပ်စနစ်ကို တပ်ဆင်ထားပါသည်။ မည်သည့်အချိန်တွင်မဆို လိုအပ်ပါက နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) တွင် ချက်ခြင်း ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါသည်။

နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်း (EP Lab) ရှိ ကျွန်ုပ်တို့၏ ဆေးပညာရှင်များအဖွဲ့သည် လူနာများအားလုံးအတွက် အကောင်းဆုံးကုသမှုရလဒ်ကိုပေးစွမ်းနိုင်ရန် အတူတကွပူးပေါင်းဆောင်ရွက် ကြပါသည်။ ၎င်းအဖွဲ့တွင် ပါဝင်သော ပညာရှင်များမှာ -

  • နှလုံးလျှပ်စစ်စီးဆင်းမှုဗေဒဆိုင်ရာ အထူးကုများ
  • နှလုံးလျှပ်စစ်စီးဆင်းမှုဗေဒဆိုင်ရာ သူနာပြုများ
  • ဓာတ်မှန်ပညာရှင်များ
  • နှလုံးလျှပ်စစ်စီးဆင်းမှုစစ်ဆေးခန်းရှိ ဆေးဘက်ဆိုင်ရာ နည်းပညာပညာရှင်များ

Doctors Related

Related Centers

Related Packages

Rating score 9.33 of 10, based on 15 vote(s)

Related Health Blogs