bih.button.backtotop.text

သွေးကျဲစေသည့်ကုထုံး

ပုံမှန်မဟုတ်ပဲ သွေးခဲသည့် အန္တရာယ်ကြောင့် (ခန္ဓာကိုယ်ထဲတွင် မာကျောသောသွေးခဲဖြစ်ပေါ်ခြင်းကို ပုံမှန်မဟုတ်သောသွေးခဲခြင်းဟု ခေါ်ပါသည်) ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် သွေးခဲခြင်းအန္တရာယ်ရှိသောလူနာများအတွက် ကာကွယ်ရေး၊ ထိရောက်သောကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးတို့တွင် အလေးပေးဆောင်ရွက်ပေးနေပါသည်။

သွေးကျဲဆေးဆိုသည်မှာအဘယ်နည်း။

သွေးကျဲဆေး ဆိုသည်မှာ သွေးခဲသည့်လုပ်ငန်းစဉ်ကို နှေးကွေးစေသည့်ဆေး ဖြစ်ပါသည်။ ၎င်း၏ရည်ရွယ်ချက်မှာ သွေးစီးဆင်းသည်အဖွဲ့အစည်းအတွင်း သွေးခဲခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ အသုံးအများဆုံး သွေးကျဲဆေးတစ်မျိုးမှာ ဝါဖရင် (Warfarin) ဖြစ်သည်။

ဤကဲ့သို့ဆေးများကို သောက်သုံးလျက်ရှိသောလူနာများသည် သွေးခဲမှုကိုတားဆီးသည့် အတိုင်းအတာ သင့်တော်မှုရှိရေးအတွက် ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။ ဤဆေးများကို သောက်သုံးနေစဉ်တွင် လိုက်နာရမည့် အထူးလမ်းညွှန်ချက်များကို ပေးလေ့ရှိပါသည်။ လူနာများသည် ဘေးထွက်ဆိုးကျိုးများ၊ ဝါဖရင်နှင့်ဓာတ်ပြုတတ်သော အစားအစာများ၊ ဆေး၏ကောင်းကျိုးအများဆုံးရရှိရန်နှင့် အန္တရာယ်လျှော့ချရန် သတိထားရန်များကို သိရှိလိုက်နာရပါမည်။

သင့်တော်သောကုသမှုကိုပေးရန် ဘမ်ရွန်ဂရက်မှ -

  • ဆရာဝန်များ
  • ဆေးဝါးကျွမ်းကျင်များ
  • နှလုံးရောဂါ ညှိနှိုင်းဆွေးနွေးရေး သူနာပြုများ

ဖြင့် ဖွဲ့စည်းထားသည့် ဘက်စုံအဖွဲ့သည် ဆေး၏သင့်တော်သောပမာဏကို ဆုံးဖြတ်ရန် အတူတကွ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးပါသည်။

  • နှလုံးခုန်မူမမှန်ခြင်း၊ မြန်ခြင်း (Atrial Fibrillation)
  • ခြေထောက်ရှိသွေးပြန်ကြောများတွင် သွေးခဲပိတ်ခြင်းနှင့်/သို့မဟုတ် အဆုတ်သွေးကြောထဲတွင် သွေးခဲပိတ်ခြင်း
  • အချို့သော လေဖြတ်ခြင်းအမျိုးအစားများ
  • အချို့သော နှလုံးအဆို့ရှင်အတုတပ်ထားခြင်း
  • အချို့သော သွေးကြောဆိုင်ရာ စက်ပစ္စည်းများတပ်ဆင်ထားခြင်း
  • သွေးကျဲဆေးနှင့် ပတ်သက်သည့် အချက်အလက်များ (ပုံမှန်အားဖြင့် ဝါဖရင်)၊ ညွှန်ကြားချက်များနှင့် အဆိုပါ ဆေးအမျိုးအစားများ သောက်သုံးနေစဉ် သတိထားရန်အချက်အလက်များပေးခြင်း
  • သွေးစစ်ခြင်း - INR နှင့် ဝါဖရင်းဆေးပမာဏချိန်ညှိခြင်း
  • အကယ်၍ လူနာသည် သွေးထွက်နိုင်သည့် ကုသမှုမျိုး (ဥပမာ - သွားနှင့်ခံတွင်းကုသခြင်း သို့မဟုတ် ခွဲစိတ်ခြင်း) ခံယူရန်ရှိပါက သွေးကျဲဆေးသောက်သုံးခြင်းမှ ရပ်တန့်ရန်အကြံပေးခြင်း
  • သွေးကျဲဆေးကုန်သွားပါက ထပ်မံပေးခြင်း
  • သွေးကျဲဆေးနှင့်ပတ်သက်၍ ဖုန်းနှင့်အီးမေးတို့မှတဆင့် အချက်အလက်များပေးသည့် ဝန်ဆောင်မှုပေးခြင်း
  • သွေးကျဲဆေးအသုံးပြုခြင်းအတွက် ဖတ်ရှုရန် စာစောင်များပေးခြင်းနှင့် ထိုဆေးများကို သောက်သုံးသော လူနာများအတွက် လူနာကဒ်များ ထုတ်ဝေပေးခြင်း

Related conditions

Doctors Related

Related Centers

Related Packages

Rating score 9.88 of 10, based on 16 vote(s)

Related Health Blogs