bih.button.backtotop.text

ဓာတ်ကင်ခြင်း

ဓာတ်ကင်ခြင်းသည် ကင်ဆာရောဂါကုသခြင်းတွင် အသုံးပြုသော ဓာတ်ရောင်ခြည်ပေးကုသသည့် ကုထုံးတစ်မျိုးဖြစ်သည်။ ကင်ဆာဆဲလ်များရှိရာသို့ စွမ်းအားမြင့်ဓာတ်ရောင်ခြည်ဖြင့် ချိန်ရွယ်၍ ဖျက်ဆီးခြင်းဖြစ်သည်။ ကင်ဆာရောဂါကုသရန်အတွက် ဓာတ်ရောင်ခြည်အသုံးပြုမှုသည် ရောဂါအဆင့်၊ ကင်ဆာအမျိုးအစားနှင့် လူနာ၏ကျန်းမာရေးအခြေအနေအပေါ် မူတည်ပါသည်။

Overview

ဓာတ်ရောင်ခြည်ပေးကုသနိုင်သည့် နေရာများနှင့် ကင်ဆာအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဦးခေါင်းနှင့် လည်ပင်း - နှာခေါင်းနှင့်လေလမ်းကြောင်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ တံတွေးဂလင်းကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာ
  • ရင်ဘတ် အဆုတ်ကင်ဆာ၊ အစာရေမျိုပြွှန်ကင်ဆာ၊ လင့်ဆဲလ်များမှဖြစ်သောကင်ဆာကျိတ်နှင့် ရင်သားကင်ဆာ
  • ဝမ်းဗိုက် - အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာနှင့်         လင့်ဆဲလ်များမှဖြစ်သောကင်ဆာကျိတ်
  • ဝမ်းဗိုက်အောက်ပိုင်း အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ကာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ

ဦးခေါင်းနှင့်လည်ပင်းတွင် ဓာတ်ကင်ခြင်းသည် အောက်ဖော်ပြပါကင်ဆာများကုသရာတွင် အသုံးပြုသည်။ ဦးနှောက်ကင်ဆာ၊ နှာခေါင်းနှင့် လေလမ်းကြောင်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်းပင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ တံတွေးဂလင်းကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာ။
 

ဓာတ်ကင်ခြင်းဖြင့်ကုသမှု

လူနာ၏ဦးခေါင်းနှင့်လည်ပင်းအား နေသားတကျဖြစ်အောင်ထားပြီး ကုသနေစဉ် ဦးခေါင်းနှင့်လည်ပင်းငြိမ်နေစေရန် ပလက်စတစ်မျက်နှာဖုံးအား အသုံးပြုနိုင်ပါသည်။ ရေးဆွဲထားသည့် ကုသမှုအစီအစဉ်အတိုင်း ဆရာဝန်သည် ဓာတ်ကင်ခြင်းကို ပြုလုပ်သွားပါမည်။ ဓာတ်ရောင်ခြည်အမျိုးအစားနှင့် ကုသမှုကြာမြင့်ချိန်သည် အသုံးပြုသည့်နည်းလမ်းအပေါ်မူတည်၍ ကွဲပြားပါလိမ့်မည်။ ဓာတ်ကင်ခြင်းသည်                       ပျမ်းမျှအားဖြင့် ၂ မိနစ်မှ ၁၀ မိနစ်အထိကြာမြင့်၍ လူနာကိုပြင်ဆင်ခြင်းအပါအဝင် စုစုပေါင်းပြုလုပ်ချိန်သည် ၁၅ မိနစ်မှ ၂၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။ ကင်ဆာအမျိုးအစားနှင့် ဆရာဝန်ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ကင်ခြင်းအား တစ်ပတ်လျှင် ၅ ကြိမ်ပြုလုပ်၍ စုစုပေါင်း     ၅ ပတ် မှ ၈ ပတ်အထိ ကြာမြင့်နိုင်သည်။
 

ဖြစ်ပွားလေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ၎င်း တို့အားထိန်းချုပ်ကုသခြင်း

ဘေးထွက်ဆိုးကျိုး

ထိန်းချုပ်ကုသမှု

အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်း (သို့) ယားယံခြင်း

- အရေပြားကို တတ်နိုင်သလောက် လေရရှိရန် လှပ်ထားပါ။ သို့သော် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- အရေပြားကို ရေထိနိုင်ပါသည်။ သို့သော် နူးညံ့သော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်သင်ပါ။

- ဆပ်ပြာ၊ ရေမွှေး၊ ပေါင်ဒါ (သို့) အလှကုန်ပစ္စည်းများကို အရေပြားပေါ်တွင် အသုံးမပြုရပါ။ ဆရာဝန်မှပေးသော ဆေးကိုသာ လိမ်းရပါမည်။

လည်ချောင်းနာခြင်း၊ ပါးစပ်ခြောက်ခြင်းနှင့် အရသာပျက်ခြင်း

- ရေမကြာခဏ စွတ်ပေးပါ။

- ပျော့ပြောင်းသော သွားပွတ်တံဖြင့် သွားတိုက်ခြင်း၊ သွားကြားပွတ်ကြိုးဖြင့် ပုံမှန်သွားသန့်ရှင်းရေးလုပ်ခြင်းဖြင့် ခံတွင်းသန့်ရှင်းအောင်ထားပါ။ အစာစားပြီးတိုင်း အံကပ်ကို သန့်ရှင်းပါ။ ဆိုင်များတွင် ရောင်းချသော ခံတွင်းဆေးကြောသည့် အရည်များ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစပ်စားခြင်း (သို့) အလွန်ပူသော ၊ အေးသော အစားအစာများကို ရှောင်ကြဉ်ပါ။ ပျော့ပြောင်းနူးညံ့သော၊ သေချာစွာ ကျက်အောင်ချက်ထားသော လွယ်ကူစွာ မျိုချစားသောက်နိုင်သည့် အစာများကိုစားသုံးပါ။

- အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းပြသပါ။

မောပန်းခြင်း

- တတ်နိုင်သလောက် အနားယူပါ။

- အာဟာရဖြစ်သော အစာများကို စားသုံးပါ။

- စိတ်ဖိစီးမှုကို လျှော့ချပါ။

- ယေဘုယျအားဖြင့် ဓာတ်ကင်ခြင်း ပြီးဆုံးသည်နှင့် မောပန်းခြင်းသည် အလိုအလျောက် ပျောက်ကင်းသွားပါလိမ့်မည်။ အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းပြသပါ။

မှတ်ချက် - လူနာတစ်ဦးချင်းစီအပေါ်မူတည်၍ ဓာတ်ကင်သည့်နေရာ၌ အခြားဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်သည်။ မေးမြန်းစရာ/သိလိုသည်များရှိပါက ကျေးဇူးပြု၍ လွှဲပေးသောဆရာဝန်နှင့် ဆွေးနွေးပါ။

ရင်ဘတ်တွင်ဓာတ်ကင်ခြင်းသည် အောက်ဖော်ပြပါကင်ဆာရောဂါများကုသရာတွင် အသုံးပြုသည် - အဆုတ်ကင်ဆာ၊ လင့်ဆဲလ်များမှဖြစ်သောကင်ဆာကျိတ်နှင့် ရင်သားကင်ဆာ။
 

ဓာတ်ကင်ခြင်းဖြင့်ကုသမှု

ဓာတ်ကင်နေစဉ်တွင် လူနာသည် ငြိမ်သက်စွာလဲလျောင်းနေရပါမည်။ လူနာ၏လက်များကို အပေါ်သို့ မြှောက်တင်ခိုင်းခြင်း (သို့) ဘေးတွင်ချခိုင်းထားပါမည်။ လူနာသည် ပုံမှန်အတိုင်းအသက်ရှုရပါမည်။     ဓာတ်ကင်ခြင်းသည် ပျမ်းမျှအားဖြင့် ၂ မိနစ်မှ ၁၀ မိနစ်အထိကြာမြင့်၍ လူနာကိုပြင်ဆင်ခြင်းအပါအဝင် စုစုပေါင်းပြုလုပ်ချိန်သည် ၁၅ မိနစ်မှ ၂၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။ ကင်ဆာအမျိုးအစားနှင့် ဆရာဝန်ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ကင်ခြင်းအား တစ်ပတ်လျှင် ၅ ကြိမ်ပြုလုပ်၍ စုစုပေါင်း ၅ ပတ် မှ ၈ ပတ်အထိ ကြာမြင့်နိုင်သည်။
 

ဖြစ်ပွားလေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ၎င်း တို့အားထိန်းချုပ်ကုသခြင်း

ဘေးထွက်ဆိုးကျိုး

ထိန်းချုပ်ကုသမှု

အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်း (သို့) ယားယံခြင်း

- အရေပြားကို တတ်နိုင်သလောက် လေရရှိရန် လှပ်ထားပါ။ သို့သော် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- အရေပြားကို ရေထိနိုင်ပါသည်။ သို့သော် နူးညံ့သော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်သင်ပါ။

- ဆပ်ပြာ၊ ရေမွှေး၊ ပေါင်ဒါ (သို့) အလှကုန်ပစ္စည်းများကို အရေပြားပေါ်တွင် အသုံးမပြုရပါ။ ဆရာဝန်မှပေးသော ဆေးကိုသာ လိမ်းရပါမည်။

မျိုချလျှင်နာကျင်ခြင်း

- အရည် (သို့) အစာပျော့ပျော့သာစား၍ ရေမကြာခဏ စွတ်ပေးပါ။ လုံးဝမစားနိုင်ပါက ဆရာဝန်ကို ချက်ချင်းပြပါ။

ချောင်းခြောက်ဆိုးခြင်း

- ရေမကြာခဏ စွတ်ပေးပါ။ အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။

မောပန်းခြင်း

- တတ်နိုင်သလောက် အနားယူပါ။

- အာဟာရဖြစ်သော အစာများကို စားသုံးပါ။

- စိတ်ဖိစီးမှုကို လျှော့ချပါ။

- ယေဘုယျအားဖြင့် ဓာတ်ကင်ခြင်း ပြီးဆုံးသည်နှင့် မောပန်းခြင်းသည် အလိုအလျောက် ပျောက်ကင်းသွားပါလိမ့်မည်။ အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းပြသပါ။

မှတ်ချက် - လူနာတစ်ဦးချင်းစီအပေါ်မူတည်၍ ဓာတ်ကင်သည့်နေရာ၌ အခြားဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်သည်။ မေးမြန်းစရာ/သိလိုသည်များရှိပါက ကျေးဇူးပြု၍ လွှဲပေးသောဆရာဝန်နှင့် ဆွေးနွေးပါ။

ဝမ်းဗိုက်တွင်ဓာတ်ကင်ခြင်းသည် အောက်ဖော်ပြပါကင်ဆာများကုသရာတွင် အသုံးပြုသည် - အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာနှင့် လင့်ဆဲလ်များမှဖြစ်သောကင်ဆာကျိတ်။
 

ဓာတ်ကင်ခြင်းဖြင့်ကုသမှု

ကုသနေစဉ်တွင် လူနာသည် ငြိမ်သက်စွာလဲလျောင်းနေကာ ပုံမှန်အတိုင်း အသက်ရှုနေရပါမည်။ ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ရောင်ခြည်ပညာရှင်သည် လူနာ၏ခန္ဓာကိုယ်အနေအထားနှင့် ဓာတ်ရောင်ခြည်ပေးမည့်နေရာကို လိုသလိုချိန်ညှိပါမည်။ ကုသမှုအစီအစဉ်တွင်ပါသည့်နည်းလမ်းအတိုင်း ဓာတ်ရောင်ခြည်ကိုပေးပါမည်။ ဓာတ်ကင်ခြင်းသည် ပျမ်းမျှအားဖြင့် ၂ မိနစ်မှ ၁၀ မိနစ်အထိကြာမြင့်၍ လူနာကိုပြင်ဆင်ခြင်းအပါအဝင် စုစုပေါင်းပြုလုပ်ချိန်သည် ၁၅ မိနစ်မှ ၂၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။ ကင်ဆာအမျိုးအစားနှင့် ဆရာဝန်ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ကင်ခြင်းအား တစ်ပတ်လျှင် ၅ ကြိမ်ပြုလုပ်၍ စုစုပေါင်း ၅ ပတ် မှ ၈ ပတ်အထိ ကြာမြင့်နိုင်သည်။
 

ဖြစ်ပွားလေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ၎င်း တို့အားထိန်းချုပ်ကုသခြင်း

ဘေးထွက်ဆိုးကျိုး

ထိန်းချုပ်ကုသမှု

အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်း (သို့) ယားယံခြင်း

- အရေပြားကို တတ်နိုင်သလောက် လေရရှိရန် လှပ်ထားပါ။ သို့သော် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- အရေပြားကို ရေထိနိုင်ပါသည်။ သို့သော် နူးညံ့သော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်သင်ပါ။

- ဆပ်ပြာ၊ ရေမွှေး၊ ပေါင်ဒါ (သို့) အလှကုန်ပစ္စည်းများကို အရေပြားပေါ်တွင် အသုံးမပြုရပါ။ ဆရာဝန်မှပေးသော ဆေးကိုသာ လိမ်းရပါမည်။

ဓာတ်ကင်ပြီး ၂ နာရီမှ ၃ နာရီအတွင်း ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း

- ဓာတ်မကင်ခင် ၂ နာရီ၊ ၃ နာရီအလိုမှစ၍ အစားစားခြင်းကို ရှောင်ကြဉ်ပါ။ သို့မဟုတ် အနည်းငယ်သာစားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖြစ်ပွားမည့် ပျို့ချင်အန်ချင်စိတ်ခြင်းကို လျော့နည်းစေပါသည်။

အန်ခြင်း

- မအန်ရန်သောက်သောဆေးအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

ဓာတ်ကင်ပြီး ၂ ပတ်မှ ၃ ပတ်အတွင်း ဝမ်းသွားခြင်း

- အမျှင်ဓာတ်နည်းပါးသောအစားများကို စားသုံးပါ။ အသီးအရွက်များနှင့် သစ်သီးများ အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။ လူနာသည် သေချာစွာ ချက်ပြုတ်ထားသည် အသီးအရွက်များနှင့် အလွန်မှည့်သော အသီးများကို သုံးဆောင်နိုင်ပါသည်။

- ကြော်ထားသောအစာများနှင့် ဆီများသောအစာများ၊ နို့ထွက်ကုန်များ၊ အရသာပြင်းသောအစာများနှင့် အရက် စသည်တို့မှ ရှောင်ကြဉ်ပါ။

- ရေများများသောက်ပါ။

- အကယ်၍ ဝမ်းသွားခြင်းသည် ဆိုးရွားပါက ဆရာဝန်ကို ချက်ချင်းပြပါ။

မောပန်းခြင်း

- တတ်နိုင်သလောက် အနားယူပါ။

- အာဟာရဖြစ်သောအစာများကို စားသုံးပါ။

- စိတ်ဖိစီးမှုကို လျှော့ချပါ။

- ယေဘုယျအားဖြင့် ဓာတ်ကင်ခြင်း ပြီးဆုံးသည်နှင့် မောပန်းခြင်းသည် အလိုအလျောက် ပျောက်ကင်းသွားပါလိမ့်မည်။ အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းပြပါ။

မှတ်ချက် - လူနာတစ်ဦးချင်းစီအပေါ်မူတည်၍ ဓာတ်ကင်သည့်နေရာ၌ အခြားဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်သည်။ မေးမြန်းစရာ/သိလိုသည်များရှိပါက ကျေးဇူးပြု၍ လွှဲပေးသောဆရာဝန်နှင့် ဆွေးနွေးပါ။

ဝမ်းဗိုက်အောက်ပိုင်းတွင်ဓာတ်ကင်ခြင်းသည် အောက်ဖော်ပြပါကင်ဆာများကုသရာတွင် အသုံးပြုသည် - အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ။
 

ဓာတ်ကင်ခြင်းဖြင့်ကုသမှု

ကုသနေစဉ်တွင် လူနာသည် ငြိမ်သက်စွာလဲလျောင်းနေကာ ပုံမှန်အတိုင်း အသက်ရှုနေရပါမည်။ ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ရောင်ခြည်ပညာရှင်သည် လူနာ၏ခန္ဓာကိုယ်အနေအထားနှင့် ဓာတ်ရောင်ခြည်ပေးမည့်နေရာကို လိုသလိုချိန်ညှိပါမည်။ ကုသမှုအစီအစဉ်တွင်ပါသည့်နည်းလမ်းအတိုင်း ဓာတ်ရောင်ခြည်ကိုပေးပါမည်။ ဓာတ်ကင်ခြင်းသည် ပျမ်းမျှအားဖြင့် ၂ မိနစ်မှ ၁၀ မိနစ်အထိကြာမြင့်၍ လူနာကိုပြင်ဆင်ခြင်းအပါအဝင် စုစုပေါင်းပြုလုပ်ချိန်သည် ၁၅ မိနစ်မှ ၂၅ မိနစ်အထိ ကြာမြင့်နိုင်ပါသည်။ ကင်ဆာအမျိုးအစားနှင့် ဆရာဝန်ရေးဆွဲထားသော ကုသမှုအစီအစဉ်အပေါ်မူတည်၍ ဓာတ်ကင်ခြင်းအား တစ်ပတ်လျှင် ၅ ကြိမ်ပြုလုပ်၍ စုစုပေါင်း ၅ ပတ် မှ ၈ ပတ်အထိ ကြာမြင့်နိုင်သည်။
 

ဖြစ်ပွားလေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ၎င်း တို့အားထိန်းချုပ်ကုသခြင်း

ဘေးထွက်ဆိုးကျိုး

ထိန်းချုပ်ကုသမှု

အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်း (သို့) ယားယံခြင်း

- အရေပြားကို တတ်နိုင်သလောက် လေရရှိရန် လှပ်ထားပါ။ သို့သော် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- အရေပြားကို ရေထိနိုင်ပါသည်။ သို့သော် နူးညံ့သော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်သင်ပါ။

- ဆပ်ပြာ၊ ရေမွှေး၊ ပေါင်ဒါ (သို့) အလှကုန်ပစ္စည်းများကို အရေပြားပေါ်တွင် အသုံးမပြုရပါ။ ဆရာဝန်မှပေးသော ဆေးကိုသာ လိမ်းရပါမည်။

ဆီးမကြာခဏသွားခြင်း (သို့) ဆီးသွားစဉ်နာကျင်ခြင်း

- ရေများများသောက်ပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်နည်းပါးသော အသီးဖျော်ရည်များ သောက်ပါ။

- ဆီးမအောင့်ထားပါနှင့်။

ဝမ်းသွားခြင်း (သို့) ဝမ်းသွားချင်သယောင်ဖြစ်နေခြင်း

- အမျှင်ဓာတ်နည်းပါးသောအစားများကို စားသုံးပါ။ အသီးအရွက်များနှင့် သစ်သီးများ အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။ လူနာသည် သေချာစွာ ချက်ပြုတ်ထားသည် အသီးအရွက်များနှင့် အလွန်မှည့်သော အသီးများကို သုံးဆောင်နိုင်ပါသည်။

- ကြော်ထားသောအစာများနှင့် ဆီများသောအစာများ၊ နို့ထွက်ကုန်များ၊ အရသာပြင်းသောအစာများနှင့် အရက် စသည်တို့ရှောင်ကြဉ်ပါ။

- ရေများများသောက်ပါ။

- အကယ်၍ ဝမ်းသွားခြင်းသည် ဆိုးရွားပါက ဆရာဝန်ကို ချက်ချင်းပြပါ။

ဓာတ်ကင်ပြီး ၂ ပတ်မှ ၄ ပတ်အတွင်း ဝမ်းသွားနည်းခြင်း

- ဝမ်းချုပ်ပါက (သို့) ဝမ်းမမှန်ပါက ဆရာဝန်ကို ပြသပါ။

မောပန်းခြင်း

- တတ်နိုင်သလောက် အနားယူပါ။

- အာဟာရဖြစ်သောအစာများကို စားသုံးပါ။

- စိတ်ဖိစီးမှုကို လျှော့ချပါ။

- ယေဘုယျအားဖြင့် ဓာတ်ကင်ခြင်း ပြီးဆုံးသည်နှင့် မောပန်းခြင်းသည် အလိုအလျောက် ပျောက်ကင်းသွားပါလိမ့်မည်။ အကယ်၍ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက ဆရာဝန်ကို ချက်ချင်းပြပါ။

မှတ်ချက် - လူနာတစ်ဦးချင်းစီအပေါ်မူတည်၍ ဓာတ်ကင်သည့်နေရာ၌ အခြားဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်သည်။ မေးမြန်းစရာ/သိလိုသည်များရှိပါက ကျေးဇူးပြု၍ လွှဲပေးသောဆရာဝန်နှင့် ဆွေးနွေးပါ။

ကုသမှုပေးနေစဉ်ကာလတွင် ဓာတ်ရောင်ခြည်အထူးကုသည် ကုသမှု၏ရလဒ်များကို အပတ်တိုင်းဆန်းစစ်ကာ ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်ပါက ထိန်းချုပ်ကုသမည်ဖြစ်သည်။ ထို့အပြင် လူနာများသည် သွေးစစ်ဆေးရန် လိုအပ်ပါမည်။ ဓာတ်ကင်ခြင်းမှရရှိသော ဘေးထွက်ဆိုးကျိုးများ လွန်စွာခံစားရသော လူနာများတွင် ဆရာဝန်၏ အကြံပေးချက်အပေါ်မူတည်၍ ကုသမှုကိုရပ်နားခြင်း (သို့) စောင့်ကြည့်ရန်အတွက်/ လက္ခဏာများအားကုသရန် ဆေးရုံတွင်တင်ထားပါမည်။

ဓာတ်ကင်၍ကုသခြင်းပြီးဆုံးသွားပါက အနည်းဆုံး ၂ ပတ်မှ ၃ ပတ်အထိ ယခင်ဓာတ်ကင်စဉ်က လိုက်နာခဲ့ရသော ညွှန်ကြားချက်များကို ဆက်လက်လိုက်နာသွားရပါမည်။ ကုသမှုပြီးဆုံးပြီး ၂ ပတ်မှ ၄ ပတ်အကြာတွင် ကုသမှု၏ရလဒ်များကို ပြန်လည်စစ်ဆေးရန် ဆရာဝန်သည် သင့်ကိုရက်ချိန်းပေးပါမည်။ ထိုရက်ချိန်းပြီးနောက် ကုသမှုအမျိုးအစားနှင့် ၎င်း၏ လုပ်ဆောင်ချက်အပေါ်မူတည်၍ ၁ လ တစ်ခါ၊ သို့မဟုတ် ၃ လတစ်ခါ ရက်ချိန်းပေးပါမည်။ ထိုနောက် ရက်ချိန်းများသည် ပိုဝေးလာကာ ၅ နှစ်အတွင်း ၄ လ တစ်ခါ၊ ၆ လ တစ်ခါ ဖြစ်လာပါမည်။ အကယ်၍ လူနာတွင် ၅ နှစ်နောက်ပိုင်း ရောဂါလက္ခဏာမပြတော့ပါက နောက်ထပ်ပြရန် ရက်ချိန်းကို ၁ နှစ် တစ်ခါချိန်းပါမည်။
 

Doctors Related

Related Centers

Related Packages

Rating score 10.00 of 10, based on 8 vote(s)

Related Health Blogs