bih.button.backtotop.text

နာတာရှည် ကျောက်ကပ်ရောဂါကုသခြင်းအစီအစဉ်

နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဆိုသည်မှာ လပိုင်း သို့မဟုတ် နှစ်ပိုင်းအတွင်း ကျောက်ကပ်လုပ်ဆောင်ချက် တဖြည်းဖြည်းပျက်စီးလာခြင်းဖြစ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ရခြင်း အကြောင်းရင်းများမှာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အချို့သောအဆိပ်အတောက်များနှင့် ထိတွေ့ခြင်း၊ တိုင်းရင်းဆေး သို့မဟုတ် အခြားဆေးများကြောင့် ဖြစ်သည်။

Overview
နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဆိုသည်မှာ လပိုင်း သို့မဟုတ် နှစ်ပိုင်းအတွင်း ကျောက်ကပ်လုပ်ဆောင်ချက် တဖြည်းဖြည်းပျက်စီးလာခြင်းဖြစ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ရခြင်း အကြောင်းရင်းများမှာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အချို့သောအဆိပ်အတောက်များနှင့် ထိတွေ့ခြင်း၊ တိုင်းရင်းဆေး သို့မဟုတ် အခြားဆေးများကြောင့် ဖြစ်သည်။

သေချာမကုသပါက အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်လုပ်ဆောင်ချက် လျှော့ကျလာကာ နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်သွားပြီး ကျောက်ကပ်ဆေးခြင်း သို့မဟုတ် အစားထိုးခြင်းတို့ လိုအပ်ပါမည်။ ကျောက်ကပ်လုပ်ဆောင်ချက် လျှော့ကျခြင်းကြောင့် အမျိုးမျိုးသောနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ - ကိုယ်တွင်း ရေနှင့်ဓါတ်ဆားဓါတ်မညီမျှခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ စုပုံနေခြင်း။ လူနာသည် အထူးကုနှင့်ပုံမှန်ပြသနေမည်ဆိုပါက အဆိုပါရောဂါလက္ခဏာများကို ထိန်းချုပ်ကာကွယ်နိုင်ပါမည်။

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးအနေဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ပိုမိုဆိုးလာခြင်းနှင့် ရောဂါ၏အကျိုးဆက်များဖြစ်ပေါ်လာခြင်းတို့မှ ကာကွယ်ရန် သို့မဟုတ် ရောဂါနှေးစေရန် အဓိကရည်ရွယ်ချက်ဖြင့် နာတာရှည် ကျောက်ကပ်ရောဂါကုသခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါအထူးကု၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် အာဟာရပညာရှင်များပါဝင်သည့် ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ သင့်အားပြုစုကုသပေးပါမည်။
  • နောက်ဆက်တွဲပြဿနာများကာကွယ်ရန်အတွက် ကျောက်ကပ်လုပ်ဆောင်ချက်ပုံမှန်စစ်ဆေးခြင်း
  • ဘမ်ရွန်ဂရက်မှ ကျောက်ကပ်ရောဂါအထူးပြု အာဟာရပညာရှင်များ၏ အစားအသောက် ထိန်းချုပ်ခြင်းဆိုင်ရာ အကြံပေးခြင်း
  • မိမိကိုယ်ကို မည်သို့နေထိုင်စားသောက်ရမည်ဆိုသည်အား လမ်းညွှန်ထားသည့် လက်စွဲစာအုပ်
  • ဆေးဝါးလမ်းညွှန်နှင့် မည်သည့်ဖြည့်စွက်စာများက ကျောက်ကပ်အားထိခိုက်စေသည်ဆိုသော သတင်းအချက်အလက်များပေးခြင်း
  • ကျန်းမာရေးအား ခြုံငုံဆွေးနွေးခြင်း
  • ကျွန်ုပ်တို့၏ ကျောက်ကပ်အထူးကုများမှ စဉ်ဆက်မပြတ်သော စောင့်ရှောက်စစ်ဆေးမှုများပေးခြင်း 
  • နာတာရှည် ကျောက်ကပ်ရောဂါရှိပြီး ကျောက်ကပ်လုပ်ဆောင်ချက် အနည်းငယ်ထိခိုက်နေသူများ (ကျောက်ကပ်စစ်ထုတ်မှုနှုန်း GFR သည် 60 ml/min/1.73mထက်နည်းနေခြင်း သို့မဟုတ် ဆီးထဲတွင် အယ်လ်ဗျူမင်ပရိုတင်း စစ်ဆေးတွေ့ရှိခြင်း - 500 mg/day ထက်ကျော်)။
  • ကုသရန်ဆန္ဒရှိပြီး နာတာရှည် ကျောက်ကပ်ရောဂါကုသခြင်းအစီအစဉ်အတွက် ချိန်းထားသည့်အတိုင်း ပုံမှန်လာပြနိုင်သူမျာ

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 11 vote(s)

Related Health Blogs