ဘမ်ရွန်ဂရက်သို့ လာရောက်ရန် ပြင်ဆင်ခြင်း - အကျဉ်း



သင်နိုင်ငံခြားသို့ ဆေးကုသမှုခံယူရန် မသွားဖူးပါက စိတ်မပူပါနှင့်။ ကျွန်ုပ်တို့ဆေးရုံကြီးတွင် နေ့စဉ် နိုင်ငံတကာမှ လူနာပေါင်း ၁၀၀၀ ကျော်ရှိသဖြင့် ကျွန်ုပ်တို့သည် သင့်အတွက် ဆရာဝန်ရက်ချိန်းယူသည်မှစ၍ လေဆိပ်၌ကြိုဆိုခြင်း၊ တည်းခိုရန် ဟိုတယ်စီစဉ်ပေးခြင်းအထိ အတွေ့အကြုံမြောက်များစွာ ရှိပါသည်။ ဤစာမျက်နှာတွင် သင်မည်သို့စီစဉ်ရမည်၊ ကျွန်ုပ်တို့ဘက်မှ မည်သို့ကူညီစီစဉ်ပေးမည်ကို အကျဉ်းချုံးဖော်ပြပါမည်။

 

အဆင့် (၁) - ကျွန်ုပ်တို့အကြောင်းကို သိအောင်လုပ်ပါ။

ဤအင်တာနက်စာမျက်နှာသည် သင့်အတွက် ဆေးရုံနှင့်လူနာများအကြောင်းသော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ဆရာဝန်များအကြောင်းသော်လည်းကောင်း၊ ဘမ်ရွန်ဂရက်သည် ကမ္ဘာ့ထိပ်တန်းဆေးရုံများထဲမှ တစ်ခုအပါအဝင်ဖြစ်သည် ဆိုသည်ကိုလည်းကောင်း သင်သိရှိရန်လိုအပ်သော မေးခွန်းအများစု ကို ဖြေကြားပေးရန် ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့အကြောင်းကို အမြန်ဆုံးသိရှိအောင်လုပ်ပါ၊ မိတ်ဆက်ဗွီဒီယိုကို ကြည့်ရှုပါ။

 

အဆင့် (၂) - ဆရာဝန်ရွေးချယ်ပါ (သို့) ကျွန်ုပ်တို့ထံမှ အကြံတောင်းပါ။

ကျွန်ုပ်တို့၏ဆေးရုံကြီးတွင် ရွေးချယ်ရန် ဆရာဝန်ဦးရေ ၁၂၀၀ ကျော်ရှိပြီး အထူးကုဌာန ၅၅ ခုရှိပါသည်။ ကျွန်ုပ်တို့၏ ဆရာဝန်ရှာဖွေသည့် စာမျက်နှာသည့် သင့်လိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးမည့် ဆရာဝန်ကိုရှာတွေ့ရန် ကူညီပါလိမ့်မည်။

 

နည်းလမ်း (၁) - ဆေးရုံသို့ တိုက်ရိုက်ဆက်သွယ်ပါ။

သင်၏ဆေးကုသမှုအတွက် ဆရာဝန်ရွေးချယ်ရန် (သို့) ကုသနိုင်သောနည်းလမ်းများအတွက် အကြံဉာဏ်ရယူရန် စုံစမ်းမေးမြန်းသည့်ပုံစံ အားအသုံးပြုပါ။ ယင်းပုံစံသည် သင်၏အခြအနေနှင့်ပတ်သက်ပြီး ကျွနု်ပ်တို့အား နားလည်သဘောပေါက်စေသဖြင့် ပိုမိုကောင်းမွန်စွာ ပြန်လည်ဖြေကြားနိုင်ရန် အထောက်အကူ ပြုပါသည်။ သင့်၏စုံစမ်းမေမြန်းမှုကို သင့်အား အင်္ဂလိပ်ဘာသာဖြင့်ပြန်ကြားပေးမည့် သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူထံ ပေးပို့ပါမည်။ ထပ်မံမေးမြန်းလိုသည်များအတွက် ဤပုံစံကိုပင် အသုံးပြုနိုင်ပါသည်။

ဆရာဝန်ရက်ချိန်းအတွက် ရက်ချိန်းတောင်းစာမျက်နှာ တွင်တောင်းနိုင်ပါသည်။ အဆိုပါစာမျက်နှာတွင် သင်အလိုရှိသောဆရာဝန်၏ ဆေးခန်းထိုင်ရက်များကို တွေ့ရပါမည်။ သင့်တောင်းဆိုမှုအတွက် စီစဉ်ပေးပြီး အီးမေးလ်ဖြင့် အတည်ပြုအကြောင်းပြန်ပေးပါမည်။ ထပ်မံသိရှိလိုသည်များရှိပါက  ကို ကြည့်ရှုပါ။

 

နည်းလမ်း (၂) - သင့်ဘာသာစကားဖြင့် သင့်ဒေသရှိ ကျွန်ုပ်တို့၏

 

နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများအား ကျယ်ပြန့်သောဝန်ဆောင်မှုများအတွက် ဆက်သွယ်ပါ။

နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများသည် ဘမ်ရွန်ဂရက်နှင့် အတူတကွလုပ်ကိုင်ဆောင်ရွက်သော ပုဂ္ဂလိက ရုံးများဖြစ်သည်။ ၂၀၁၅ အရ ဘမ်ရွန်ဂရက်၏ ကိုယ်စားလှယ်ရုံးပေါင်း ၃၂ ခုသည် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ရှိပါသည်။ ကိုယ်စားလှယ်ရုံးများသည် ကုသမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ဘန်ကောက်သို့လာရန်စီစဉ်ပေးခြင်းစသည်တို့အား သင့်ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးပါသည်။ ဘမ်ရွန်ဂရက် ကိုယ်စားလှယ်ရုံးများ၏ ဝန်ဆောင်မှုကိုရယူခြင်းအတွက် အပိုဝန်ဆောင်ခပေးရန်မလိုအပ်ပါ။

 

အဆင့် (၃) - ခရီးထွက်ရန်စီစဉ်ပါ။

ပထမဦးဆုံးအနေဖြင့် သင့်နိုင်ငံရှိ ကျွန်ုပ်တို့၏ နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများအား ဆက်သွယ်ရန် အကြံပြုပါသည်။ ထိုသို့ အဆင်မပြေပါက သင်သိရှိလိုသည်များအတွက် info@bumrungrad.com သို့ အီးမေးလ်ပို့မေးမြန်းပါ။

ဘန်ကောက်သို့လာရန် သိရှိရမည့်အချက်အလက်များ - ဘမ်ရွန်ဂရက်အနီးဟိုတယ်များ နှင့် ခရီးသွားမြေပုံ