bih.button.backtotop.text

ပန်ကရိယနှင့် သည်းခြေအိတ်ကိုကြည့်ရှုစစ်ဆေးခြင်း (ERCP)

ဤစစ်ဆေးမှုသည် သည်းခြေကျောက်နှင့် အသားပိုအလုံးများကြောင့် သည်းခြေပြွှန်နှင့် ပန်ကရိယပြွှန်ပိတ်ခြင်းစသည့် သည်းခြေနှင့်ပန်ကရိယပြွှန်တို့တွင်ဖြစ်တတ်သော ပုံမှန်မဟုတ်သည့်အရာများကို စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများတွင် အထောက်အကူပေးပါသည်။

Overview

ERCP သည် ဓာတ်မှန်နှင့်အတွင်းကြည့်မှန်ပြောင်းကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာဖြစ်သည်။ မှန်ပြောင်းကို ပါးစပ်မှထည့်သွင်းပြီး အစာအိမ်ကိုဖြတ်ကာ အူသိမ်မှတစ်ဆင့် သည်းခြေပြွှန်အဝသို့ရောက်အောင် ထည့်သွင်းပါမည်။ သည်းခြေနှင့်ပန်ကရိယပြွှန်များ၏ ပုံမှန်မဟုတ်သည့်အရာများကို ဓာတ်မှန်မှ     တဆင့်စစ်ဆေးကြည့်ရှုနိုင်ရန် ဆေးရည်တစ်မျိုးကို ပြွန်အတွင်းထိုးသွင်းပါမည်။ အကယ်၍ သည်းခြေပြွှန်တွင် သည်းခြေကျောက်များကို တွေ့ရှိပါက ထိုကျောက်များကို ကြိုးဖြင့်ဆွဲယူဖယ်ရှားရန် ပြွှန်၏အဝကိုချဲ့နိုင်ပါသည်။ သည်းခြေပြွှန်အဝရှိ ဖြတ်တောက်ဒါဏ်ရာသည် တစ်ပတ်အတွင်း အနာကျက်ပါသည်။

Related conditions

Doctors Related

Related Centers

Related Packages

Rating score 9.20 of 10, based on 10 vote(s)

Related Health Blogs