ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၌ရှိသော ဟော်ရီဇွန် ဒေသဆိုင်ရာ ကင်ဆာဌာနမှ ကင်ဆာအထူးကုများအဖွဲ့သည် ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ကုသမှုအစီအစဉ်အား ဆန်းစစ်ခြင်းနှင့်တကွ ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများအားဖြေရှင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ၊ အာဟာရပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ နာကျင်မှုအတွက် ကုသပေးခြင်းနှင့် ပြန်လည်ဖြစ်ပွားနိုင်ခြေအတွက် အနီးကပ်ဂရုစိုက်စောင့်ကြည့်ခြင်းတို့အပါအဝင် ကင်ဆာရောဂါနှင့် ပတ်သက်သည့် အလုံးစုံပြည့်ဝသောဂရုစိုက်မှုနှင့် ကုသမှုများကို ပေးအပ်နေပါသည်။


ဝန်ဆောင်မှုများ

၁။ ကင်ဆာရောဂါကုသမှု

o လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကုသမှုအစီအစဉ်ကို ဆန်းစစ်ခြင်း

o ကီမိုဆေးသွင်းခြင်း

o ဖြစ်ပွားသောနေရာကို ပစ်မှတ်ထားကုသခြင်း

o သွေး/ သွေးဥမွှားသွင်းခြင်း

o လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကုသမှုအစီအစဉ်ကို ဆန်းစစ်ခြင်း

o ဓာတ်ကင်ခြင်း

  • ကင်ဆာ
  • ကီးလွိုက်အမာရွတ်
  • ကင်ဆာမဟုတ်သော အခြေအနေများ

o အကျိတ်တစ်ခုလုံးအား ထောင့်စုံအောင် တိကျသောသရီးဒီရောင်ခြည်ပေးကုသနည်း (VMAT)

o ဓာတ်ရောင်ခြည်လွှတ်ဆေးကို ကင်ဆာဖြစ်သော အင်္ဂါအစိတ်အပိုင်းအတွင်း/အနီး ထည့်သွင်းကုသနည်း

  • သွေးဥဆဲလ်ထုတ်လုပ်ပေးမည့် မိခင်ဆဲလ်ကိုအစားထိုးကုသခြင်း

o လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကုသမှုအစီအစဉ်ကို ဆန်းစစ်ခြင်း

o သွေးကင်ဆာ၊ လင့်ဆဲလ်များမှဖြစ်သောအကျိတ်၊ သွေးဥအမျိုးအစားများအားလုံး ကျဆင်းသည့် သွေးအားနည်းရောဂါနှင့် ရိုးတွင်းခြင်ဆီကင်ဆာ စသည့်ရောဂါများကို ကုသရန်အတွက် သွေးဥဆဲလ်ထုတ်လုပ်ပေးမည့် မိခင်ဆဲလ်အစားထိုးကုသမှု

    • လည်ပတ်စီးဆင်းနေသောသွေးရှိ မိခင်ဆဲလ်များ အစားထိုးကုသခြင်း
    • ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း

၂။ ကင်ဆာရောဂါစစ်ဆေးခြင်း

  • ရင်သားဓာတ်မှန်ရိုက်ခြင်း
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
  • အူမကြီးမှန်ပြောင်းကြည့်ခြင်း
  • အစာခြေလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း
  • ပမာဏနည်းသော စီတီစကင်ရိုက်ခြင်း

၃။ အခြားဝန်ဆောင်မှုများ

  • နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတွင် ကင်ဆာအညွှန်းကိန်းများစစ်ဆေးခြင်းနှင့် အသားစစစ်ဆေးခြင်း
  • အူမကြီးအား ဝမ်းဗိုက်အပြင်ဖက်သို့ဖောက်ထုတ်ထားခြင်းအတွက် ဂရုစိုက်ပေးခြင်း
  • သွေးပြန်ကြောမှဆေးသွင်းရန် အရေပြားအောက်တွင်ထည့်ထားသည့်ပြွန်အား ဂရုစိုက်ပေးခြင်း
  • အာဟာရဆိုင်ရာ တိုင်ပင်ခြင်း
  • စိတ်ပိုင်ဆိုင်ရာ အားပေးခြင်း
  • နောက်ဆုံးအဆင့်သို့ရောက်ရှိနေသော လူနာများအတွက် ဝေဒနာသက်သာစေရန်ကုသပေးခြင်း
  • ကင်ဆာ ကူညီထောက်ပံ့ရေးအဖွဲ့
  • ကင်ဆာရောဂါနှင့်ပတ်သက်သော သတင်းအချက်အလက်များပေးခြင်းနှင့် ဆွေးနွေးပွဲများ စီစဉ်ပေးခြင်း


ဆရာဝန်များနှင့် ကုသရေးအဖွဲ့

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ ဟော်ရီဇွန်ကင်ဆာဌာနသည် လူနာများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေရန် အလုံးစုံပြည့်ဝသောဂရုစိုက်ကုသမှုအပေါ် အလေးအနက်ထားကာ စောင့်ရှောက်ကုသမှုများ ပေးအပ်နေပါသည်။ ကျွန်ုပ်တို့၏ ကုသရေးအဖွဲ့တွင် ကင်ဆာအတွက်ကျွမ်းကျင်သည့် အထူးကုများနှင့် အထူးကုနယ်ပယ်ပေါင်းများစွာမှ အထူးကုဆရာဝန်များပါဝင် ဖွဲ့စည်းထားပါသည်။

  • ဆရာဝန်များ

o ကင်ဆာအထူးကု

o သွေးရောဂါဗေဒ ကင်ဆာအထူးကု

o ရိုးတွင်းခြင်ဆီအထူးကု

o ကင်ဆာခွဲစိတ်အထူးကု

o အမျိုးသမီးရောဂါဆိုင်ရာ ကင်ဆာအထူးကု

o ကလေးသွေးရောဂါဗေဒ ကင်ဆာအထူးကု

o ကလေးရိုးတွင်းခြင်ဆီအထူးကု

o ဓာတ်ရောင်ခြည်ကုထုံးအထူးကု

o ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်အထူးကု

o ရောဂါဗေဒအထူးကု

o မေ့ဆေးအထူးကု

  • ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ

o ဟော်ရီဇွန်ကင်ဆာဌာန၏ ညှိနှိုင်းအတိုင်ပင်ခံသူနာပြု

o ကင်ဆာရောဂါနှင့် ကီမိုကုထုံးအထူးပြု ဆေးဝါးကျွမ်းကျင်

o ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင်

o ဓာတ်မှန်ကျွမ်းကျင်

o အာဟာရ ပညာရှင်


ကုသမှုကိရိယာများ

  • ဓာတ်မှန် / ဓာတ်ရောင်ခြည်

o Dual-energy linear accelerator

o ကုသမှုပေးရန် တိကျသောနေရာကို ဖော်ထုတ်နိုင်သည့် စီတီစကင်၊ အမ်အာအိုင်စက်များနှင့် ချိတ်ဆက်    ထားသော ရောင်ခြည်လှုံ့ဆော်စက်

o ကုသမှုပေးနေသည့် နေရာအနီးတဝိုက်ရှိ အခြားသော ကျန်းမာသည့်တစ်ရှုးများနှင့် အင်္ဂါအစိတ်အပိုင်း       များကို ကာကွယ်ရန် ဓာတ်ရောင်ခြည်ကာပစ္စည်း

  • ရောဂါရှာဖွေခြင်းများနှင့် အဏုမြူဆေးပညာ

o စီတီစကင်

o အမ်အာအိုင် (1.5 Tesla)

  • ခန္ဓာကိုယ်တစ်ခုလုံးစစ်ဆေးခြင်းပါဝင်သော အဏုမြူဆေးပညာ

  • အာလ်ထရာဆောင်းနှင့် ဓာတ်မှန်

o Biograph 64 ပက်စီတီစကင်

  • အခြား

o အသက်ရှုခြင်းနှင့်အတူရွေ့လျားသည့် ကင်ဆာအကျိတ်ကုသရေးအတွက် စီစဉ်ရာတွင် အသုံးပြုသော         ၄ ဖက်မြင် စီတီပုံရိပ်ရိုက်ခြင်း

o စီတီစကင်ရိုက်စဉ်တွင် အသက်ရှုခြင်းကို ထိန်းချုပ်ရန်ကိရိယာ

o ၃ ဖက်မြင် စီအာတီ၊ အိုင်အမ်အာတီနှင့် ဗွီအမ်အေတီများကို အသုံးပြုသော မိုနာကို ဓာတ်ရောင်ခြည်        ကုသမှုပြင်ဆင်စက်

Contact
Phone:
Horizon Cancer Center
+66 (0) 2011 2222
Clinical Nurse Coordinator – Cancer
+66 (0) 2011 5999
Clinical Nurse Coordinator – Bone Marrow Transplant
+66 (0) 2011 2881
Fax: +66 (0) 2011 5151
Service Hours
Chemotherapy Department:
Monday through Friday
7:00 am to 8:00 pm
Saturday
7:00 am to 4:00 pm
Sunday
7:00 am to 4:00 pm
Radiology Department:
Monday through Saturday
8:00 am to 4:00 pm
Bone Marrow Transplant Unit:
Open 24 hours a day, 7 days a week
Location
Horizon Regional Cancer Center:
Bumrungrad International Hospital (BIH) Building, 3rd floor
Chemotherapy Department:
Bumrungrad International Hospital (BIH) Building, 3rd floor, South Wing
Radiology Department:
Bumrungrad International Hospital (BIH) Building, Ground floor, South Wing
Bone Marrow Transplant Unit:
Bumrungrad International Hospital (BIH) Building, 8th floor, North Wing
Bumrungrad International Hospital, Bangkok, Thailand