ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကလေးမျက်စိဌာနမှ အောက်ဖော်ပြပါဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
- မျက်စိကျန်းမာရေး နှင့် အမြင်အာရုံစစ်ဆေးခြင်း
ယေဘုယျအားဖြင့် ကလေးအထူးကုသည် မွေးဖွားသည့်အချိန်၊ ၃ နှစ်နှင့် ၃ နှစ်ပြည့်ပြီး စသည့်အချိန်များတွင် မျက်စိချွတ်ယွင်းမှုများကို ခြုံငုံစစ်ဆေးလေ့ရှိပါသည်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးအဖွဲ့အစည်းမှ ကလေးများ မျက်ကြောသေသကဲ့သို့ဖြစ်ပြီး မျက်စိတစ်ဖက်ဝေဝါးခြင်း၊ အမြင်အာရုံချို့တဲ့ခြင်းနှင့် အခြားမျက်စိဆိုင်ရာပြဿနာများမှ ကာကွယ်နိုင်ရေးအတွက် ကလေးများအားလုံး မျက်စိစစ်ဆေးမှုခံယူရန် အကြံပြုထားပါသည်။
- ကလေးမျက်လုံးနှင့် မြင်လွှာဆိုင်ရာပြဿနာများအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
မျက်စိတစ်ဖက်ဝေဝါးခြင်း၊ ပုံမှန်မဟုတ်သောအမြင်၊ မျက်စိစွေခြင်း၊ ပုံမှန်မဟုတ်သော မျက်ခွံ၊ မြင်လွှာနှင့်ဆိုင်သော ရောဂါများနှင့် အမြင်အာရုံကြောဆိုင်ရာရောဂါများ။