bih.button.backtotop.text

ဘော်လုံးဖြင့်နှလုံးသွေးကြောချဲ့ခြင်း

ဘော်လုံးဖြင့်နှလုံးသွေးကြောချဲ့ခြင်းဆိုသည်မှာ ကျဉ်းမြောင်းနေသော သို့မဟုတ် ပိတ်ဆို့နေသော နှလုံးသွေးကြောများကို ဘော်လုံးအသုံးပြု၍ချဲ့သည့် ကုသမှုတစ်ခုဖြစ်သည်။

မည်ကဲ့သို့ပြုလုပ်သနည်း။

ဘော်လုံးဖြင့်နှလုံးသွေးကြောချဲ့ခြင်းသည် ပုံမှန်အားဖြင့် ၁ နာရီ မှ ၂ နာရီခန့် ကြာမြင့်ပါသည်။ လူနာသည် ပြုလုပ်နေစဉ် နိုးကြားနေသော်လည်း ထုံဆေးကို အသုံးပြုမည်ဖြစ်ကာ လိုအပ်ပါကလည်း နာကျင်မှုပျောက်ဆေးကို ပေးမည်ဖြစ်သည်။ ဤပြုလုပ်မှုတွင် ဆရာဝန်သည် ပေါင်ခြံ သို့မဟုတ် လက်မောင်းရှိ သွေးလွှတ်ကြောအတွင်းသို့ သေးငယ်သောဘော်လုံးကို ကျဉ်းမြောင်းနေသော နှလုံးပတ်သွေးလွှတ်ကြောနေရာသို့ရောက်အောင် ထည့်သွင်းပါမည်။ ထို့နောက် ဘော်လုံးကိုလေဖြည့်ကာ ကျဉ်းနေသောသွေးလွှတ်ကြောကို ကျယ်စေပါသည်။ အချို့လူနာများတွင် နန်းကြိုးများဖြင့်ပြုလုပ်ထားသော ဇာကွက်ပုံစတန့်ကို ဘော်လုံးနှင့်အတူတကွ လေသွင်းကျယ်စေပြီး သွေးကြောနံရံများကို ပင့်တင်ထားသကဲ့သို့ထောက်ကန်ပေးနိုင်ရန် ထားရှိမည်ဖြစ်ပါသည်။

  • ဘော်လုံးဖြင့်နှလုံးသွေးကြောချဲ့ခြင်း အောင်မြင်ပါက ရင်ဘတ်အောင့်ခြင်းကို သက်သာစေခြင်း၊ ပုံမှန်မဟုတ်သော ရင်ဘတ်အောင့်ခြင်းဝေဒနာရှိသည့် လူနာများအတွက် အလားအလာကောင်းစေခြင်းနှင့် နှလုံးခွဲစိတ်စရာမလိုစေပဲ နှလုံးဖောက်ပြန်နိုင်ခြေ လျော့နည်းစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်း စသည်အကျိုးကျေးဇူးများရပါသည်။
  • မည်သည့်ခွဲစိတ်မှုတွင်မဆို အန္တရာယ်များရှိသကဲ့သို့ ဤကုသမှုတွင် ခွဲစိတ်ခြင်းကဲ့သို့မဟုတ်သော်လည်း အောက်ပါတို့ ဖြစ်တတ်ပါသည်။

  • အသက်ရှူလမ်းကြောင်းပိုင်း သို့မဟုတ် နှလုံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ချို့ယွင်းခြင်း အပါအဝင် မေ့ဆေးနှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာများ
  • ရောဂါပိုးဝင်ခြင်း
  • ပေါင်ခြံ (သို့မဟုတ် အခြား ပိုက်ထည့်သည့်နေရာ) တွင် သွေးထွက်ခြင်း
  • နှလုံး၏နေရာတစ်ခုသို့ သွေးစီးဆင်းမှုလုံးဝပိတ်ဆို့ခြင်း (အဖြစ်နည်း၊ ၁% အောက်သာဖြစ်တတ်)
  • နှလုံးအဆို့ရှင် သို့မဟုတ် သွေးကြောကို ထိခိုက်စေခြင်း
  • လေဖြတ်ခြင်း
  • နှလုံးစည်းချက်မမှန်ခြင်း
  • ကျောက်ကပ်အလုပ်မလုပ်ခြင်း
  • ဓာတ်ရောင်ခြည်ဆေးရည်နှင့် ဓာတ်မတည့်ခြင်း
  • ဘော်လုံးဖြင့်နှလုံးသွေးကြောချဲ့ခြင်းသည် ဖြစ်နေသောဝေဒနာကို ကုသနိုင်သော်လည်း နှလုံးသွေးကြောကျဉ်းစေသည့် အကြောင်းရင်းကို မကုသနိုင်ပါ။ လူနာ လေးပုံတစ်ပုံတွင် ၆ လ ကျော်သွားသည့်အခါတွင် သွေးကြောပြန်ကျဉ်းခြင်း ဖြစ်ပွားနိုင်သည်။ ထိုသို့ ပြန်လည်ဖြစ်ပွားခြင်းအတွက် ယခုကဲ့သို့ကုသမှုမျိုး ပြန်လည်လုပ်ဆောင်ရန် လိုချင်မှလိုပေမည်။

    ကုသမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ဆရာဝန်မှပေးသော ညွှန်ကြားချက်များကို လိုက်နာပါက အန္တရာယ်များကို လျှော့ချနိုင်ပါသည်။

သွေးလွှတ်ကြောများသည် ဘော်လုံးဖြင့် လုံလောက်စွာချဲ့၍မရသောအခါ သို့မဟုတ် ပိတ်ဆို့မှုများသည် ဘော်လုံးဖြင့်ချဲ့ရန် အလွန်ဆိုးရွားသောအခြေအနေဖြစ်နေပါက နှလုံးခွဲစိတ်ရန် အကြံပေးပါလိမ့်မည်။
စမ်းသပ်စစ်ဆေးမှုနှင့် ဆွေးနွေးတိုင်ပင်မှုများပြီးမှသာ လူနာတစ်ဦးစီအတွက် ဤနည်းဖြင့် သင့်တော်၊         မတော်ကို ဆရာဝန်မှ အဆုံးအဖြတ်ပေးပါလိမ့်မည်။

Doctors Related

Related Centers

နှလုံးကုဌာန

လေ့လာရန်

Related Packages

Rating score 9.89 of 10, based on 19 vote(s)

Related Health Blogs