bih.button.backtotop.text

ကျောက်ကပ်ရောဂါကုဌာန

ကုသပေးသော ရောဂါအခြေအနေများ
  • ရုတ်တရက် ကျောက်ကပ်လုပ်ဆောင်မှုကျဆင်းခြင်း
  • နာတာရှည်ကျောက်ကပ်ရောဂါ
  • ဓာတ်ဆားဓာတ်များနှင့် အက်ဆစ်-ဘေ့စ်ဓာတ် ပုံမှန်မဟုတ်ခြင်း
  • မျိုးရိုးဗီဇကြောင့်နှင့် မျိုးရိုးဗီဇကြောင့်မဟုတ်သော ကျောက်ကပ်ရောဂါ (ဥပမာ - ကျောက်ကပ်တွင် အရည်အိပ်များတည်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်ပုံမမှန်ခြင်း၊ အကြားအာရုံနှင့် မျက်စိတို့တွင်ပါထိခိုက်သော ရောဂါစု၊ ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများရောင်ခြင်း၊ နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ)
  • သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများကြောင့်ဖြစ်ပွားသည့် ကျောက်ကပ်ပြဿနာများ

*သွေးတိုးနှင့်ဆီးချိုရောဂါသည် ကျောက်ကပ်လုပ်ဆောင်ချက်ကို ယိုယွင်းစေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း သတိပြုစေလိုပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါကို နှေးကွေးစေရန် သွေးတိုးနှင့်ဆီးချိုရောဂါအား ထိန်းချုပ်ရန် လွန်စွာအရေးကြီးပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါသည်လည်း သွေးတိုးရောဂါကို ဖြစ်ပွားစေပါသည်။

  • ဆီးတွင်ပါဝင်သောပစ္စည်းများကို စစ်ဆေးရန် ၂၄ နာရီအတွင်းသွားသောဆီးကို စုဆောင်းခြင်း
  • သွေးစစ်ဆေးခြင်း
    •  သွေးအတွင်းရှိ သွေးဥများပမာဏအသေးစိတ်စစ်ဆေးခြင်း
    •  ကျောက်ကပ်မှမစွန့်ထုတ်နိုင်သည့် ယူရီးယားဓါတ်မှလာသော သွေးအတွင်းရှိ နိုက်ထရိုဂျင်ပမာဏစစ်ဆေးခြင်း (BUN)
    •  ခရီတီနင်းဓာတ်
    •  ဓာတ်ဆားဓာတ်များ (ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖိတ်၊ အယ်လ်ဗျူမင်)
    •  စုစုပေါင်းပရိုတင်း
    •  ကိုလက်စထရော
  • သွေးတွင်းခရီတီနင်းဓာတ်မှစစ်ဆေးသည့် ကျောက်ကပ်စစ်ထုတ်မှုနှုန်းခန့်မှန်းချက် (eGFR) (နာတာရှည် ကျောက်ကပ်ရောဂါနှင့် အခြားကျောက်ကပ်နှင့်ဆက်နွယ်ဖြစ်ပွားသော ပြဿနာများကိုရှာဖွေရန် အသုံးများသောနည်းလမ်း)
  • ကျောက်ကပ်ပုံရိပ်ရိုက်စစ်ဆေးမှုများ - ကျောက်ကပ်အာလ်ထရာဆောင်း၊ ကျောက်ကပ်သွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်းကိုသိရန် သွေးကြောအာလ်ထရာဆောင်း၊ စီတီစကင်၊ သွေးကြောစစ်ဆေးသည့် အမ်အာအိုင်စကင်။
    • ဆီးလမ်းကြောင်းပိတ်ဆို့မှုကိုစစ်ဆေးရန် (ဥပမာ - ကျောက်ကပ်တွင် ကျောက်တည်ခြင်း)
    • ကျောက်ကပ်၏အရွယ်အစားကို ခန့်မှန်းတွက်ဆရန်
    • ကျောက်ကပ်တွင် အရည်အိတ်တည်သည့်ရောဂါကို စစ်ဆေးရန်
    • ကျောက်ကပ်သွေးလွှတ်ကြောပိတ်ခြင်းကဲ့သို့သော ရောဂါအခြေအနေများသိရှိရန်
    • ဆီးထဲတွင် ပရိုတင်းပါဝင်မှုကို တွက်ဆခြင်း (ကျောက်ကပ်ပြဿနာများရှိကြောင်း အဓိကဖော်ပြချက်)
    •  ဆီးတွင်းရှိ ပရိုတင်း/ ခရီတီနင်းအချိုး
    •  ဆီးတွင်းရှိ မိုက်ခရိုအဲလ်ဗျူမင်/ ခရီတီနင်းအချိုး
  • ဆီးစစ်ဆေးခြင်းနှင့် ဆီးထဲတွင်အနည်ထိုင်သည့်အရာများကိုစစ်ဆေးခြင်း (နာတာရှည် ကျောက်ကပ်ရောဂါကိုသိရှိရန် နှင့် ကျောက်ကပ်ရောဂါအမျိုးအစားကို သတ်မှတ်ခြင်း)
  • သွေးတွင်းရှိအရာများအား အမျိုးအစားခွဲထုတ်ခြင်း (သွေးရည်ကြည်အားဖယ်ထုတ်ခြင်း၊ သွေးသန့်စင်ခြင်း၊ ရောဂါရှိသော သွေးတွင်းမှပဋိပစ္စည်းများဖယ်ထုတ်ခြင်း)
  • ကျောက်ကပ်ဆေးခြင်း (ကျောက်ကပ်ဆေးဌာနတွင်)
  • အသည်းဆေးခြင်း
  • အာဟာရနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း - ကျောက်ကပ်ရောဂါအထူးပြု အာဟာရပညာရှင်ထံမှ ထိန်းချုပ်စားသောက်ရမည့် အစားအစာများနှင့်ပတ်သက်၍ အကြံဉာဏ်။
  • ပုံမမှန်သော ကျောက်ကပ်လုပ်ဆောင်ချက်အတွက် အစားထိုးဆောင်ရွက်မှုများ
    • အချိန်တို ကျောက်ကပ်ဆေးခြင်း (အမြင့်ဆုံးရေသန့်စင်စနစ်၊ သွေးသန့်စင်စနစ်)
    • ဆက်တိုက် ကျောက်ကပ်ဆေးခြင်း
    • ဆက်တိုက် ဝမ်းဗိုက်မှတဆင့် သွေးသန့်စင်ခြင်း
    • ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း (နိုင်ငံခြားသားလူနာများအတွက် အသက်ရှင်လျက်ရှိသော ဆွေမျိုးအရင်းများထံမှ လှူဒါန်းခြင်းကိုသာ လက်ခံပါသည်။)

ဆေးဝါးကျွမ်းကျင်များသည် ဆေးဝါးအမြောက်အများသောက်သုံးနေရသော ကျောက်ကပ်ဝေဒနာရှင်များအတွက် စောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဆေးဝါးကျွမ်းကျင်များမှ -

  • ဆေးဝါးများနှင့်ပတ်သက်သည့် ဗဟုသုတအသိပညာပေးအပ်ခြင်း။ ဥပမာ - ဆေးမည်ကဲ့သို့သောက်သုံးရန်၊ ခန္ဓာကိုယ်နှင့်ဆေး မည်သို့တုံ့ပြန်အကျိုးပြုပုံနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (ထိုဆိုးကျိုးများကို မည်သို့လျော့နည်းစေခြင်းအပါအဝင်)
  • လူနာများ ဆေးကိုညွှန်ကြားသည့်အတိုင်း စွဲမြဲစွာသောက်သုံးခြင်သည့်စိတ်ကို ပိုမိုတိုးတက်လာစေရန် ပညာပေးခြင်း။
  • ဆေးတစ်မျိုးနှင့်တစ်မျိုးအပြန်အလှန်သက်ရောက်မှု၊ ဆေးနှစ်ထပ်ဖြစ်ခြင်း၊ ဓာတ်မတည့်မှု စသည့်ဆေးဝါးများနှင့်ပတ်သက်သည့် ပြဿနာများကို စစ်ဆေးရှာဖွေပြီး မလိုလားအပ်သောဆိုးကျိုးများနည်းစေရန် သင်၏ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
  • ဆရာဝန်တစ်ဦးထက်မကပြနေရသော သို့မဟုတ် ရောဂါတစ်ခုထက်မကသော လူနာများအတွက် ဆေးဝါးများကို ပြန်လည်စစ်ဆေးပေးခြင်း။
  • နာတာရှည်ကျောက်ကပ်ရောဂါအစီအစဉ် အဓိကရည်ရွယ်ချက်ဖြစ်သော နာတာရှည်ကျောက်ကပ်ရောဂါကာကွယ်ရန် သို့မဟုတ် ရောဂါရင့်လာမှုကိုနှေးစေရန်နှင့် နောက်ဆက်တွဲ ပြဿနာများမှကာကွယ်ရန် ကျောက်ကပ်အထူးကုများသည် လူနာပြုစုစောင့်ရှောက်သည့်အဖွဲ့နှင့်တွဲ၍ ဆွေးနွေးတိုင်ပင်မှုနှင့် ပညာပေးခြင်းများ လုပ်ဆောင်ပါသည်။
  • ကျောက်ကပ်ခွဲစိတ်အစားထိုးကုသခြင်းအစီအစဉ် - ကျွန်ုပ်တို့၏ ကျောက်ကပ်အစားထိုးခြင်းအစီအစဉ်သည် ဆေးပညာနှင့်ခွဲစိတ်ကုဌာနများ၊ အတွင်းလူနာဝန်ဆောင်မှုများနှင့် ပေါင်းစည်းထားသော ဘက်စုံအစီအစဉ် ဖြစ်ပါသည်။ (နိုင်ငံခြားသားလူနာများအတွက် ခွဲစိတ်အစားထိုးခြင်းတွင် အတိအကျလိုက်နာ    ရမည့် ဥပဒေကန့်သက်ချက်များရှိသည်ကို မှတ်သားစေလိုပါသည်။ ထိုကန့်သက်ချက်များကိုသိရှိရန် ရက်ချိန်းမယူမီ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံစုံစမ်းမေးမြန်းပါ။)
  • အာဟာရနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်း - နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များအတွက် ပညာပေးအစီအစဉ်တွင် ၎င်းနာတာရှည်ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲပြဿနာများဖြစ်ပွားခြင်းမှ ကာကွယ်ရန် အသားဓာတ်၊ ဆား၊ ဖော့စ်ဖောရပ်စ်နှင့် ပိုတက်စီယမ်ဓာတ် စသည်တို့ ကန့်သတ်စားသုံးရန် လိုအပ်နိုင်ကြောင်း ပါဝင်ပါမည်။
  • သီးသန့်စမ်းသပ်ခန်း ၈ ခန်း
  • အသေးစားကုသမှုဆိုင်ရာလုပ်ငန်းများအတွက် အခန်းများ
  • အရေးကြီးလက္ခဏာများနှင့် သွေးစစ်ဆေးခန်း
  • ပညာပေးအခန်းများ
  • ပညာပေးပစ္စည်းများ (စာစောင်များ၊ ရုပ်ပြပုံများ၊ ဗွီဒီယို)
    Scroll for more

Contact Number

  • ကျောက်ကပ်ရောဂါကုဌာန
    Tel. +66 (0) 2011 3992
    Tel. +66 (0) 2011 3987
    Tel. +66 (0) 2011 3988
    Tel. +9595105105 @မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။
  • Tele-Consultation with Doctor Click

Service Hours

  • ကျောက်ကပ်ရောဂါကုဌာန
    Monday through Friday: 8:00 am to 8:00 pm
    Saturday & Sunday: 8:00 am to 5:00 pm

Location

  • ကျောက်ကပ်ရောဂါကုဌာန
    Nephrology (Kidney) Center : Building A , 19th floor
Rating score 9.00 of 10, based on 46 vote(s)

Related Health Blogs