bih.button.backtotop.text

အနီးကပ်ဓာတ်ရောင်ခြည်ကုထုံး (Brachytherapy)

အနီးကပ်ဓာတ်ရောင်ခြည်ကုထုံး ဆိုသည်မှာ ကင်ဆာကုသမှုတွင်အသုံးပြုသော ဓာတ်ရောင်ခြည်ပေးကုသသည့် ကုထုံးတစ်မျိုးဖြစ်ကာ ဓာတ်ရောင်ခြည်ထွက်သည့် အရင်းအမြစ်ကို ကင်ဆာအကျိတ်ရှိသည့်နေရာတွင် တိုက်ရိုက်ထားခြင်း (သို့) အနီးတဝိုက်တွင်ထားခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ကုသမှုကို ပိုမိုတိကျစေပြီး အကျိတ်ဝန်းကျင်ရှိ ကောင်မွန်သောတစ်ရှုးများထိခိုက်ခြင်းကို လျော့ကျစေသည်။ အနီးကပ်ဓာတ်ရောင်ခြည်ကုထုံးကို ၎င်းတစ်မျိုးတည်းသော်လည်းကောင်း၊ ပြင်ပမှဓာတ်ကင်ခြင်း၊ ခွဲစိတ်ခြင်း          စသည့်အခြားသောကုသမှုများနှင့် ပေါင်းစပ်၍သော်လည်းကောင်း တွဲဖက်ကုသနိုင်သည်။

အနီးကပ်ဓာတ်ရောင်ခြည်ကုထုံး ဖြင့်ကုသနိုင်သော ကင်ဆာအမျိုးအစားများ

အနီးကပ်ဓာတ်ရောင်ခြည်ကုထုံးအား ကင်ဆာတော်တော်များများကို ကုသရာတွင် အသုံးပြုနိုင်ပါသည်။

  • ဆီးကျိတ်ကင်ဆာ
  • ရင်သားကင်ဆာ
  • သားအိမ်ခေါင်းကင်ဆာ
  • အမျိုးသမီးအင်္ဂါကင်ဆာ
  • သားအိမ်အတွင်းဘက်နံရံတွင်ဖြစ်သောကင်ဆာ
  • ဦးခေါင်းနှင့် လည်ပင်းကင်ဆာ
  • အဆုတ်ကင်ဆာ
  • အရေပြားကင်ဆာ
  • ကြွက်သား၊ အဆီ၊ သွေးကြော၊ အာရုံကြော၊ အရွတ်စသည်တို့တွင်ဖြစ်တတ်သောကင်ဆာ
  • စအိုကင်ဆာ

အနီးကပ်ဓာတ်ရောင်ခြည်ကုထုံးတွင် နည်းလမ်း ၂ မျိုးရှိပါသည်။

  • အမြဲတမ်းထည့်သွင်းခြင်းနည်းလမ်းတွင် ဓာတ်ရောင်ခြည်ထွက်နေသော ပင်မအရင်းအမြစ်ကို အကျိတ်အတွင်းသို့ အမြဲတမ်းထည့်သွင်းထားပါသည်။ ဓာတ်ရောင်ခြည်ထွက်သော အရင်းအမြစ်သည် နှမ်းစေ့တစ်စေ့ခန့်သာရှိပြီး ထိုအရင်းအမြစ်အစွမ်းကုန်သွားသည်အထိ အလွန်နည်းပါးသော     အနိမ့်စား ဓာတ်ရောင်ခြည်ကို ဖြည်းဖြည်းချင်းထုတ်လွှတ်ပါသည်။ ဤကုထုံးအမျိုးအစားကို အန္တရာယ်နည်းပါးသော ပျံ့နှံ့မှုမရှိသေးသည့် ဆီးကျိတ်ကင်ဆာကို ကုသရာ၌အသုံးပြုပါသည်။
  • ခေတ္တခဏထည့်သွင်းခြင်းနည်းလမ်းတွင် ဓာတ်ရောင်ခြည်ထွက်နေသော ပင်မအရင်းအမြစ်ကို အကျိတ်ရှိသောနေရာတွင် တိုက်ရိုက်ထည့်သွင်းခြင်း (သို့) အကျိတ်အနီးအနားတွင် ခေတ္တထည့်သွင်းပါသည်။ ၎င်းအရင်းအမြစ်သည် အမြင့်စားဓာတ်ရောင်ခြည်ကို ထုတ်လွှတ်ပါမည်။ ဤကုထုံးအမျိုးအစားသည် မီယပ်ပိုင်းဆိုင်ရာကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနှင့်လည်ပင်းကင်ဆာနှင့် စအိုကင်ဆာ စသည်တို့ကို ကုသရာတွင် အသုံးပြုပါသည်။

ဆရာဝန်သည် အောက်ပါအချက်အလက်များပေါ်မူတည်၍ အသင့်တော်ဆုံးကုသမှု အမျိုးအစားကို ဆုံးဖြတ်ပါမည်။

  • အကျိတ်ရှိသောနေရာ
  • အကျိတ်၏အရွယ်အစား
  • ပျံ့ပွားခြင်းမရှိသေးသော ဆီးကျိတ်ကင်ဆာ၏ အန္တရာယ်ခွဲခြားသတ်မှတ်ချက်များ
  •  
  • ကုသမည့်နေရာကိုပစ်မှတ်ထားကုသခြင်းဖြင့် ထိရောက်မှုပိုမိုရှိပါသည်။
  • ဓာတ်ရောင်ခြည်ထွက်ရှိသည် အရင်းအမြစ်ကို အကျိတ်အတွင်း (သို့) အနီးတွင် ထားရှိခြင်းဖြင့် ပတ်ဝန်းကျင်ရှိ တစ်ရှုးများကို ထိခိုက်ခြင်းအား လျှော့ချနိုင်ကာ ဘေးထွက်ဆိုးကျိုးများရရှိနိုင်သည့် အန္တရာယ်နည်းပါးပါသည်။
  • အကြီးစားခွဲစိတ်ရန်မလိုသော ထိုးထွင်းဝင်ရောက်မှုနည်းပါးသည့် ကုသမှုဖြစ်သည်။
  • ပြင်ပလူနာအနေဖြင့် လာရောက်ကုသနိုင်ပါသည်။
  • ကုသမှုကာလသည် တိုတောင်း၍ ခန့်မှန်းခြေ ၁ ရက် မှ ၅ ရက်ခန့် ကြာမြင့်နိုင်ပါသည်။
  • နလန်ထူချိန်သည် ခွဲစိတ်ကုသခြင်းထက် ပိုမိုတိုတောင်းကာ ကုသမှုပြီး၍ မကြာမီတွင် လူနာသည်     ပုံမှန်လုပ်ဆောင်နေကျ လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အနီးကပ်ဓာတ်ရောင်ခြည်ကုထုံး၏ ဘေးထွက်ဆိုးကျိုးများသည် မတူညီနိုင်ပါ။ ကုသနေသည့် ကင်ဆာဖြစ်နေသောနေရာ၊ ရောဂါအဆင့်၊ အခြားကျန်းမာရေးအခြေအနေများပေါ်မူတည်ပြီး လူနာတစ်ဦးစီတွင် ခံစားရသော ဘေးထွက်ဆိုးကျိုးများနှင့် ခံစားရမှုအတိမ်အနက်မတူညီနိုင်ပါ။ ထို့ကြောင့် အနီးကပ်ဓာတ်ရောင်ခြည်ကုထုံးဖြင့်ကုသလျက်ရှိသော လူနာများသည် ဖြစ်ပွားနိုင်သော ဘေးထွက်ဆိုးကျိုးများကို ၎င်းတို့၏ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အကယ်၍ ပြဿနာတစ်ခုခုဖြစ်ပွားပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။
လူနာများသည် ၎င်းတို့အတွက်ချိန်းဆိုထားသော ရက်ချိန်းများအားလုံးတွင် လာရောက်ပြသသင့်ပါသည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 10 vote(s)

Related Health Blogs