ကျန်းမာရေးစစ်ဆေးခြင်း - စစ်ဆေးမှုအစီအစဉ်နှိုင်းယှဉ်ပြခြင်း


ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်နှင့်
စင်တာ၏ ပင်မစာမျက်နှာ

ရက်ချိန်းယူရန်

PDF ဖိုင် ဒေါင်းလုတ်ဆွဲရန်

ကျွန်ုပ်တို့၏ လူသိများသော ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ သင့်အတွက် ပို၍အသင့်တော်ဆုံးဖြစ်သော ကျန်းမာရေးစစ်ဆေးမှုအတွက် ရွေးချယ်စရာများကို ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ် မိမိနှင့်ကိုက်ညီအောင်ပြုလုပ်ခြင်းစာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။ ယနေ့ပဲ သင်၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်အတွက် ရက်ချိန်းယူရန် ကျွန်ုပ်တို့၏ ရက်ချိန်းယူရန်စာမျက်နှာကို ကျေးဇူးပြု၍ ကြည့်ရှုပါ။


ယနေ့ပဲ သင်၏ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်အတွက် ရက်ချိန်းယူရန် ကျွန်ုပ်တို့၏ ရက်ချိန်းယူရန်စာမျက်နှာကို ကျေးဇူးပြု၍ ကြည့်ရှုပါ။

  • ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ် - အမျိုးသား
  • ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ် - အမျိုးသမီး
  • ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ် - ၇၀ အထက် အမျိုးသား
  • ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ် - ၇၀ အထက် အမျိုးသမီး
  • ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ် - ၈၀ အထက် အမျိုးသမီး

 

  • အလုံးစုံစစ်ဆေးမှုအစီအစဉ် - ၄၀ အထက် အမျိုးသမီး
  • အလုံးစုံစစ်ဆေးမှုအစီအစဉ် - ၄၀ အောက် အမျိုးသမီး
  • အလုံးစုံစစ်ဆေးမှုအစီအစဉ် - အမျိုးသား
  • အထူးအစီအစဉ် - အမျိုးသမီး
  • အထူးအစီအစဉ်
  • ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစမ်းသပ်ခြင်းပါဝင်သော အထူးအစီအစဉ်

အကယ်၍ သင်သည်မကြာမီ အိမ်ထောင်ပြုမည် (သို့) မိသားစုတစ်ခု တည်ထောင်တော့မည်ဆိုပါက ကျွန်ုပ်တို့၏ အိမ်ထောင်မပြုမီစစ်ဆေးမှုအစီအစဉ် နှင့် ကလေးမယူမီစစ်ဆေးမှုအစီအစဉ် တို့အတွက် ဤနေရာတွင်နှိပ်ပါ။

“အသစ်ဖြစ်သော သက်ရှည်ကျန်းမာ အလုံးစုံစစ်ဆေးမှုအစီအစဉ်သစ်များကို ပြုလုပ်ပေးနိုင်ရန် ကျွန်ုပ်တို့၏ မိသားစုဝင်ကုမ္ပဏီဖြစ်သော Vitallife Wellness Center နှင့်ပူးပေါင်းဆောင်ရွက်ထားပါသည်။ Vitallife Wellness Center သည် သက်ရှည်နုပျိုခြင်းဆေးပညာတွင် ဦးဆောင်သူတစ်ဦးအဖြစ် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၁၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ဤအစီအစဉ်များသည် သာလွန်ကောင်းမွန်သော ကျန်းမာရေးအတွက် ရောဂါကာကွယ်ခြင်းနှင့် အိုမင်းရင့်ရော်မှုကာကွယ်ခြင်းဆိုင်ရာ အကျိုးကျေးဇူးများကိုပေါင်းစည်းရန် ကုမ္ပဏီနှစ်ခုလုံးမှ ရောဂါရှာဖွေခြင်း နည်းပညာများကို ညှိနှိုင်းပေါင်းစပ် အသုံးပြုထားပါသည်။ ဤနည်းဖြင့် သင့်၏ နုပျိုခြင်း၊ လှပခန့်ညားခြင်းနှင့် သက်ရှည်ကျန်းမာခြင်းတို့သို့သွားရာခရီးအား ပိုမိုမြန်ဆန်စေပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက ဤနေရာတွင်နှိပ်ပါ။

ဖြည့်စွက်နိုင်သော စစ်ဆေးမှုများ

၁။ အရိုးသိပ်သည်းဆ စစ်ဆေးခြင်း (ခါးရိုးစစ်ဆေးခြင်း)

၂။ ဗီတာမင် ဒီ

  • 25-OH-Vitamin D3/D2 by HPLC

၃။ ဆီးချိုစစ်ဆေးခြင်း

  • HbA1C
  • မိုက်ခရိုအယ်လ်ဗျူမင်ယူရီယားဓာတ်

၄။ သွေးတိုးစစ်ဆေးခြင်း

  • မိုက်ခရိုအယ်လ်ဗျူမင်ယူရီယားဓာတ်

၅။ သိုင်းရွိုက်စစ်ဆေးခြင်း

  • TSH
  • Free T4

၆။ သွေးအုပ်စုစစ်ဆေးခြင်း

  • ABO အုပ်စု
  • Rh အုပ်စု

၇။ HPV စစ်ဆေးခြင်း*

၈။ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူစက်သောရောဂါများ

  • VDRL (ဆစ်ဖလစ်)
  • HIV Ag/Ab (Anti HIV)

၉။ သိမြင်နားလည်နိုင်စွမ်းစစ်ဆေးခြင်း

(ဆရာဝန်ခ မပါဝင်ပါ။)

(MOCA + CANTAB + B12)

၁၀။ အဆင့်မြင့် မျက်စိစစ်ဆေးခြင်း

၁၁။ အရေပြားကင်ဆာ (မှဲ့) စစ်ဆေးခြင်း **

*ဈေးနှုန်းများသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကျုံးဝင်ပါသည်။

*ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များကို ဝယ်ယူသော လူနာများသာ ဖြည့်စွက်စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။ အထူးဈေးနှုန်းကိုရရှိနိုင်ရန် ဖြည့်စွက်စစ်ဆေးမှုများကို ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်ဝယ်ယူသည့်နေ့တွင်ပင် ဝယ်ယူရပါမည်။

* HPV စစ်ဆေးလိုသောလူနာများသည် အနည်းဆုံးအသက် ၃၀ ရှိရပါမည်။ စစ်ဆေးရန်သင့်လျော်သည် မသင့်လျော်သည်ကို စစ်ဆေးမည့်နေ့တွင် ကျွန်ုပ်တို့၏ သူနာပြုများ၊ ဆရာဝန်များနှင့် ဆွေးနွေးပြီးသောအခါတွင် အတည်ပြုပါမည်။

* ဘေးကင်းစေရန်အတွက် ကိုယ်အလေးချိန် ၁၅၀ ကီလိုဂရမ်ထက်များသောလူနာများသည် ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစမ်းသပ်ခြင်းနှင့် ဝမ်းဗိုက်အာထရာဆောင်းစစ်ဆေးခြင်းများပြုလုပ်ရန် မသင့်တော်ပါ။ တောင်းဆိုမှုအပေါ်အခြေခံ၍ အခြားစစ်ဆေးမှုအစီအစဉ်များရှိပါသည်။

** အလှအပ (သို့) အခြားအရေပြားပြဿနာများအတွက် တိုင်ပင်ဆွေးနွေးခြင်း (သို့) ကုသမှုပေးခြင်းအတွက် ထပ်မံကုန်ကျမှုရှိမည် ဖြစ်ပါသည်။

စည်းမျဉ်းနှင့်သတ်မှတ်ချက်များ

၁။ ဆရာဝန်ခသည် ဖော်ပြပါဈေးနှုန်းများထဲတွင် ပါဝင်ပြီးဖြစ်သည်။

၂။ ဈေးနှုန်းများသည် လူတစ်ဦးချင်းစီအတွက်သာဖြစ်ပြီး ထိုင်းဘတ်ငွေဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။

၃။ ဈေးနှုန်းများအားလုံးသည် ကြိုတင်အသိပေးခြင်းမရှိပဲ ပြောင်းလဲနိုင်ပါသည်။

၄။ စစ်ဆေးမှုအစီအစဉ်များ၏ ဈေးနှုန်းသည် ဆေးရုံသို့တိုက်ရိုက်ငွေပေးသွင်းသော လူနာများအတွက်သာဖြစ်သည်။ စစ်ဆေးမှုအစီအစဉ်များ၏ ဈေးနှုန်းများအပေါ်တွင် မည်သည့်လျှော့ဈေးမျှထပ်မံမပေးပါ။


ကျန်းမာရေးစစ်ဆေးခြင်းအတွက် ညွှန်ကြားချက်များ - ပြင်ဆင်ရန်

အထွေထွေညွှန်ကြားချက်များ

  • စစ်ဆေးမှုမပြုမီ အနည်းဆုံး ၁၂ နာရီအလိုမှစပြီး ရေရိုးရိုးမှလွဲ၍ မည်သည့်အစားအသောက်မျှ မစားသောက်ရပါ။ အကယ်၍ အစာအိမ်နှင့်အူလမ်းကြောင်အပေါ်ပိုင်းကို ဓာတ်မှန်ရိုက်မည် (သို့) မှန်ပြောင်းကြည့်မည်ဆိုပါက ဆက်လက်၍ အစာရှောင်ရပါမည်။
  • ကျေးဇူးပြု၍ ပတ်စပို့ကို မိမိနှင့်အတူတကွ ယူဆောင်လာပြီး ချိန်းထားသောအချိန်မတိုင်မီ ၁၀ မိနစ်အလိုတွင် အရောက်လာရပါမည်။ ဆီးနှင့်ဝမ်းနမူနာများကို စစ်ဆေးမှုပြုလုပ်သည့်နေ့တွင် ယူပါမည်။
  • သင့်တွင် ရောဂါတစ်ခုခုရှိပါက စစ်ဆေးမှုအဖြေများ (သို့) အစီရင်ခံစာများကို ဆရာဝန်အားပြသနိုင်ရန် ယူဆောင်လာရပါမည်။
  • စစ်ဆေးမှုမစမီ အနည်းဆုံး ၂၄ နာရီအလိုမှစ၍ အရက်သေစာရှောင်ကြဉ်ပါ။

 

ပြေးစက်ပေါ်တွင်ပြေး၍ နှလုံးစမ်းသပ်ရန် စီစဉ်ထားပါက

  • ပြေးသည့်ဖိနပ်ကို ကျေးဇူးပြု၍ ယူဆောင်လာပါ။
  • ပြေးစက်ပေါ်တွင် မစစ်ဆေးမီ အစာစားရန်လိုအပ်ပါက မုန့်အနည်းသာစားရန်နှင့် အဆီများသောအစာများ၊ ကဖင်းနှင့် အရက်စသည်တို့ကို ရှောင်ကြဉ်ရပါမည်။
  • သင့်တွင် ဖြစ်ပွားလျက်ရှိသော ရောဂါအခြေအနေများအတွက် ကုသမှုများခံယူနေပါက (သို့) ဆေးဝါးများသောက်သုံးနေပါက ကျေးဇူးပြု၍ သူနာပြုကို ကြိုတင်အကြောင်းကြားပါ။
  • စစ်ဆေးမှုမစမီ အနည်းဆုံး ၂၄ နာရီအလိုမှစ၍ အရက်သေစာရှောင်ကြဉ်ပါ။

ဝမ်းဗိုက်အာလ်ထရာဆောင်းရိုက်ရန်အတွက် ညွှန်ကြားချက်များ

အာလ်ထရာဆောင်းမရိုက်မီတွင် ရေများများသောက်ပါ။ ဤစစ်ဆေးမှုတွင် အကောင်းဆုံးရလဒ်ရရှိရန် ဆီးအိမ်တင်းနေဖို့ လိုအပ်ပါသည်။ အာလ်ထရာဆောင်းမရိုက်မီ ဆီးမသွားပါနှင့်။

ပြီးပြည့်စုံသောစစ်ဆေးမှုအစီအစဉ်များအတွက် ထပ်မံပြင်ဆင်ရမည့်အချက်များ

မျက်စိစစ်ဆေးခြင်းတွင် သူငယ်အိမ်ချဲ့ရန်လိုအပ်ကာ ခန့်မှန်းခြေ ၄ နာရီမှ ၆ နာရီအထိ သင့်အမြင်အာရုံကို ဝေဝါးစေပြီး အလင်းရောင်ကြည့်ပါက မျက်စိကျိန်းနေပါမည်။ ထို့ကြောင့် သူငယ်အိမ်ချဲ့သည့်အစွမ်းပြယ်သည်အထိ ကိုယ်တိုင်ကားမောင်းပြန်ရန် ခွင့်မပြုသည့်အတွက် အိမ်ပြန်နိုင်ရန် ကြိုတင်စီစဉ်လာပါ။ အလင်းရောင်ထဲတွင် မျက်စိကျိန်းခြင်းအတွက် နေကာမျက်မှန်ယူဆောင်လာရန် အကြံပြုပါသည်။ ဤစစ်ဆေးမှုများပြီးဆုံးရန် ၆ နာရီခန့် ကြာမြင့်သည့်အတွက် သင့်စစ်ဆေးမည့်အချိန်ကို နံနက် ၉ နာရီ မတိုင်မီယူထားရန် အကြံပြုလိုပါသည်။ ဗီတာမင်ဒီ စစ်ဆေးမှု၏ရလဒ်သည် ၁ ရက် မှ ၂ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်ကို သတိပြုစေလိုပါသည်။


ငွေပေးချေခြင်း

  • ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များအားလုံးအတွက် ကြိုတင်ငွေပေးချေရန်လိုအပ်ပါသည်။
  • ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်အတွက် ယနေ့ပင် ရက်ချိန်းရယူရန် ကျွန်ုပ်တို့၏ ရက်ချိန်းယူရန်စာမျက်နှာသို့ သွားပါ။
Rating score: 10.00 of 10, based on 5 vote(s)

 
Center Procedures