bih.button.backtotop.text

နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်း

နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းသည် နှလုံးသွေးကြောများ (နှလုံးကို သွေးထောက်ပံ့ပေးနေသော သွေးလွှတ်ကြောများ)၏ အခြေအနေကိုသိရှိရန် စစ်ဆေးချက်တစ်ခုဖြစ်သည်။

မည်ကဲ့သို့ပြုလုပ်သနည်း။
ဤစစ်ဆေးမှုကို ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ် သို့မဟုတ် တံတောင်အရှေ့ဘက်ပိုင်းမှတဆင့် ပြုလုပ်ပါသည်။ ညာဖက်မှ ပို၍ဦးစားပေးပြုလုပ်ပါသည်။ ထုံးဆေးပေး ပြုလုပ်ခြင်းဖြစ်ပါသည်။ ပြုလုပ်နေစဉ်တွင် သေးငယ်သောပိုက်ကို သွေးလွှတ်ကြောမကြီး၏ အရင်းသို့ ထည့်သွင်းပါမည်။ ယင်းနောက် နှလုံးပတ်သွေးလွှတ်ကြောများသို့ ကြားခံဆေးရည်တစ်မျိုးကို တိုက်ရိုက်ထိုးသွင်းပါသည်။ ထိုးဆေးရည်ကို သွင်းနေစဉ် ပုံရိပ်များကို ရိုက်ယူပါမည်။ ဤသို့ပြုလုပ်နေစဉ် နာကျင်မှုမရှိပါ။

အဘယ်ကြောင့် ပြုလုပ်ရသနည်း။

နှလုံးပတ်သွေးလွှတ်ကြောများတွင် ပိတ်ဆို့မှုရှိ၊ မရှိကို သိရှိနိုင်ရန် စစ်ဆေးရခြင်းဖြစ်သည်။ ဤသို့စစ်ဆေးခြင်းဖြင့် မည်မျှဆိုးရွားစွာ ပိတ်ဆို့နေသည်ကို သိရှိနိုင်ပါသည်။

ဖြစ်လေ့သိပ်မရှိသော အန္တရာယ်များ သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ရှိပါသည်။

  • လေဖြတ်ခြင်း (၂%)
  • သေဆုံးခြင်း (၀.၁%) - အလွန်မူမမှန်သည့်လူနာများတွင်သာ ဖြစ်ပွားတတ်သည်။
  • ပိုက်ထည့်သောနေရာ၌ သွေးထွက်ခြင်း (၂% ထက်နည်းပါးသည်)၊ အလွယ်တကူ ကုသနိုင်ပါသည်။
အလွှာပေါင်းများစွာပုံရိပ်ရိုက်သော နည်းပညာကိုအသုံးပြုသည့် စီတီစကင်ဖြင့်ရိုက်ကူးစစ်ဆေးခြင်းလည်း ပြုလုပ်နိုင်ပါသည်။
  • ပြင်းထန်သော နှလုံးပတ်သွေးလွှတ်ကြောရောဂါလက္ခဏာစု (ရင်ဘတ်အောင့်ခြင်း အသစ်ထပ်မံဖြစ်ပွားခြင်း၊ ပုံမှန်မဟုတ်သော ရင်ဘတ်အောင့်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း စသည်) ရှိလူနာ
  • ပြင်းထန်သော နှလုံးအဆို့ရှင်ရောဂါလူနာ
  • သိရှိပြီးသား နှလုံးကြွက်သားဆိုင်ရာရောဂါတွင် နှလုံးပတ်သွေးလွှတ်ကြောဆိုင်ရာရောဂါ မဟုတ်ကြောင်း သေချာစေရန်အတွက် ပြုလုပ်ရန်လိုသောလူနာ
  • ရုတ်တရက်နှလုံးရပ်တန့်သွားခြင်းမှ ပြန်ကောင်းလာသောလူနာ

Doctors Related

Related Centers

နှလုံးကုဌာန

လေ့လာရန်

Related Packages

Rating score 10.00 of 10, based on 20 vote(s)

Related Health Blogs