bih.button.backtotop.text

မေးလေ့ရှိသောမေးခွန်းများ

Hospital FAQs
  • Q1

    ကျွန်ုပ်နှင့် အသင့်တော်ဆုံးဆရာဝန်ကို မည်သို့အကြံပြုပါမည်နည်း။

  • ရက်ချိန်းယူရန် စာမျက်နှာသို့သွား၍ ကျွန်ုပ်တို့အား အထူးကုရွေးချယ်ပေးရန် တောင်းဆိုပါက သင်တောင်းဆိုသော အထူးကုနယ်ပယ်၊ သင်ပေးသော သင်၏ဆေးမှတ်တမ်းများ၊ သင်အလိုရှိသော ရက်အပေါ်မူတည်၍ အကြံပြုရွေးချယ်ပေးသွားပါမည်။
    ကျွန်ုပ်တို့ ဆရာဝန်များ၏ ကိုယ်ရေးရာဇဝင်များကို ဆရာဝန်ရှာဖွေရန် ၌ ကြည့်ရှုနိုင်ပါသည်။
     
  • Q2

    ကျွန်ုပ်တွေ့ချင်သော ဆရာဝန်မရှိပါက မည်သို့ပြုလုပ်ရမည်နည်း။

  •  
    အခြား နယ်ပယ်တူအစားထိုးဆရာဝန်နှင့် တွေ့ဆုံရန် အကြံပေးပါမည်။ သို့မဟုတ်ပဲ သင်နှစ်သက်သော ဆရာဝန်နှင့်သာ တွေ့ဆုံလိုပါက ရက်ချိန်းပြောင်းရန် စဉ်းစားသင့်သည်။ Stanby သဘောဖြင့် ဆရာဝန်ထိုင်သည့်အချိန်ကို လာရောက်စောင့်စားခြင်းမျိုးလည်း ရနိုင်ပါသည်။
  • Q3

    နှစ်စဉ် ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် လူနာဦးရေမည်မျှ လာရောက်ကုသကြပါသနည်း။

  • ကျွန်ုပ်တို့သည် နှစ်စဉ် လူနာပေါင်း ၁.၁ သန်းဝန်းကျင် ကုသလျက်ရှိပြီး နေ့စဉ် ပြင်ပလူနာပေါင်းအယောက် ၃၀၀၀ ခန့် ကုသပေးလျက်ရှိသည်။ ၅၀% မှာ ထိုင်းလူမျိုးများဖြစ်ကာ ကျန် ၅၀% မှာ နိုင်ငံတကာမှ လာရောက်ကုသသော လူနာများဖြစ်ကြသည်။
     
  • Q4

    ပထမဆုံးလာရောက်သူများအတွက် ဆေးရုံတွင် မည်သည့်နေရာသို့ အရင်ဆုံး ဆက်သွယ်ရမည်နည်း။

  • သင်သည် ယခုမှ ပထမဆုံးလာရောက်ဖူးသောလူနာဖြစ်ပါက ဘမ်ရွန်ဂရက် ပြင်ပလူနာဌာနဆောင် ၁၀ ထပ်ရှိ စကိုင်းလော်ဘီ (သို့) ဘမ်ရွန်ဂရက်ဆေးရုံအဆောက်အဦး ၂ ထပ်တွင်  မှတ်ပုံတင်ရန်အတွက် ရက်ချိန်းယူထားသောအချိန်ထက် မိနစ် ၃၀ ကြိုတင်လာရပါမည်။ သင်လက်ရှိသောက်သုံးလျက်ရှိသော ဆေးဝါးများ (သို့) တိုင်းရင်းဆေးဝါးများကို ယူဆောင်လာပါ။
    အာမခံနှင့်ပတ်သက်၍ ကျွန်ုပ်တို့မှလက်ခံသော အာမခံကုမ္ပဏီများစာရင်းများ ကို ကျေးဇူးပြု၍ကြည့်ရှုပါ။ အသက် ၂၀ အောက်လူနာများအားလုံးသည် မိဘ (သို့) တရားဝင်အုပ်ထိန်းသူနှင့်တကွ လာရပါမည်။
     
  • Q5

    ဘန်ကောက်ရှိလေဆိပ်များသို့ ရောက်ရှိလာသောအခါ ဘမ်ရွန်ဂရက်ဆေးရုံသို့ မည်ကဲ့သို့ သွားနိုင်သနည်း။

    • သုဝဏ္ဏဘူမိလေဆိပ် (BKK) ရှိ ဆေးရုံ၏လေဆိပ်ကိုယ်စားလှယ်ရုံသို့ လေဆိပ်ရှိ ဘမ်ရွန်ဂရက်ကိုယ်စားလှယ်ရုံးသို့သွားရန်မြေပုံ ကို ကြည့်ကာ ရောက်ရှိနိုင်ပါသည်။
    • လေဆိပ်မှဆေးရုံသို့သွားရောက်လိုသော လူနာများအတွက် ဗန်ကားဝန်ဆောင်မှု ကို အခမဲ့စီစဉ်ပေးပါသည်။ ဗန်ကားသည် အချိန်ဇယားနှင့် ထွက်ခွာပါသည်။ ကျေးဇူးပြု၍ သင်၏လေယာဉ်ဆိုက်ချိန်နှင့် တွက်ဆပါ။ 
    • အငှားယာဉ် - မြေပုံ၊ လမ်းညွှန်နှင့် အငှားယာဉ်အချက်အလက်များ ကိုကြည့်ပါ။ အငှားယာဉ်များ မီတာဖွင့်မောင်းရန် သတိပြုပါ။
    • လေဆိပ်လီမူစင်း - လေဆိပ်ရှိ ကျွနု်ပ်တို့ရုံးကို ဆက်သွယ်ပါ။
    • ဒုံမောင်းလေဆိပ် (DMK) တွင် ဆေးရုံ၏လေဆိပ်ကိုယ်စားလှယ်ရုံးနှင့် ဗန်ကားဝန်ဆောင်မှု မရှိသေးပါ။ ဤလေဆိပ်မှ ပို့ဆောင်ရေးဝန်ဆောင်မှုရယူလိုပါက ကျွန်ုပ်တို့အား ကြိုတင်ဆက်သွယ်ပါ။ လေဆိပ်ကားငှားသည့် ကောင်တာတွင် တိုက်ရိုက်ငွေကြိုတင် ချေရမည်ဖြစ်ပါသည်။
  • Q6

    ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် မည်ကဲ့သို့သော ကျန်းမာရေးအာမခံမျိုး လက်ခံပါသနည်း။

  • အသေးစိတ်သိရှိနိုင်ရန် ကျွန်ုပ်တို့လက်ခံသောအာမခံများ ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။
  • Q7

    ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် လူနာ၏မိသားစုဝင်များ (သို့) မိတ်ဆွေများအတွက် တည်းခိုရန်နေရာ ရှိပါသလား။

  • ပုံမှန်အားဖြင့် ၁ ယောက်လူနာခန်းများတွင် ဆွေမျိုးတစ်ယောက်ကို အတူနေခွင့်ပြုသည်။ အနီးအနားရှိ ဟိုတယ်များတွင် တည်းခိုလိုပါက ကျွန်ုပ်တို့နှင့် စာချုပ်ချုပ်ထားသောဟိုတယ်များ ရှိပါသည်။ ဆေးရုံနှင့်စာချုပ်ချုပ်ထားသည့် သက်သာသောဈေးနှုန်းဖြင့်ရလိုပါက [email protected] သို့ သင်၏ခရီးစဉ်အား ကျေးဇူးပြ၍ပေးပို့ပါ။ 
    အပြည်ပြည်ဆိုင်ရာ အာမခံများမှ အသုံးပြုလေ့ရှိသော အနီးအနားရှိဟိုတယ်များ ကိုလည်း ကြည့်ရှုနိုင်ပါသည်။ (ဘမ်ရွန်ဂရက်သည် အဆိုပါအာမခံများနှင့် ပေါင်းစည်းထားခြင်းမရှိပါ။)
     
  • Q8

    ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် အကြွေးဝယ်ကဒ် လက်ခံပါသလား။

  • လက်ခံပါသည်။ ငွေရှင်းရာတွင် အကြွေးဝယ်ကဒ်/ဘဏ်ကဒ်တော်တော်များများ၊ ဘဏ်ရေးချက်လက်မှတ်၊ ဘဏ်မှငွေလွှဲခြင်း၊ အွန်လိုင်းမှပေးချေခြင်းနှင့် ငွေသား (ထိုင်းဘတ်ငွေသာ) များ စသည်ဖြင့် အသုံးပြုငွေချေနိုင်ပါသည်။ ကိုယ်တိုင်ရေး ချက်လက်မှတ်များ လက်မခံသည်ကို သတိပြုစေလိုပါသည်။ နိုင်ငံခြားငွေလဲသည့် ဝန်ဆောင်မှုများ ဆေးရုံအတွင်းနှင့် အနီးတဝိုက်ရှိ ဘဏ်များတွင်ရှိပါသည်။
     
     
  • Q9

    ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် မည်သည့်နေရာတွင်တည်ရှိပါသနည်း။ အနီးအနားတွင် မည်သည့်အရာများ ရှိပါသနည်း။

  • ကျွန်ုပ်တို့သည် ဆူကွန်ဗစ် ၃ လမ်းတွင်တည်ရှိကာ BTS မိုးပျံရထားဂိတ် ဖလုံချစ်နှင့် နာနာတို့၏အနီးတွင် တည်ရှိပါသည်။ ထင်ရှားသော ဟိုတယ်များ၊ သံရုံးများ၊ စားသောက်ဆိုင်များနှင့် ဈေးဝယ်စင်တာကြီးများစွာတို့နှင့် လမ်းလျှောက်သွားနိုင်သော အကွာအဝေးတွင် တည်ရှိပါသည်။ မြေပုံ၊ လမ်းညွှန်နှင့် အငှားယာဉ်အချက်အလက်များ
     
  • Q10

    ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် သက်တမ်းကုန်ဆုံးသွားသောဆေးဝါးများ (သို့) ဆေးဝါးအတုများကို မည်သို့ကိုင်တွယ်ဖြေရှင်းပါသနည်း။

  • JCI မှ တရားဝင်အသိအမှတ်ပြုထားသော ဆေးရုံဖြစ်သည့်အလျောက် ဆေးဝါးအတုများနှင့် သက်တမ်းကုန်ဆုံးပြီးဆေးဝါးများ အသုံးပြုခြင်းကို တင်းကျပ်စွာတားဆီးကိုင်တွယ်ပါသည်။ ကျွန်ုပ်တို့၏ ဆေးဝါးများသည် အရည်အသွေးအဆင့်အတန်းမြင့်မား၍ လူနာများအတွက် လိုအပ်သော အကျိုးသက်ရောက်မှုများရှိကြောင်း အာမခံပါသည်။
     
  • Q11

    ဘမ်ရွန်ဂရက်ဆေးရုံတွင် နိုင်ငံခြားသားဆရာဝန်များ ခန့်အပ်ပါသလား။

  • ကျွန်ုပ်တို့ဆေးရုံရှိ ဆေးကုသလျှက်ရှိသော ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များအားလုံးသည် ထိုင်နိုင်ငံသားများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံတွင် ဆရာဝန်များသည် ထိုင်းဘာသာဖြင့် ဆေးကုသရန်အတွက် ဆေးလိုင်စင်စာမေးပွဲ အောင်မြင်ရန် လိုအပ်ပါသည်။ သို့သော်လည်း ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုအမျိုးမျိုးနှင့်လူနာများကို ကျွန်ုပ်တို့မှ ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်နှင့် ၎င်းတို့အား အကူအညီအထောက်အပံ့များပေးရန် နိုင်ငံတကာဆရာဝန်များကို ညှိနှိုင်းဆွေးနွေး အတိုင်ပင်ခံများအနေဖြင့် ခန့်အပ်ထားပါသည်။
     
  • Q12

    မည်ကဲ့သို့သော အတွင်းလူနာခန်းများ ရှိပါသလဲ။

  • ၄ ယောက်ခန်းများ၊ ၁ ယောက်ခန်းများမှစ၍ ဧည့်ခန်းပါသော အထူးအခန်းများအထိ အတွင်းလူနာခန်း များစွာရှိပါသည်။ လူနာခန်းများအားလုံးသည် လူနာများ၏ သက်တောင့်သက်သာရှိမှုနှင့် ဘေးကင်းလုံခြုံမှုအတွက်ရည်ရွယ်ပြီး ပြင်ဆင်ထားပါသည်။ အသေးလေ့လာရန် အတွင်းလူနာခန်းများ တွင်ကြည့်ပါ။ 
     
  • Q13

    မေးခွန်း ၁။ ဘမ်ရွန်ဂရက်ဆေးရုံရှိဆရာဝန်မျာအားလုံးသည် နေရာတစ်ခုတည်းတွင် အလုပ်လုပ်ကြပါသလား။

  •  
    ဟုတ်ပါသည်။ ကျွန်ုပ်တို့တွင် သမားတော်များနှင့် ခွဲစိတ်ဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော်ရှိကာ တစ်နေရာထဲတွင် အထူးကုနှင့်အထူးကုဘာသာခွဲ စုစုပေါင်း ၅၅ ခုကျော်ရှိပါသည်။ အများစုမှာ အမေရိကန်အဖွဲ့အစည်း အသိအမှတ်ပြုဆရာဝန်များဖြစ်ကာ အခြားဆရာဝန်များသည်လည်း ဂျပန်၊ သြစတျေးလျ (သို့) အခြားဥရောပနိုင်ငံများမှ လေ့ကျင့်သင်ကြားလာခဲ့သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ အချို့အချိန်ပိုင်းဆရာဝန်များသည် ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးတက္ကသိုလ်များ၌ ပါမောက္ခများဖြစ်ကြသည်။
    ဘက်ပေါင်းစုံစုစည်းထားခြင်း၏ အကျိုးကျေးဇူးသည် ကျွန်ုပ်တို့လူနာများ၏ မည်သည့်ကျန်းမာရေး လိုအပ်ချက်အတွက်မဆို တစ်နေရာထဲတွင် ရရှိနိုင်ခြင်းဖြစ်သည်။
     
     
     
  • Q14

    ရက်ချိန်းမည်သို့ရယူနိုင်ပါသနည်း။

  • ရက်ချိန်းယူရန် သင်၏နိုင်ငံရှိ ကျွန်ုပ်တို့မှ နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများသို့ ဆက်သွယ်နိုင်သလို (သို့) ဆေးရုံသို့လည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ အလျှင်လိုသော ရက်ချိန်းများအတွက် ကျေးဇူးပြု၍ +၆၆၂ ၆၆၇ ၁၅၅၅ သို့ဆက်သွယ်ပါ။
     
  • Q15

    သင်တို့၏ဆရာဝန်များသည် မည်သည့်လိုင်စင်အမျိုးအစားနှင့် အရည်အသွေးများ ရှိကြသနည်း။

  • ဘမ်ရွန်ဂရက်ဆေးရုံရှိ ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များအားလုံးသည် ထိုင်းနိုင်ငံ ဆေးကောင်စီမှ ပေးအပ်သော ထိုင်းနိုင်ငံတွင်ဆေးကုသခွင့်လိုင်စင်ကို အပြည့်အဝရရှိထားသူများ ဖြစ်ကြသည်။ ထို့အပြင် အများစုမှာ အမေရိကား၊ သြစတေးလျ (သို့) အခြားဥရောပနိုင်ငံများ၏ အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသော ဆရာဝန်များဖြစ်ကြသည်။ ဘမ်ရွန်ဂရက်၏ ဆရာဝန်အရည်အသွေး သတ်မှတ်ခြင်းလုပ်ဆောင်မှုတွင် ဆရာဝန်တစ်ဦးစီ၏ပညာအရည်အချင်းအား ဆန်းစစ်ပြီး ၎င်းတို့၏ ကုသမှုနောက်ကြောင်းမှတ်တမ်းအား အရည်အသွေးနှင့်နည်းဥပဒေကော်မတီနှင့် ဆေးရုံ၏ဆေးဘက်ဆိုင်ရာ အမှုဆောင်ကော်မတီတို့မှ ဆန်းစစ်ခြင်းတို့ပါဝင်ပါသည်။ ထိုဆန်းစစ်မှုများကို ကျွန်ုပ်တို့ဆေးရုံသို့ ဆရာဝန်တစ်ဦး အလုပ်မဝင်ခင် ပြုလုပ်ရပါသည်။ ဆရာဝန်တစ်ဦးချင်းစီအတွက် ၃ နှစ် တစ်ကြိမ် ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ပါသည်။
    ကျွန်ုပ်တို့ဆရာဝန်များ၏ ပညာအရည်အချင်းနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးများကို ကျွန်ုပ်တို့၏ အင်တာနက် စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။ ဆရာဝန်၏ကိုယ်ရေးအချက်အလက်ကို ကျေးဇူးပြု၍ကြည့်ပါ။
     
  • Q16

    သင်တို့သည် မည်ကဲ့သို့သော အရည်အသွေးအဆင့်များဖြင့် ထိန်းသိမ်းထားပါသလဲ။

  • ဘမ်ရွန်ဂရက်သည် အမေရိကန်နိုင်ငံရှိဆေးရုံများအား ဆန်းစစ်ကာ အသိအမှတ်ပြုပေးနေသော အပြည်ပြည်ဆိုင်ရာအဖွဲ့ခွဲတစ်ခုဖြစ်သည့် JCI မှ အာရှ၌ ပထမဦးဆုံး အသိအမှတ်ပြုခံရသော ဆေးရုံကြီးဖြစ်သည်။ ၎င်းတို့၏လမ်းညွှန်ချက်များတွင် အဆင့်ပြညွှန်းကိန်း ၃၅၀ ကျော်ပါဝင်ကာ သုံးနှစ်လျှင်တစ်ကြိမ် ပြန်လည်ဆန်းစစ်ကာ အသိအမှတ်ပြုရန်လိုအပ်သည်။ ဘမ်ရွန်ဂရက်သည် ၂၀၀၂ ခုနှစ်တွင် JCI ၏ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခံရကာ ၂၀၀၅၊ ၂၀၀၈၊ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း ပြန်လည်ဆန်းစစ်ကာ အသိအမှတ်ပြုခံခဲ့ရပါသည်။ JCI နှင့်ပတ်သက်သော အချက်အလက်များကို www.jointcommissioninternational.org တွင်ထပ်မံဖတ်ရှုနိုင်ပါသည်။
    ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ထိုင်းနိုင်ငံ၏ ဆေးရုံများအရည်အသွေးတိုးတက်မှုနှင့် တရားဝင် အသိအမှတ်ပြုသည့်ဌာနမှ ဦးစီးဆောင်ရွက်သော ဆေးရုံများအား အသိအမှတ်ပြုပေးသည့် အစီအစဉ်မှလည်း အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ဘမ်ရွမ်ဂရက်ဆေးရုံကြီးသည် ၎င်းအစီအစဉ်မှ ၁၉၉၉ ခုနှစ်၌ တရားဝင်အသိအမှတ်ပြုခံခဲ့ရသော ထိုင်းနိုင်ငံ၏ ပထမဦးဆုံးဆေးရုံဖြစ်ကာ ၂၀၀၂ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် သုံးနှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်၍ ပြန်လည် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
     
  • Q17

    သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်များ၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များနှင့် ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်များသည် မည်ကဲ့သို့သော လေ့ကျင့်မှုများနှင့်လိုင်စင်များ ရှိရပါမည်နည်း။

  • ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်များ၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များနှင့် ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်များသည် စနစ်ကျမှန်ကန်သော လေ့ကျင့်မှုများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် လိုင်စင်စာမေးပွဲများ အောင်မြင်ရပါသည်။ သူနာပြုများသည် ၅ နှစ်လျှင် တစ်ကြိမ် ပြန်လည်ဆန်းစစ်အသိအမှတ်ပြုခံရကာ အထူးကြပ်မတ်ဆောင်သူနာပြုများသည် သက်ဆိုင်ရာ အထူးပြုနယ်ပယ်များတွင် ပိုမိုမြင့်မားသည့် လေ့ကျင့်မှုများ ရှိရမည်ဖြစ်သည်။ ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ဝန်ထမ်းများသည် လူနာများ၏ ဘေးကင်းလုံခြုံမှုအတွက် အမှားအယွင်းကင်းရန် အင်္ဂလိပ်ဘာသာ သင်တန်းများနှင့် ဝန်ဆောင်မှုနှင့်ကျွမ်းကျင်မှုတို့အား ပိုမိုတိုးတက်စေသည့် အစီအစဉ်များကို တက်ရောက်သင်ယူ လေ့လာရပါသည်။
     
  • Q18

    အထူးသဖြင့် ဆေးရုံကြီးတွင် နိုင်ငံတကာမှလူနာများအတွက် မည်ကဲ့သို့သော ဝန်ဆောင်မှုများ ထားရှိပေးထားပါသနည်း။

  • လူနာအားလုံးအတွက် ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေချောမွေ့မှုအတွက် ဝန်ဆောင်မှုများပေးပါသည်။ 
    • ဆေးဘက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခံဌာန - ထိုင်းနှင့် နိုင်ငံတကာမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ဆေးကုသမှုအတွက် စုံစမ်းမေးမြန်းခြင်း၊ ကုသမှုလုပ်ဆောင်ချက်များ၊  ဆရာဝန်များနှင့်တွေ့ဆုံခြင်းများအတွက် ညှိနှိုင်းစီစဉ်ပေးခြင်း၊ ဆရာဝန်နှင့် ပြန်လည်ပြသခြင်း၊ ရှေ့ဆက်ပြုလုပ်ရမည်များအတွက် ကူညီပြင်ဆင်ပေးခြင်းတို့ ဆောင်ရွက်ပေးနေပါသည်။
    • အပြည်ပြည်ဆိုင်ရာ လူနာလွှဲပြောင်းပို့ဆောင်ရေးဌာန - ဆေးကုသမှုအတွက် စုံစမ်းမေးမြန်းခြင်းကို ပြန်လည်ဖြေကြားရန် အထူးလေ့ကျင့်ထားသောဝန်ထမ်းများ ရှိပါသည်။ (နေ့စဉ် မေးမြန်းစာ ၅၀၀ မှ ၁၀၀၀ အတွက် ဆောင်ရွက်ပေးနေပါသည်။)
    • လေဆိပ်ရှိ ဘမ်ရွန်ဂရက်ကိုယ်စားလှယ်ရုံး - လေဆိပ်မှ ကျွန်ုပ်တို့၏ဆေးရုံဝန်ထမ်းများသည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသောလူနာများကို ကူညီရန်အသင့်ရှိနေပါသည်။ လေဆိပ်မှ ဆေးရုံကြီးသို့သွားရောက်မည့် လူနာများနှင့် မိသားစုဝင်များအတွက် ဗင်ကားဝန်ဆောင်မှု ပေးပါသည်။ လေဆိပ်ရှိ ဘမ်ရွန်ဂရက်ကိုယ်စားလှယ်ရုံးသို့သွားရန်မြေပုံ
    • စကားပြန်ဝန်ဆောင်မှု - ဘာသာစကားအမျိုးမျိုးပြောဆိုကြသည့် လူနာများကို ကူညီရန်အတွက် ဆေးရုံကြီး၌ နိုင်ငံတကာမှ အချိန်ပြည့်ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကို ခန့်အပ်ထားပါသည်။ ဆေးရုံရှိ စကားပြန်ဝန်ဆောင်မှုသည် အခမဲ့ဖြစ်ပါသည်။ နိုင်ငံခြားဘာသာစကားပြောဆိုသော စကားပြန်များ ရယူရန် ကျွနု်ပ်တို့၏ လူနာဝန်ဆောင်မှုသို့ ကြိုတင်ဆက်သွယ်ပါ။ ဝန်ဆောင်မှုပေးသောဘာသာစကားများစာရင်း
    • ခရီးသွားခြင်းနှင့် ဗီဇာဝန်ဆောင်မှု - ဤဝန်ဆောင်မှုသည် ဘမ်ရွန်ဂရက်၌ ဆေးကုသမှုခံယူနေစဉ် ရောက်ရှိနေသာ လူနာနှင့် မိသားစုဝင်များအတွက် ခရီးသွားရန်လိုအပ်လျှင် စီစဉ်ပေးသော ဝန်ဆောင်မှုဖြစ်သည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ဘမ်ရွန်ဂရက်သို့ တစ်ပတ်လျှင်တစ်ခါ လာရောက်၍ ဆရာဝန်၏ထောက်ခံစာရှိသော လူနာနှင့် မိသားစုဝင်များအတွက် ဗီဇာသက်တမ်းတိုးပေးပါသည်။ Business Center ၏ဝန်ဆောင်မှုများ
    • နိုင်ငံတကာရှိ ကိုယ်စားလှယ်ရုံးများ* - ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ကိုယ်စားလှယ်ရုံးပေါင်း ၃၂ ခုရှိကာ ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် လာရောက်လိုသော လူနာများအတွက် အကူအညီများနှင့် လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ပေးပါသည်။ (*ဘမ်ရွန်ဂရက်ဆေးရုံကြီးနှင့် တွဲဖက်လုပ်ကိုင်သော သီးခြားတည်ရှိသည့် ရုံးများ)
    အခြားရရှိနိုင်သောဝန်ဆောင်မှုများ - 
    ဆေးရုံအတွင်းရှိဘဏ်နှင့် ငွေလဲခြင်း၊ ဘုရားရှိခိုးခန်း၊ အိုဘွန်ပန်း မုန့်ဆိုင်၊ မက်ဒေါ်နယ်ဆိုင်၊ စတားဘတ်စ် ကော်ဖီဆိုင်၊ စားသောက်ကန်တင်း၊ စာအုပ်ဆိုင်၊ ပန်းဆိုင်၊ စာတိုက်များအပြင် ကားရပ်နားရန်နေရာများ၊ BTS မိုးပျံရထားဂိတ်သို့ ပို့ဆောင်ပေးသည် ဗန်ကားဝန်ဆောင်မှုနှင့် အနီးအနားရှိ စာချုပ်ချုပ်ထားသော ဟိုတယ်များတွင် လျှော့ဈေးရနိုင်ခြင်းတို့ဖြစ်သည်။
    ကျွနု်ပ်တို့ဆေးရုံသည် BTS မိုးပျံရထားဂိတ်၊ စတိုးဆိုင်များ၊ နိုင်ငံတကာစားသောက်ဆိုင်များ (ဟာလာနှင့် သက်သတ်လွတ်အပါအဝင်) သို့ လမ်းလျှောက်သွားနိုင်သော အကွာအဝေးတွင် ရှိပါသည်။
     
  • Q19

    အဘယ်ကြောင့် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် အပြည်ပြည်ဆိုင်ရာမှ လူနာများကြားတွင် လူသိများရေပန်းစားသနည်း။ (ခရီးသွားဆေးကုခြင်း)

  • ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉၀ ကျော်မှ လူနာပေါင်း ၅၅၀၀၀၀ သည် ပြင်ပလူနာ၊ အတွင်းလူနာများအဖြစ် လာရောက်ကုသမှုများ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။
     
  • Q20

    အန္တရာယ်ရှိနိုင်သော ဆေးဝါးများနှင့် ဆေးအချင်းချင်းဓာတ်ပြုမှုများကို ဆေးရုံမှ မည်သို့ကာကွယ်ထိန်းချုပ်ပါသနည်း။

  • အဆိုပါဖြစ်ရပ်များကို စောင့်ကြည့်ကာကွယ်ရန် ကျွန်ုပ်တို့ ယခုလက်ရှိအသုံးပြုနေသော ဆော့ဖ်ဝဲယားမှာ First Databank (အပြည်ပြည်ဆိုင်ရာ ဆေးဝါးအချက်အလက်များသိုလှောင်ရာနေရာ) ဖြစ်ပါသည်။ ၎င်းကို ၁ နှစ် လျှင် ၄ ကြိမ် အဆင့်မြှင့်ပါသည်။ 
     
     
  • Q21

    နိုင်ငံတကာ ကိုယ်စားလှယ်ရုံးဆိုသည်မှာ ဘာဖြစ်ပါသနည်း။ မည်ကဲ့သို့သော ဝန်ဆောင်မှုများ ပေးပါသနည်း။

  • ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးနှင့် တွဲဖက်လုပ်ကိုင်သော သီးခြားတည်ရှိသည့် ရုံးများဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ကိုယ်စားလှယ်ရုံးပေါင်း ၃၂ ခုတည်ရှိပါသည်။ ကိုယ်စားလှယ်ရုံးများသည် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများနှင့် ခရီးသွားရန်နှင့်ပတ်သက်သော အချက်အလက်များကို သင့်ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ကိုယ်စားလှယ်ရုံးများမှပေးသော ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အခကြေးငွေ ထပ်မံပေးရန်မလိုအပ်ပါ။
     
  • Q22

    နိုင်ငံတကာမှလူနာများသည် ဆရာဝန်များ၊ ဆေးရုံဝန်ထမ်းများနှင့် မည်သို့ ပြောဆိုဆက်ဆံကြသနည်း။

  • ဆေးရုံကြီးတွင် အင်္ဂလိပ်ဘာသာစကားကို ကျယ်ပြန့်စွာပြောဆိုကြပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအားလုံးနှင့် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံခြားဘာသာစကားများကို ပြောဆိုသောလူနာများအား ကူညီရန် ဘာသာစကား တော်တော်များများအတွက် စကားပြန် ၁၀၀ ကျော်ကိုလည်း ခန့်အပ်ထားပါသည်။ အဆိုပါဘာသာစကားများထဲမှ အချို့မှာ - မြန်မာ၊ ကမ္ဘောဒီးယား၊ အာရေဗျ စသည်တို့ဖြစ်သည်။ မေးခွန်း ၁၁ တွင် ထပ်မံဖတ်ရှုပါ။
     
  • Q23

    ဆေးကုသစရိတ်များသည် ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားဟူ၍ ကွဲပြားမှုရှိပါသလား။

  • ကွဲပြားမှုမရှိပါ။ ဆေးရုံကြီးတွင် ဈေးနှုန်းတစ်မျိုးတည်းစနစ်သာ ရှိသည်။ မည်သည့်နိုင်ငံသားလူနာများမဆို ဈေးနှုန်းနှင့် အရည်အသွေး အဆင့်အတူတူသာ ဖြစ်ပါသည်။
     
  • Q24

    ဆေးရုံကြီးသည် ကုသမှုအတွက် ခန့်မှန်းဈေးနှုန်း တွက်ချက်ပေးပါသလား။

  • ဘမ်ရွန်ဂရက်၏ ဝက်ဘ်ဆိုက်တွင် ကုသမှုအတွက် ကျသင့်နိုင်သည့် ဈေးနှုန်းအမှန် ကို ကြည့်ရှုနိုင်ပါသည်။ ပြင်ပလူနာအဖြစ်ကုသခြင်း (သို့) အတွင်းလူနာအဖြစ်ကုသခြင်းတို့၏ စုစုပေါင်းခန့်မှန်းဈေးနှုန်းတွင် ခွဲစိတ်ခ၊ ဆရာဝန်ခ၊ ဓာတ်ခွဲစစ်ဆေးခ၊ ဆေးဝါးခနှင့် အခန်းခများ ပါဝင်သည်။ ကုသမှုပေါင်း ၄၀ ကျော်တို့၏ ခန့်မှန်းဈေးနှုန်းများကို အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
     
  • Q25

    လေဆိပ်ရှိဆိုက်ရောက်ဂိတ်တွင် စောင့်ကြိုပေးသည်ဝန်ဆောင်မှုရှိပါသလား။

  • သုဝဏ္ဏဘူမိလေဆိပ် (BKK) တွင်သာ ရှိပါသည်။ ကျေးဇူးပြု၍ သင်၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် လူနာအချက်အလက်များကို ကျွန်ုပ်တို့အား ရောက်မည့်ရက်မတိုင်မီ ကြိုတင်ပေးရပါမည်။ ဝန်ဆောင်ခ ထပ်မံကျသင့်ပါမည်။
     
     
  • Q26

    သွေးသွင်းခြင်းနှင့်ပတ်သက်၍ မည်သည့်လုံခြုံစိတ်ချရမှု အဆင့်အတန်းများ ရှိပါသနည်း။

  • ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းအဖွဲ့နှင့် လခြမ်းနီလူမှုအဖွဲ့အစည်းမှ ထောက်ပံ့ပေးသောသွေးကိုသာ အသုံးပြုပါသည်။ ကြက်ခြေနီအကြောင်းကို www.ifrc.org/en/what-we-do-health/blood-services/ တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ 
     
 

Clinics & Centers