ဆေးရုံ၏တရားဝင်အသိအမှတ်အပြုခံရခြင်းနှင့် ရရှိခဲ့သည့်ဆုများ

ဆေးရုံတစ်ရုံသည် ၎င်း၏အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအပေါ် အလေးအနက်ထားပါက ဘက်မလိုက်သော အတည်ပြုချက်အား ရယူလေ့ရှိပါသည်။ 

အာရှ၏ပထမဦးဆုံး နိုင်ငံတကာအသိအမှတ်ပြုခံရသောဆေးရုံ

JCI hospital-Gold Joint Commission International-bangkok-thailand
Organization Accredited by
Joint Commission International

ဘမ်ရွန်ဂရက်သည် အမေရိကန်နိုင်ငံရှိဆေးရုံများအား ဆန်းစစ်ကာ အသိအမှတ်ပြုပေးနေသော အဖွဲ့အစည်း၏ အပြည်ပြည်ဆိုင်ရာအဖွဲ့ခွဲဖြစ်သည့် Joint Commission International (JCI) မှ အသိအမှတ်ပြုခြင်း ခံထားရသော အာရှ၏ ပထမဦးဆုံး ဆေးရုံဖြစ်သည်။ ၎င်းတို့၏စစ်ဆေးချက်များတွင် အချက်ပေါင်း ၃၅၀ ကျော်ပါဝင်ပြီး ခွဲစိတ်ကုသရာ၌ ပိုးမွှားကင်းစင်သန့်ရှင်းမှုနှင့် မေ့ဆေးပေးသည့် လုပ်ငန်းစဉ်များမှစ၍ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် သူနာပြုများ၏အရည်အချင်းများအား ထောက်ခံပေးခြင်းအထိ ပါဝင်ပါသည်။ JCI သည် ၃ နှစ်ခြားတစ်ခါ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်၍ ဆေးရုံများအား စစ်ဆေးစေပါသည်။ ဘမ်ရွန်ဂရက်သည် ၂၀၀၂ ခုနှစ်တွင် ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခံရကာ ၂၀၀၅၊ ၂၀၀၈၊ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း ပြန်လည်အသိအမှတ်ပြု ခံခဲ့ရပါသည်။ JCIA လက်မှတ်များကိုကြည့်ရှုရန် ဤနေရာတွင် နှိပ်ပါ။ 


ဘမ်ရွန်ဂရက်၏ သတ်မှတ်ထားသည့် ရောဂါကုမှုအစီအစဉ်များတွင် ရရှိခဲ့သောလက်မှတ်များ

Primary Stroke Program

 

Diabetes Mellitus Program

 

CKDCertificate-s.jpg

 Chronic Kidney Disease Program

 

CKDCertificate-s.jpg

 Knee Replacement Program

 

 
ဘမ်ရွန်ဂရက်သည် လေဖြတ်ရောဂါကုသခြင်း (နိုဝင်ဘာ ၂၀၁၅ မှ နိုဝင်ဘာ ၂၀၁၈) တွင်လည်းကောင်း၊ ဆီးချိုရောဂါကုသခြင်း (မတ် ၂၀၁၃ မှ ဖေဖော်ဝါရီ ၂၀၁၆) တွင်လည်းကောင်း၊ ကျောက်ကပ်ရောဂါများ     ကုသခြင်း (ဖေဖော်ဝါရီ ၂၀၁၃ မှ ဖေဖော်ဝါရီ ၂၀၁၆) တွင်လည်းကောင်း ဆေးရုံ၏အရည်အသွေးကို အကဲဖြတ်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် ဦးဆောင်လျက်ရှိသော Joint Commission International (JCI) ၏ ပြန်လည်အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။ ဤသို့ ထူးခြားပြောင်မြောက်သော ဂုဏ်ထူးများသည် ဆေးရုံ၏သတ်မှတ်ထားသော ကုသမှုအစီအစဉ်များမှာ နိုင်ငံတကာအဆင့်အတန်းမှီကာ အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် ဆေးကုသမှုပိုင်းဆိုင်ရာလမ်းညွှန်ချက်များနှင့် ကိုက်ညီကြောင်း သက်သေထူနေခြင်းဖြစ်ပါသည်။ 
 
JCI မှ ဆန်းစစ်သူများသည် ဆေးရုံမှ လေဖြတ်ထားသည့်လူနာများနှင့် နှလုံးရောဂါရှိသော လူနာများအပြင် ဆီးချိုနှင့် ကျောက်ကပ်ရောဂါရှိသော လူနာများအပေါ် ပေးအပ်သည့် စောင့်ရှောက်ကုသမှု ရှုထောင့်အမျိုးမျိုးကို စစ်တမ်းများကောက်ယူခဲ့သည်။ ဤပြန်လည်ဆန်းစစ်ချက်တွင် အရေးပေါ် ကုသဆောင်ရွက်မှုများ၊ မြန်ဆန်သော ပုံရိပ်ရိုက်ယူမှုနှင့် ရောဂါရှာဖွေမှု၊ အတွေ့အကြုံရှိ အထူးကုများနှင့် ထိရောက်မှုရှိသော ရေရှည်ကုသမှုများ ပါဝင်ပါသည်။ JCI ၏ သတ်မှတ်ချက်များသည် နိုင်ငံတကာ ကုသမှုအကောင်းဆုံးရှိသော ဆေးရုံဆေးခန်းများ၏ လမ်းညွှန်ချက်များမှ အခြေခံထားခြင်းဖြစ်သည်။ လူနာ၏ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ကုသမှုအရည်အသွေးအပေါ် သင်၏စိတ်ဝင်စားမှုကို တင်ပြရန် ဤနေရာတွင်နှိပ်ပါ။
 
 

လူနာအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုစိတ်ချရစေရန် ပုံမှန်၊ ဘက်မလိုက်သော ဆန်းစစ်ခြင်းများ

HA Hospital Accreditation

 
ထိုင်းနိုင်ငံတွင်လည်း ၎င်း၏ ဆေးရုံများအရည်အသွေးတိုးတက်မှုနှင့် တရားဝင်အသိအမှတ်ပြုသည့်ဌာန မှဦးစီးဆောင်ရွက်သော ဆေးရုံများအား အသိအမှတ်ပြုပေးသည့် အစီအစဉ်ရှိပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံသည် ၎င်းအစီအစဉ်မှ ၁၉၉၉ ခုနှစ်၌ တရားဝင်အသိအမှတ်ပြုခံခဲ့ရသော ထိုင်းနိုင်ငံ၏ ပထမဦးဆုံး ဆေးရုံဖြစ်ကာ ၂၀၀၂ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် သုံးနှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်၍ ပြန်လည် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုချက်ရရှိရန် လိုအပ်ချက်များပြားသော်လည်း ဘမ်ရွန်ဂရက်သည် ၎င်းအသိအမှတ်ပြုချက်ကို ရရှိခဲ့သော ပုဂ္ဂလိကဆေးရုံ ၁၄ ခု (၁၀၀ ကျော် ရှိရာမှ) ထဲမှတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ၏ HA လက်မှတ်ကို ကြည့်ရန် ဤနေရာတွင်နှိပ်ပါ။
 

ထူးခြားသော လူနာအတွေ့အကြုံများ

ဒေစီဆု သည် လူနာနှင့်မိသားစုများအတွက်ပေးသော ဝန်ဆောင်မှုများအတွက် သုတေသနလုပ်ငန်းများအား ပံ့ပိုးပေးသည့် အမေရိကန်အခြေစိုက်အဖွဲ့ဖြစ်သော ဒေစီဖောင်ဒေးရှင်း မှပေးအပ်သောဆု ဖြစ်သည်။ ဤအဖွဲ့သည် သူနာပြုများ၏ မေတ္တာကရုဏာထားရှိမှုနှင့် ၎င်းတို့၏သူနာပြုစွမ်းရည်တို့ကို ဒေစီဆုကဲ့သို့သောဆုများဖြင့် အသိအမှတ်ပြုပြီး လစဉ် ထူးချွန်သည့်သူနာပြုကို ၎င်း၏ထူးခြားသော လုပ်ဆောင်မှုအတွက် ပေးအပ်ပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံသည် သူနာပြုများအား ရိုသေအလေးထားသည့် ဆေးရုံများအနက် တစ်ခုဖြစ်ခြင်းအတွက် ဂုဏ်ယူပါသည်။