bih.button.backtotop.text

ဘေရီယမ်အရည်ထည့်သွင်းစစ်ဆေးခြင်း

ဘေရီယမ်အရည် သည် အူမကြီးအတွင်း၌ ပုံမမှန်ခြင်းများရှိမရှိစစ်ဆေးရန် ဓာတ်မှန်ပုံရိပ်ရိုက်သည့် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။ ဤစစ်ဆေးမှုတွင် ဘေရီယမ်ဓာတ်ရောစပ်ထားသောအရည်နှင့် လေကို အစာဟောင်းအိမ်အတွင်း ထည့်သွင်းခြင်းတို့ပါဝင်ပါသည်။ ထို့နောက်တွင် ဓာတ်မှန်ရိုက်ပါမည်။

မည်သို့စစ်ဆေးပါသနည်း။
လူနာသည် ဆေးရုံဝတ်စုံကိုပြောင်းလည်ဝတ်ဆင်ရပါမည်။ သူနာပြုသည် ဆေးသွင်းသည့်ပိုက်ကို စအိုမှတဆင့် ထည့်သွင်းပါမည်။ ထို့နောက်တွင် ဘေရီယမ်ရောစပ်ရည်ကို စအိုမှတဆင့်စီးဆင်းဝင်ရောက်စေကာ အူမကြီးတစ်ခုလုံးကို ပြည့်နှက်စေပါမည်။ လူနာတော်တော်များများတွင် ဘေရီယမ်အရည်ကို တွန်း၍ဝင်ရောက်စေရန်နှင့် အူမကြီးကိုဖောင်းကားစေရန် လေကိုထည့်သွင်းအသုံးပြုပါသည်။ ဓာတ်မှန်ရိုက်ပြီးသောအခါ ဓာတ်မှန်ပညာရှင်မှ အဖြေကိုထုတ်ပေးပါမည်။

အူမကြီးအတွင်း အကျိတ်များ၊ ကင်ဆာ သို့မဟုတ် အူမကြီးပိတ်ဆို့နေခြင်းစသော ပုံမှန်မဟုတ်ခြင်းများကိုတွေ့ရှိရန် စစ်ဆေးခြင်းဖြစ်ပါသည်။

ဘေရီယမ်အရည်ထည့်သွင်းခြင်း အန္တရာယ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

  • စစ်ဆေးမှုပြီးသောအခါတွင် လူနာသည် ဝမ်းချုပ်ကောင်းချုပ်နိုင်ပါသည်။ ထို့ကြောင့် စစ်ဆေးမှုပြီးသောအခါ ရေမြောက်များစွာသောက်သုံးရန်နှင့် အသီးအရွက်များကိုစားသုံးရန် အကြံပေးလိုပါသည်။ ဝမ်းချုပ်တတ်သောလူနာများတွင် ဝမ်းချုပ်ခြင်းမှကာကွယ်ရန် ဝမ်းပျော့ဆေးများကို အသုံးပြုနိုင်ပါသည်။ ဓာတ်မှန်ပညာရှင်မှ သင့်တော်သလိုဆုံးဖြတ်ပေးပါမည်။
  • ရှားရှားပါးပါး လူနာအချို့တွင် အချို့ဘေရီယမ်ဆာလဖိတ်အမျိုးအစားများနှင့် ဓာတ်မတည့်မှုများ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် သင့်တွင်ဓာတ်မတည့်ခြင်းများဖြစ်ပွားခဲ့ဖူးပါက ဓာတ်မှန်ပညာရှင်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးပါ။
  • ဤစစ်ဆေးမှုတွင် ဓာတ်မှန်ရောင်ခြည်ပါဝင်သဖြင့် ကိုယ်ဝန်ရှိသောအမျိုးသမီးများအတွက် စစ်ဆေးရန်မသင့်တော်ပါ။
  • ရှားရှားပါးပါး လူနာအချို့တွင် အူမကြီးပေါက်ပြဲခြင်းဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသည်။ ဘေရီယမ်ဆာလဖိတ်သည် အူမကြီးမှတဆင့် ယိုစိမ့်ပြီး ဝမ်းခေါင်းထဲသို့ဝင်ရောက်ကာ ရောဂါပိုးဝင်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ အန္တရာယ်များသောလူနာများတွင်မူ ဆရာဝန်သည် အခြားအရည် (ရေတွင်ပျော်ဝင်နိုင်သော အရည်) သို့မဟုတ် အခြားစစ်ဆေးနည်းများကို တွဲဖက်စဉ်းစားပါမည်။
ဓာတ်မှန်ပညာရှင်သည် ဘေရီယမ်အရည်ဖြင့်စစ်ဆေးမှုအစား အခြားစစ်ဆေးမှုများဖြင့် စစ်ဆေးရန် တိုင်ပင်ဆွေးနွေးပါမည်။ အခြားစစ်ဆေးမှုများမှာ အူမကြီးမှန်ပြောင်းကြည့်ခြင်း သို့မဟုတ် အူမကြီးအား ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း တို့ဖြစ်သည်။

ဘေရီယမ်အရည်ဖြင့် ထည့်သွင်းစစ်ဆေးမှုပြုလုပ်ရန် အသင့်တော်ဆုံးလူနာများမှာ -

  • ကျန်းမာရေးစစ်ဆေးမှုအတွက်သာဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာမှမရှိသောလူနာများ
  • ဝမ်းတွင်းသွေးပုတ်ပါခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်းနှင့် ဝမ်းဗိုက်တွင် အကျိတ်အလုံးရှိခြင်း စသဖြင့်ပုံမှန်မဟုတ်သောလက္ခဏာများရှိ လူနာများ။

Doctors Related

Related Centers

Related Packages

Rating score 7.88 of 10, based on 16 vote(s)

Related Health Blogs