ပေါင်းစည်းထားသော အဖွဲ့အစည်းများ

ကျွန်ုပ်တို့မှာမည်သူများဖြစ်ပါသနည်း။

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အချက်အခြာကျသော နေရာတွင်တည်ရှိ၍ အထူးကုအများအပြားရှိသည့် Joint Commission International (JCI) အသိအမှတ်ပြု ဆေးရုံကြီးဖြစ်သည်။ ဤဆေးရုံကြီးအား ၁၉၈၀ ခုနှစ်တွင်တည်ထောင်ခဲ့၍ အထူးကုဌာနပေါင်း ၃၀ ကျော်နှင့် ခုတင် ၅၈၀ ရှိကာ အရှေ့တောင်အာရှတွင် အကြီးဆုံးပုဂ္ဂလိကဆေးရုံကြီးအဖြစ် တည်ရှိနေပါသည်။   ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အကောင်းဆုံး ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းနှင့် အထူးကြပ်မတ်ကုသခြင်းများ ပေးစွမ်းနေသည့် တစ်နေရာထဲတွင် အကုန်ရရှိနိုင်သော ဆေးကုသမှုစင်တာအဖြစ် ရှိနေပါသည်။
 
ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် နိုင်ငံတကာမှ လူနာပေါင်း ၅၂၀ ၀၀၀ အပါအဝင် နှစ်စဉ်လူနာဦးရေ ၁.၁ သန်းအား ကုသပေးလျှက်ရှိပါသည်။
 
Orion Health’s ENTERPRISE အိုရိုင်ရွန်စနစ်သည် ဘမ်ရွန်ဂရက်၏ နေ့စဉ်လုပ်ငန်းများကို လည်ပတ်စီမံနိုင်ရန် လုပ်ငန်းအထောက်အကူတစ်ခုအဖြစ် ပံ့ပိုးပေးလျှက်ရှိပါသည်။ ထိုစနစ်သည် လူနာများအား မည်သို့စီမံပေးနိုင်ရန်၊ ဆေးဝါးကုသမှုများ မည်သို့ပေးနိုင်ရန်တို့အတွက် ပြီးပြည်စုံသော ဖြေရှင်းမှုတစ်ခုဖြစ်သည်။ ထိုစနစ်သည် ဘမ်ရွန်ဂရက်အား ကျန်းမာရေးစောင့်ရှောက်မှုတွင် ကမ္ဘာ၌ရှေ့ပြေးဖြစ်နေရန် ကူညီပံ့ပိုးပေးနေပါသည်။
 
“ဘမ်ရွန်ဂရက်နှင့် အိုရိုင်ရွန်သည် ကျွန်ုပ်တို့၏ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုအတွက် အရေးကြီးသော အပိုင်းဖြစ်သည့် နည်းဗျူဟာကျကျပေါင်းစပ်ခြင်းအနေဖြင့် ပူးပေါင်းလုပ်ဆောင်နေပါသည်။”
 
ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံ စတော့အိတ်ချိန်းတွင်ရှိသော အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ CBS’s 60 minutes၊ NBC’s Today Show၊ Time၊ Newsweek နှင့် အခြားသော နိုင်ငံတကာသတင်းဌာနများတွင်           ဘမ်ရွန်ဂရက်အား ခရီးသွားဆေးကုသမှုလုပ်ငန်း၌ ဦးဆောင်လျှက်ရှိသော ဆေးရုံအဖြစ် ဖော်ပြတင်ဆက်ခြင်းခံခဲ့ရပါသည်။
 
 




Patients Beyond Borders မှလည်း ဘမ်ရွန်ဂရက်အား ၎င်းတို့၏ ထိပ်တန်းအပြည်ပြည်ဆိုင်ရာဆေးရုံများ ဆိုသည့် “Focus On” စီးရီးတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ PDF ဖိုင်ကို ဤနေရာတွင် ဒေါင်းလုပ်ယူပါ။ .

 


ပေါင်းစည်းထားသော အဖွဲ့အစည်းများ

Corporate Structure

corporate-structure-03.jpg

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အချက်အခြာကျသော နေရာတွင်တည်ရှိ၍ အထူးကုအများအပြားရှိသည့် Joint Commission International (JCI) အသိအမှတ်ပြု ဆေးရုံကြီးဖြစ်သည်။ ဤဆေးရုံကြီးအား ၁၉၈၀ ခုနှစ်တွင်တည်ထောင်ခဲ့၍ အထူးကုဌာနပေါင်း ၃၀ ကျော်နှင့် ခုတင် ၅၈၀ ရှိကာ အရှေ့တောင်အာရှတွင် အကြီးဆုံးပုဂ္ဂလိကဆေးရုံကြီးအဖြစ် တည်ရှိနေပါသည်။   ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အကောင်းဆုံး ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်းနှင့် အထူးကြပ်မတ်ကုသခြင်းများ ပေးစွမ်းနေသည့် တစ်နေရာထဲတွင် အကုန်ရရှိနိုင်သော ဆေးကုသမှုစင်တာအဖြစ် ရှိနေပါသည်။
 

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် နိုင်ငံတကာမှ လူနာပေါင်း ၅၂၀ ၀၀၀ အပါအဝင် နှစ်စဉ်လူနာဦးရေ ၁.၁ သန်းအား ကုသပေးလျှက်ရှိပါသည်။ ပိုမိုသိရှိရန် ဖတ်ရှုပါ။

ဖတ်ရှုရန်


Vitalife

ဗိုင်တယ်လိုက်ဖ် ကျန်းမာနုပျိုရေးစင်တာ (Vitallife)

Vitallife သည် ကျန်းမာရေးနှင့် ငယ်ရွယ်နုပျိုခြင်းဆေးပညာတွင် ဦးဆောင်သူအဖြစ် ၁၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်သည်။ ရောဂါကာကွယ်ရေးနှင့် ကျန်းမာစွာနေထိုင်နိုင်ရေးတွင် ကျွန်ုပ်တို့မှ အစပြုခဲ့ခြင်းဖြစ်သည်။ Vitallife သည် ကမ္ဘာပေါ်တွင် ဦးဆောင်လျှက်ရှိသော ဆေးရုံများထဲမှ တစ်ခုဖြစ်ကာ နှစ်စဉ်လူနာသန်းပေါင်းများစွာကို ကုသပေးနေသောဆေးရုံကြီးဖြစ်သည့် ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ဌာနခွဲတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ အရည်အသွေးပြည့်ဝသောဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးအကြံပေးသူများသည် ဘမ်ရွန်ဂရက်အား ကမ္ဘာတစ်ဝှမ်းမှအသိအမှတ်ပြုရသည့် ထိပ်တန်းဆေးရုံကြီးတစ်ခုဖြစ်စေရန် ပံ့ပိုးပေးနေပါသည်။

ဖတ်ရှုရန်

 

corporate-structure-05.jpg

မွန်ဂိုလီးယားရှိ UB Songdo ဆေးရုံ

စတင်ဖွင့်လှစ်သည့် ၂၀၀၇ ခုနှစ်မှစ၍ UB Songdo ဆေးရုံသည် ပြင်ပလူနာပမာဏ ၂ ဆတိုးလာသဖြင့် ဝန်ဆောင်မှုများနှင့် စွမ်းဆောင်ရည်များ ထပ်မံပံ့ပိုးထားပါသည်။ ၎င်းဆေးရုံ၌ အတွေ့အကြုံရှိ ဆရာဝန်များကလက်တွဲကာ အထွေထွေခွဲစိတ်မှု (အထူးသဖြင့် ဝမ်းဗိုက်အပေါ်ပိုင်းနှင့် အောက်ပိုင်းခွဲစိတ်မှုများ)၊ နှလုံး၊ ဆီးနှင့်ကျောက်ကပ်၊ အလှအပဆိုင်ရာပြုပြင်ခွဲစိတ်မှုနှင့် သန္ဓေသားတည်ရန်ကုသမှုများအား လူနာများအတွက် အထူးကျွမ်းကျင်စွာ ကုသပေးလျက်ရှိနေပါသည်။
 

ကျွန်ုပ်တို့၏ ပေါင်းစပ်စုစည်းထားသည့် ကျန်းမာရေးဝန်ဆောင်မှုသည် ပြင်ပလူနာကုသခြင်း၊ ရောဂါရှာဖွေခြင်း၊ အတွင်းလူနာကုသခြင်းနှင့် နေ့ချင်းပြီးကုသမှုများအပါအဝင် လူနာများ လိုအပ်လေ့ရှိသည်တို့ကို     ဖြည့်စည်းပေးနိုင်ပါသည်။ ပိုမိုသိရှိရန် ဖတ်ရှုပါ။

ဖတ်ရှုရန်