bih.button.backtotop.text
Package Name  

Low-Dose CT, LDCT (ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CT) ဖြင့် အဆုတ်ကင်ဆာ အစောပိုင်းအဆင့်ကို စစ်ဆေးခြင်း

Package ID  

RADIO01

7,500 THB
 
7,500 THB

Approximate cost in

အဆုတ်ဌာန

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာ ဆေးခန်းအဆောက်အဦး ၁၅ ထပ်၊ ကောင်တာ A ၊ Tel. 1378 or  02 066 8888

Low-Dose CT, LDCT  (ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CT) ဖြင့် အဆုတ်ကင်ဆာ အစောပိုင်းအဆင့်ကို စစ်ဆေးခြင်း

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံသည်  (ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CT) ဖြင့် အဆုတ်ကင်ဆာ စမ်းသပ်ခြင်းကို ဝန်ဆောင်မှုပေးနေပါသည်။ LDCT နည်းလမ်းသည် အဆုတ်ကင်ဆာအစောပိုင်း အဆင့်ကိုရှာဖွေရန်အတွက် ဓါတ်ရောင်ခြည်ပမာဏ အနည်းငယ်မျှသုံး၍ အသေးစိတ်ကျသော သုံးဖက်မြင်ပုံရိပ်များကို ထုတ်ပေးပြီး သမရိုးကျအဆုတ်ဓါတ်မှန်ထက် ပိုမိုပြတ်သားပါသည်။
 
ဆေးဘက်ဆိုင်ရာလေ့လာချက်များ၏ရလဒ်အရ LDCT ဖြင့်စစ်ဆေးခြင်းသည် နှစ်စဉ်အဆုတ်ကင်ဆာဖြင့် သေဆုံးနိုင်ခြေများသော စာရင်းဝင်လူနာများ၏ ၂၀%ထိ လျှော့ချနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက္ခဏာမပြသော အခြေအနေမျိုးတွင် အဆုတ်ကင်ဆာအစောပိုင်းအဆင့်ကို တွေ့ရှိနိုင်ခြင်းသည် ပိုမိုအောင်မြင်သော ကုသမှုနှင့် ပြန်လည်သက်သာလာစေရန်အတွက် အထောက်အကူပေးပါသည်။ ထို့အပြင် ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CTဖြင့်  စမ်းသပ်ခြင်းသည်လူနာအတွက် သာမန် CT ရိုက်ခြင်းထက် ဓါတ်ရောင်ခြည်ထိတွေ့မှုကို လျော့နည်းစေပါသည်။ 
 
မည်သို့သောသူများသည် ထိုစမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သင့်ပြီး အကျိုးကျေးဇူး အများဆုံးရလိမ့်မည်နည်း။

  1. ၁။ ဆေးလိပ်အလွန်အကျွံသောက်သောသူ များ၊ အထူးသဖြင့် အသက် ၅၅ နှစ်နှင့် အထက် နှစ် ၃၀ ဆက်တိုက် စီးကရက် တနေ့လျှင် ၂၀ လိပ် သောက်သောသူများ (သို့) လွန်ခဲ့သော ၁၅ နှစ်ဆက်တိုက် တစ်နေ့လျှင် စီးကရက် ၄၀ လိပ် သောက်သောသူများ၊ လွန်ခဲ့သော ၁၅ နှစ်နှင့် အထက် ဆေးလိပ်ဖြတ်ထားခဲ့သောသူများအပါအဝင် 
  2. ဆိုးရွားသောပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ထိတွေ့နေထိုင်နေသူများ အထူးသဖြင့် Asbestos သတ္တုလောင်ကျွမ်းရာတွင် ထွက်လာသောအငွေ့ ရှိသောနေရာများ။
  3. နာတာရှည်အဆုတ်ရောဂါမှတ်တမ်းရှိသူများ အထူးသဖြင့် နာတာရှည်အဆုတ်ပိတ်ဆို့မှုရောဂါ  (COPD) (သို့မဟုတ်) အဆုတ်ပြွန်ရောင်ရောဂါရှိသူများ

အထက်ပါ မှတ်ချက်များမရှိသော်လည်း  ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CT ရိုက်ခြင်းဖြင့် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိနိုင်ပါသည်။

  1. ဆေးလိပ်သောက်သော မိသားစုဝင်များရှိနေခြင်း
  2. အဆုတ်ကင်ဆာခံစားနေရသော မိသားစုဝင် ရှိနေခြင်း

အသက် ၄၀ နှင့်အထက်ဖြစ်ပြီး ကင်ဆာမှတ်တမ်းမရှိသူ ဖြစ်ရမည်။
 
ဤပရိုမိုးရှင်းသည် အောက်တွင်ဖော်ပြထားသောသူများအတွက် မသင့်တော်ပါ။

  1. အသက် ၄၀ အောက် ရှိသောသူများသည် မလိုအပ်ပဲ ဓါတ်ရောင်ခြည်ထိတွေ့မှုကို မခံယူသင့်ပါ။
  2. ကိုယ်ဝန်ဆောင်များ (သို့) ကိုယ်ဝန်ဆောင်ရန်အစီစဉ်ရှိသူများ

အဆုတ်ကင်ဆာရှိခဲ့ပြီး ပြန်လည်သက်သာလာသူများ (သို့) လွန်ခဲ့သော ၅ နှစ်တွင် အခြားကင်ဆာရှိခဲ့သူများ၊ အကယ်၍စစ်ဆေးရန်လိုအပ်လာပါက ဓါတ်ရောင်ခြည်အဆင့်မှီပါဝင်သော အဆုတ် CT ရိုက်ခြင်းဖြင့်သာ ရောဂါရှာဖွေသင့်ပါသည်။

အခြေအနေများ

  • ဤပရိုမိုးရှင်းသည် ပြင်ပ OPD  လူနာများအတွက်သာ ဖြစ်ပါသည်။
  • ဤဈေးနှုန်းတွင် ဓါတ်မှန်ဆရာဝန်မှ အဖြေဖတ်ပေးခြင်း၊ ကနဦးရောဂါသတ်ပေးမည့် ဆရာဝန်အခ၊ ပြင်ပလူနာဝန်ဆောင်မှုများ၊ သူနာပြုဝန်ဆောင်မှုများ၊ LDCT အဆုတ်စမ်းသပ်စစ်ဆေးခြင်းတို့ပါဝင်သည်။
  • ဤဈေးနှုန်းတွင် ကုသမှုအတွက် ဆရာဝန်နှင့်ဆွေးနွးတိုင်ပင်ခ၊ ကုသမှုအတွက် ဆေးဝါးကုန်ကျစရိတ်၊ နှင့်အခြားဆေးဘက်ဆိုင်ရာဝန်ဆောင်မှု တို့မပါဝင်ပါ။
  • ဤပရိုမိုးရှင်းသည် မည်သည့်အခြေအနေမျိုးတွင်မဆို ငွေပြန်အမ်းမည်မဟုတ်ပါ။
  • ရလဒ်အဖြေကို စစ်ဆေးမှုပြုလုပ်အပြီး ၃ နာရီအကြာတွင် ရရှိပါမည်။.
  • ကြိုတင်ရက်ချိန်းရယူရန် 1378 သို့ဖုန်းခေါ်ဆိုနိုင်ပါသည်။
  • ဤဝန်ဆောင်မှုသည် ယနေ့မှစ၍၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကျုံးဝင်ပါသည်။
Package Name : 

Low-Dose CT, LDCT (ဓာတ်ရောင်ခြည် အနည်းဆုံးအသုံးပြုသော CT) ဖြင့် အဆုတ်ကင်ဆာ အစောပိုင်းအဆင့်ကို စစ်ဆေးခြင်း

Package ID : 

RADIO01

7,500 THB
Regular Price

Approximate cost in :