bih.button.backtotop.text

ကလေးဌာန

ကလေးဌာန

မိဘတိုင်းသည် ၎င်းတို့၏ကလေးများကို ကျန်းမာ၊ သန်စွမ်းစေကာ ဖျားနာမှုများအတွက် ခုခံအားရှိစေကြလိုပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ ကလေးဌာနမှ ကလေးအထူးကုများနှင့် များစွာသော အထူးကုနယ်ပယ်များမှ ကလေးအထူးကုများသည် သင့်ကလေးများအတွက် အလုံးစုံပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ကလေးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကလေးရောဂါလက္ခဏာများကိုကုသခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကလေးဌာနတွင် မွေးကင်းစကလေးများနှင့် ကာကွယ်ဆေးထိုးရန်လိုအပ်သော ကျန်းမာသည့်ကလေးငယ်များအတွက် ရင်သွေးငယ်ကျန်းမာသန်စွမ်းရေးဌာနရှိပြီး နာမကျန်းဖြစ်နိုင်ခြေရှိသည့် ကလေးများနှင့်ခွဲခြားထားပါသည်။ ထို့အပြင် အထူးလိုအပ်ချက်ရှိသောကလေးများကို ထောက်ပံ့ကူညီရန် သင့်ကလေး၏ အသက်အရွယ်အရ သင့်တော်သော ဖွံ့ဖြိုးရေးနှင့် သင်ကြားရေးအတွက် ဖွံ့ဖြိုးရေးစင်တာကိုလည်း ထားရှိခြင်းကြောင့် ၄င်းတို့၏လုပ်နိုင်စွမ်းရည်ကို အပြည့်အဝရရှိစေနိုင်ပါမည်။

 

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကလေးဌာနသည် -
ကလေးဌာန


ကလေးရောဂါများ အတွက်ကုသပေးခြင်း
ရင်သွေးငယ် ကျန်းမာ သန်စွမ်းရေးဌာန


ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း
အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် ဖွံ့ဖြိုးရေးစင်တာ


အထူးလိုအပ်ချက်ရှိသော ကလေးများ၏ ဖွံ့ဖြိုးရေးနှင့် သင်ကြားရေးအတွက် ထောက်ပံ့ကူညီခြင်း
ကလေးမျက်စိဌာန
 

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကလေးဌာန၏ အောက်ဖော်ပြပါ အထွေထွေကလေးဆရာဝန်များနှင့် ကလေးအထူးကုများမှ ကလေးလူနာများအတွက် အထူးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

  • ကလေးအာဟာရပညာရှင်
  • ကလေးကူးစက်ရောဂါအထူးကုဆရာဝန်
  • ကလေးအဆုတ်အထူးကုဆရာဝန်
  • ကလေးဓာတ်မတည့်ကု/ ခုခံအားအထူးကုဆရာဝန်
  • ကလေးဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်
  • ကလေးနှလုံးအထူးကုဆရာဝန်
  • ကလေးကျောက်ကပ်အထူးကုဆရာဝန်
  • သန္ဓေသား/ မွေးကင်းစကလေးအထူးကုဆရာဝန်
  • ကလေး ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်
  • ကလေး အသက်ဘေးနီးရောဂါများဆိုင်ရာဆရာဝန်
  • ကလေးမျိုးရိုးဗီဇအထူးကုဆရာဝန်
  • ကလေးကင်ဆာနှင့် သွေးရောဂါအထူးကုဆရာဝန်
  • ကလေးအစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်
  • ကလေးခွဲစိတ်ဆရာဝန်
  • ကလေးနှင့် ဆယ်ကျော်သက် စိတ်ရောဂါကုဆရာဝန်
  • ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာအထူးကုဆရာဝန်
  • ကလေးအရေပြားအထူးကုဆရာဝန်

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ ကလေးဌာနရှိ ရင်သွေးငယ်ကျန်းမာသန်စွမ်းရေးဌာနသည် အောက်ဖော်ပြပါဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

  • ကျန်းမာရေးစစ်ဆေးခြင်း
    • အထွေထွေကျန်းမာရေးစစ်ဆေးမှု
    •  ကျောင်းအပ်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှု
    •  နိုင်ငံခြားတွင်ကျောင်းအပ်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှု
  • ကာကွယ်ဆေးထိုးခြင်း
    • ထိုင်းနိုင်ငံ ကလေးအထူးကုသမားတော်များအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြဌာန်းထားသော ကလေးများအားလုံးထိုးထားရမည့် မထိုးမဖြစ် သို့မဟုတ် အခြေခံကာကွယ်ဆေးများဖြစ်သည့် တီဘီရောဂါကာကွယ်ဆေး (BCG)၊ ဆုံဆို့၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုးကာကွယ်ဆေး (DTaP)၊ ပိုလီယိုကာကွယ်ဆေး၊ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျာမန်ဝက်သက် (MMR)၊ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး၊ ဂျပန် ဦးနှောက်အမှေးရောင်ကာကွယ်ဆေးနှင့် ရေကျောက်ကာကွယ်ဆေး။
    • ခုခံအားတိုးကာကွယ်ဆေးများဖြစ်သည့် သွေးတုပ်ကွေး ဘီ ကာကွယ်ဆေး၊ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေးနှင့် IPD ကာကွယ်ဆေး
    • မိမိနိုင်ငံသို့ ပြန်လည်သွားရောက်မည့် နိုင်ငံခြားသားကလေးများ သို့မဟုတ် ခရီးထွက်မည့် ကလေးများအတွက် ကာကွယ်ဆေးများ
  • မိခင်နို့ချိုတိုက်ကြွေးခန်း - မိခင်များမှ ၎င်းတို့၏ ရင်သွေးငယ်များကို တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် နို့ချိုတိုက်ကြွေးနိုင်ရန် သီးသန့်အခန်းများ
ဘန်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် ဖွံ့ဖြိုးရေးစင်တာမှ အထီးကျန်စိတ်ဝေဒနာရှိသောကလေးများ၊ ဖွံ့ဖြိုးမှုနှောင့်နှေးသောကလေးများနှင့် အာရုံစူးစိုက်နိုင်မှု ချို့ယွင်းသောကလေးများအတွက် ဖွံ့ဖြိုးရေးနှင့်သင်ကြားရေးတို့ကို ကလေးတစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်မူတည်၍ သင့်တော်သည့် လုပ်ဆောင်မှုများဖြင့် သင်ကြားပေးလျက်ရှိပါသည်။ ဤသင်ကြားလှုပ်ရှားမှုများသည် ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ အထူးပြုပညာရှင်များ၊ ကလေးကာယကုထုံးပညာရှင်များ၊ လုပ်ဆောင်မှုဆိုင်ရာကုထုံးပညာရှင်များနှင့် ကလေးစိတ်ရောဂါပညာရှင်များမှ ကလေး၏အနာဂတ်သင်ယူရေးအတွက် အခြေခံဖြစ်သည့် ဖွံ့ဖြိုးမှုကို ကောင်းမွန်စွာ လှုံ့ဆော်နိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ကလေးမျက်စိဌာနမှ အောက်ဖော်ပြပါဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

  • မျက်စိကျန်းမာရေး နှင့် အမြင်အာရုံစစ်ဆေးခြင်း

ယေဘုယျအားဖြင့် ကလေးအထူးကုသည် မွေးဖွားသည့်အချိန်၊ ၃ နှစ်နှင့် ၃ နှစ်ပြည့်ပြီး စသည့်အချိန်များတွင် မျက်စိချွတ်ယွင်းမှုများကို ခြုံငုံစစ်ဆေးလေ့ရှိပါသည်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးအဖွဲ့အစည်းမှ ကလေးများ မျက်ကြောသေသကဲ့သို့ဖြစ်ပြီး မျက်စိတစ်ဖက်ဝေဝါးခြင်း၊ အမြင်အာရုံချို့တဲ့ခြင်းနှင့် အခြားမျက်စိဆိုင်ရာပြဿနာများမှ ကာကွယ်နိုင်ရေးအတွက် ကလေးများအားလုံး မျက်စိစစ်ဆေးမှုခံယူရန် အကြံပြုထားပါသည်။

  • ကလေးမျက်လုံးနှင့် မြင်လွှာဆိုင်ရာပြဿနာများအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

မျက်စိတစ်ဖက်ဝေဝါးခြင်း၊ ပုံမှန်မဟုတ်သောအမြင်၊ မျက်စိစွေခြင်း၊ ပုံမှန်မဟုတ်သော မျက်ခွံ၊ မြင်လွှာနှင့်ဆိုင်သော ရောဂါများနှင့် အမြင်အာရုံကြောဆိုင်ရာရောဂါများ။

  • ပြင်ပလူနာစမ်းသပ်စစ်ဆေးခန်း ၁၆ ခန်း
  • ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းပြုလုပ်ရန် ရင်သွေးငယ်ကျန်းမာသန်စွမ်းရေးဌာနအတွက် ၅ ခန်း
  • မျက်စိစမ်းသပ်ခန်း ၂ ခန်း

Prof.Dr. Darintr Sosothikul

အထူး

Pediatrics - General Pediatrics
Pediatrics - Pediatric Hematology
Pediatrics - Pediatric Oncology

View Profile

Dr. Anon Srikiatkhachorn

အထူး

Internal Medicine - Allergy & Immunology
Pediatrics - Pediatric Allergy & Immunology

View Profile
    Scroll for more

Contact Number

  • ကလေးဌာန
    Tel.+66 (0) 2011 3791
    Tel.+66 (0) 2011 3785
    Tel. +66 (0) 2011 7385
    Tel. +66 (0) 2011 3792
    Tel. +9595105105 
  • Tele-Consultation with Doctor Click

Service Hours

  • ကလေးဌာန
    Daily 7:00 am to 8:00 pm
    Special Needs Children Development Center : Monday through Friday
    By appointment only Saturday and Sunday : 8.30 am to 4:00 pm
    Children’s Eye Center Daily : 8:00 am to 8:00 pm

Location

  • ကလေးဌာန
    Building A, 17th floor
    Special Needs Children Development Center : Building A, 17th floor
    Children’s Eye Center : Building A, 17th and 18th floors
Rating score 9.76 of 10, based on 82 vote(s)

Related Health Blogs