bih.button.backtotop.text

နှလုံးသွေးကြောဖြတ်ဆက်ခြင်း (CABG) - နှလုံးခွဲစိတ်ခြင်း

CABG ဆိုသည်မှာ တစ်ခု သို့မဟုတ် တစ်ခုထက်မက ပိတ်ဆို့နေသည့် နှလုံးပတ်သွေးလွှတ်ကြောများကို ကွင်းရှောင်ပြီး နှလုံးသို့ပုံမှန်သွေးစီးဆင်းမှု ပြန်ရရှိရန် အစားထိုးသွေးကြောဖြင့် ဆက်ခြင်းဖြစ်သည်။ ထိုအစားထိုးသွေးကြောများမှာ ပုံမှန်အားဖြင့် လူနာ၏ ရင်ခေါင်း၊ ခြေထောက် သို့မဟုတ် လက်ဖျံရှိ လူ့နာကိုယ်ပိုင်သွေးကြောများ ဖြစ်သည်။ ဖြတ်ဆက်ထားသော သွေးကြောသည် ပိတ်ဆို့နေသော သွေးလွှတ်ကြော သို့မဟုတ် သွေးလွှတ်ကြောများ၏ ဘေးမှဝိုက်ကာ နှလုံးဆီသို့ အောက်စီဂျင်ပြည့်ဝသော သွေးကိုစီးဆင်းစေရန် လမ်းကြောင်းအသစ် ဖန်တီးပေးပါသည်။

မည်သို့ပြုလုပ်ခွဲစိတ်သနည်း။

ပိတ်ဆို့နေသောနေရာကို ကွင်းရှောင်ရန် ခွဲစိတ်ဆရာဝန်မှ ပြဿနာရှိသောသွေးလွှတ်ကြော၏ ပိတ်နေသည့်နေရာအောက်တွင် အပေါက်ငယ်တစ်ခုကို ဖောက်ပါမည်။ အကယ်၍ ခြေထောက်မှ သွေးပြန်ကြော သို့မဟုတ် လက်မှ သွေးလွှတ်ကြောကို အသုံးပြုပါက အဆုံးတစ်ဖက်ကို နှလုံးပတ်သွေးလွှတ်ကြော၌ဆက်ကာ ကျန်တစ်ဖက်ကို သွေးလွှတ်ကြောမကြီး၌ ဆက်ပါမည်။ အကယ်၍ ရင်သားမှသွေးလွှတ်ကြောကို အသုံးပြုပါက အဆုံးတစ်ဖက်ကို နှလုံးပတ်သွေးလွှတ်ကြော၌ဆက်ကာ ကျန်တစ်ဖက်အား ညှပ်ရိုးအောက်သွေးလွှတ်ကြောရှိ နဂိုမူလနေရာ ချန်ရှိထားပါမည်။ အစားထိုးသွေးကြောအား ဖောက်ထားသည့် အပေါက်တွင် တွဲချုပ်ကာ ပိတ်ဆို့နေသည့် နေရာကိုကွင်းရှောင်ပြီး သွေးပြန်လည်စီးဆင်းစေပါသည်။

ပိတ်ဆို့မှုရှိသော နှလုံးပတ်သွေးလွှတ်ကြောများအားလုံး ကုသပြီးသည်အထိ အထက်ပါလုပ်ငန်းစဉ်အတိုင်း ထပ်ခါထပ်ခါ ပြုလုပ်နေပါမည်။ ခွဲစိတ်နေစဉ်တွင် နှလုံးပတ်သွေးလွှတ်ကြော ၃ ခု မှ ၄ ခု အထိ ဖြတ်ဆက်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်။

လူနာဆေးရုံမှမဆင်းမီ ဆရာဝန်နှင့် သူနာပြုများသည် ပြုလုပ်ခဲ့သော နှလုံးသွေးကြောဖြတ်ဆက်ခြင်းအား အတိအကျရှင်းပြပါမည်။

  • နှလုံး အဆုတ်စက်

ခွဲစိတ်နေစဉ်တွင် နှလုံး-အဆုတ်စက်အား နှလုံးနှင့်အဆုတ်တို့၏ ပုံမှန်တာဝန်များကိုလွှဲယူပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးသို့ သွေးလည်ပတ်စီးဆင်းနိုင်စေရန် အသုံးပြုပါသည်။ နဂိုနှလုံးအစား အဆိုပါစက်အသုံးပြုအလုပ်လုပ်စေပြီး တကယ့်နှလုံးတွင် နှလုံးခုန်ရပ်တန့်သွားမှသာ ဆရာဝန်မှ ငြိမ်သက်နေသော နှလုံးတွင် သွေးကြောဖြတ်ဆက်ခွဲစိတ်မှု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

  • နှလုံး - အဆုတ်စက်အသုံးမပြုသော ( သို့ ခုန်နေသောနှလုံးတွင် သွေးကြောဖြတ်ဆက်ခွဲစိတ်ခြင်း

နှလုံး-အဆုတ်စက်အသုံးမပြုသော သို့မဟုတ် ခုန်နေသောနှလုံးတွင်လည်း သွေးကြောဖြတ်ဆက်ခွဲစိတ်ခြင်း ပြုလုပ်နိုင်ပါသည်။ နှလုံး-အဆုတ်စက်ကို အသုံးမပြုပဲ ခွဲစိတ်ဆရာဝန်မှ ခေတ်မှီသော ခွဲစိတ်ကိရိယာများကို အသုံးပြုကာ ခွဲစိတ်မည့်နှလုံးအစိတ်အပိုင်းကို ငြိမ်အောင်ထိန်းထားစေပြီး ပိတ်ဆို့နေသော နှလုံးသွေးကြောအတွက် သွေးကြောဖြတ်ဆက်မှုကို ပြုလုပ်ပါသည်။

ဤခွဲစိတ်မှု၏ရည်ရွယ်ချက်သည် ရင်ဘတ်အောင့်ခြင်းအပါအဝင် နှလုံးပတ်သွေးလွှတ်ကြောဆိုင်ရာ ရောဂါလက္ခဏာများကို သက်သာစေကာ လူနာအား ပုံမှန်လူနေမှုဘဝကို ပြန်လည်ရရှိစေပြီး နှလုံးဖောက်ပြန်ခြင်းနှင့် အခြားနှလုံးဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်သည့်အန္တရာယ်ကို လျော့ကျစေရန်ဖြစ်ပါသည်။

မည်သည့်ခွဲစိတ်မှုတွင်မဆို အန္တရာယ်များရှိသကဲ့သို့ အောက်ပါတို့ဖြစ်နိုင်ချေရှိပါသည်။

  • အသက်ရှူလမ်းကြောင်း သို့မဟုတ် နှလုံးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ချို့ယွင်းခြင်း အပါအဝင် မေ့ဆေးနှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာများ
  • ရောဂါပိုးဝင်ခြင်း
  • သွေးထွက်ခြင်း
  • လေဖြတ်ခြင်း
  • နှလုံးစည်းချက်မမှန်ခြင်း
  • ကျောက်ကပ်အလုပ်မလုပ်ခြင်း
  • နှလုံးမှသွေးပံ့ပိုးမှုအားနည်းခြင်း
  • ခွဲစိတ်နေစဉ် နှလုံးကြွက်သားပုတ်ခြင်း
  • သေဆုံးခြင်း
ဆေးဝါးဖြင့်ကုသခြင်း၊ ဘော်လုံးဖြင့် သွေးကြောချဲ့ခြင်း သို့မဟုတ် လေဆာဖြင့် နှလုံးသွေးကြောချဲ့ခြင်းတို့သည် အချို့သောလူနာများအတွက် အစားထိုးကုသမှုများဖြစ်နိုင်သည်။
ဆေးဝါးဖြင့်ကုသမှု၊ ထိုးထွင်းဝင်ရောက်သောနည်းဖြင့်ကုသမှု သို့မဟုတ် နှလုံးသွေးကြောဖြတ်ဆက်ကုသမှုတို့အတွက် ဆုံးဖြတ်ချက်သည် နှလုံးသွေးကြောကျဉ်းသည့်ပမာဏ၊ လက္ခဏာများ၏ ပြင်းထန်မှု၊ အသက်အရွယ်နှင့် အခြားရှိနေသည့် ရောဂါအခြေအနေများအပါအဝင် အကြောင်းအရာများစွာအပေါ်တွင် မူတည်ပါသည်။ နှလုံးအထူးကု နှင့် ခွဲစိတ်ဆရာဝန်များသည် လူနာတစ်ဦးစီအတွက် အကောင်းဆုံးကုထုံးနည်းလမ်းကို ဆုံးဖြတ်ကုသပေးပါမည်။

Doctors Related

Related Centers

နှလုံးကုဌာန

လေ့လာရန်

Related Packages

Rating score 9.60 of 10, based on 20 vote(s)

Related Health Blogs